The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ဒေါက်တာမျိူးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosatom ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev နှင့် တွေ့ဆုံဆွေးနွေးမှုသတင်း

နေပြည်တော်၊ မတ်လ (၂၇) ရက် 

   ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် မတ်လ ၂၆ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ Sochi မြို့၌ ကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက် နျူကလီးယားနည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ်(၂၀၂၄) (XIII International Forum ATOMEXPO 2024) ဒုတိယနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် (၁၃)ကြိမ်မြောက် နျူကလီးယား နည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ်(၂၀၂၄) (XIII International Forum ATOMEXPO 2024) ၏ ခန်းမ ၆ ၌ ပြုလုပ်သော မျက်နှာစုံညီအစည်းအဝေး(Plenary Session)  “SMR Opportunities and Challenges” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများအား တက်ရောက်ခဲ့ကြပါသည်။

   နေ့လည်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်တို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများနှင့်အတူ Rosatom ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev နှင့် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသော လေအား၊ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဆောင်ရွက်နေမှုတို့အား ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် မျက်နှာစုံညီအစည်းအဝေး (Plenary Session)  “Nuclear Infrastructure: nuclear project drivers” သို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။        

Post under by : ဝန်ကြီးရုံး
27-Mar-2024