The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိူးသိန်းကျော် တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင်ကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၄) (XIII International Forum ATOMEXPO 2024 ) ပထမနေ့သို့ တက်ရောက်လေ့လာခဲ့သည့်သတင်း

                                    

နေပြည်တော်၊ မတ်လ (၂၆)ရက် 

   ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးသစ်လင်းအုန်းနှင့် တာဝန်ရှိသူ များနှင့်အတူ မတ်လ ၂၅ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင် ကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ် တီထွင်မှုဖိုရမ်(၂၀၂၄) (XIII International Forum ATOMEXPO 2024 ) ပထမနေ့ အခမ်းအနားသို့တက်ရောက်ခဲ့ကြပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးများဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တက်ရောက်လာကြသူများနှင့်အတူ (၁၃)ကြိမ်မြောက် နျူကလီးယား နည်းပညာ အခြေခံသည့်ဆန်းသစ်တီထွင်မှုဖိုရမ်(၂၀၂၄) (XIII International Forum ATOMEXPO 2024)တွင် ခင်းကျင်းပြသထားသည့် နိုင်ငံတကာမှနျူကလီးယားနှင့် ပတ်သက် ဆက်စပ်သောပြခန်းများအား လိုက်လံကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည်(၁၃)ကြိမ်မြောက် နျူကလီးယား နည်းပညာ အခြေခံသည့်ဆန်းသစ်တီထွင်မှုဖိုရမ်(၂၀၂၄) (XIII International Forum ATOMEXPO 2024) ဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း၊ ၂၀၂၄ ခုနှစ် ဖိုရမ်၏ အဓိက မျက်နှာစုံညီအစည်းအဝေး( Plenary Session ) တွင်  "သန့်ရှင်းသော စွမ်းအင်- အနာဂတ်ကို အတူတကွ ဖန်တီးခြင်း" ခေါင်းစဉ်ဖြင့်ဆွေးနွေးမှုများအား တက်ရောက် ခဲ့ကြပါသည်။

   ၎င်းနောက် နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည်  NovaWind JSC ကုမ္ပဏီမှ Director General - Grigory Nazarov ဖြင့် မြန်မာနိုင်ငံအတွင်း ရင်နှီးမြှုပ်နှံဆောင်ရွက်မည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ဖြစ်သောလေအားနှင့်အသေးစား ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ပတ်သက်၍ လည်းကောင်း၊ JSC Rusatom Energy Projects ကုမ္ပဏီမှ Director General- Andrey Rozhdestvin ဖြင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်၍ လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။

   (၁၃)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၄) (XIII International Forum ATOMEXPO 2024 ) သည် ခေတ်မီနျူကလီး ယားစွမ်းအင်လုပ်ငန်း၏ ကဏ္ဍပေါင်းစုံနှင့် ၎င်း၏နောက်ထပ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကဏ္ဍများကိုဆွေးနွေးရန်ဖြစ်ပြီး ကမ္ဘာ့နျူကလီးယားစွမ်းအင်လုပ်ငန်းမှ ခေါင်းဆောင် များ၊ နိုင်ငံတကာကိုယ်စားလှယ်များ၊ ရုရှားနှင့် နိုင်ငံခြားကုမ္ပဏီများ၊ နျူကလီးယား နယ်ပယ်မှအဓိကကျွမ်းကျင်သူများပါဝင်ခဲ့ကြပါသည်။ အစဉ်အလာအားဖြင့် ဖိုရမ်အစီ အစဉ်သည် နိုင်ငံတကာကွန်ဂရက်တစ်ခုနှင့် နျူကလီးယားနှင့် ဆက်စပ်စက်မှု လုပ်ငန်း များအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ ထုတ်လုပ်ရောင်းချသူများမှ ခင်းကျင်း ပါ၀င်ပြသကြကြောင်းနှင့် ကမ္ဘာ့နျူကလီးယားလုပ်ငန်း၏ ဆိုင်းငံ့ထားသော ပြဿနာ များအား ဆွေးနွေးရန်ရည်ရွယ်သည့် နိုင်ငံတကာညီလာခံ တစ်ခုဖြစ်ကြောင်း သတင်း ရရှိပါသည်။

Post under by : ဝန်ကြီးရုံး
26-Mar-2024