The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၄ ခုနှစ် ၊ မတ်လ (၂၂) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး (စက်/လျှပ်) များ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်း ဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီး ဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာန အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြ ပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ဖွင့်လှစ်သော သင်တန်းသည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင် နေကြသော ဒု-ဦးစီးမှူး(စက်/လျှပ်) (၅၀)ဦးတို့ကို စာတွေ့/လက်တွေ့၊ လေ့လာရေး ခရီးစဉ်များ နှင့်အတူ (၂)ပတ်ကြာ ဖွင့်လှစ်ပို့ချပေးခဲ့သည့် သင်တန်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကာလတိုအတွင်း အရာအားလုံးပြည့်စုံစွာ သိရှိနိုင်မည်မဟုတ်သော်လည်း လက်တွေ့ လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်စေရန် အဓိကလိုအပ်သော ဓာတ်အားခွဲရုံ၊ ဓာတ်အား လိုင်းဆိုင်ရာ အခြေခံ အသိပညာ၊ အတတ်ပညာ အားလုံးကိုခြုံငုံ၍ အတွေ့အကြုံရှိ အင်ဂျင် နီယာများမှ ပို့ချပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းမှသင်ကြားပို့ချခဲ့သည်များကို အခြေခံ၍ နည်းပညာဆိုင်ရာ စာအုပ်များကိုလေ့လာပြီး အတွေ့အကြုံရှိ အင်ဂျင်နီယာများနှင့် ပူးတွဲဆောင် ရွက်ကြခြင်းဖြင့် မိမိတို့၏ လုပ်ကိုင်နိုင်စွမ်းနှင့် ကျွမ်းကျင်မှုကို ဖန်တီးတည်ဆောက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့တတ်စွမ်းသမျှ အင်အားစွမ်းရည်အပြည့်အဝသုံး၍ လုပ်ငန်းအောင်မြင် ပြီးမြောက်ရေး ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို မျက်ခြေမပျက်လေ့လာ၍ စည်းစနစ်ကျနစွာ ပြုမူနေထိုင်ကြရန်လိုကြောင်း၊ သက်ဆိုင်ရာ ဘာသာရပ်များကို အသေးစိတ် သိရှိရန် သီးသန့်သင်တန်းများ ဆက်လက်စီစဉ် ပေးသွားမည်ဖြစ်ပြီး သင်တန်းသားများ အနေဖြင့်    ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးတို့ကို စိတ်ကောင်း စေတနာအပြည့်ဖြင့် စွမ်းစွမ်းတမံကြိုးစားအားထုတ် ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အလေးထား ဆက်လက်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းတို့အားမှာကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆု  ရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ၎င်းနောက် လျှပ်စစ်ဓာတ်အားပို့လွှတ် ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းလက်မှတ်များအား သင်တန်းသား များထံ အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းဆင်းပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနအကြီးအကဲ များသည် သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
22-Mar-2024