Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Mar 15 Posted Under: Ministry News

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

နေပြည်တော်

စီဂျီအို Coker Gas Oil ရောင်းချရန် ကြေငြာခြင်း

၁။           မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကြီးကြပ်မှုအောက်ရှိ ရန်ကုန်တိုင်းဒေသကြီး ၊ သန်လျင်မြို့နယ်တွင် တည်ရှိသော အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်) မှ စီဂျီအို Coker Gas Oil များကို တစ်ဂါလံလျှင် ၂,၃၄၀ ကျပ် (ကျပ်နှစ်ထောင့်သုံးရာ လေးဆယ်တိတိ) နှုန်းဖြင့် ၂၀၁၇ ခုနှစ် ၊ မတ်လ အတွင်း လွတ်လပ်စွာ ရောင်းချမည်ဖြစ်ပါ၍ မည်သူမဆို လျှောက်ထားဝယ်ယူနိုင်ပါသည်။

၂။           လျှောက်ထားဝယ်ယူသူသည် အနည်းဆုံး စီဂျီအို ဂါလန် ၁၀၀,၀၀၀ (တစ်သိန်းဂါလန်တိတိ ) အား လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူရမည်။

၃။           ဝယ်ယူသည့် ပမာဏ အနည်းအများအလိုက် အောက်ဖော်ပြပါ သတ်မှတ်ရက်များအတွင်း ပြီးစီးအောင် မိမိအစီအစဉ်ဖြင့် ထုတ်ယူရမည်-

             (က) စီဂျီအို ဂါလန် ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ သတ်မှတ်ရက်(၁၄)ရက်
             (ခ) စီဂျီအို ဂါလန် ၂၀၀,၀၁၀ မှ ၃၀၀,၀၀၀ အထိ သတ်မှတ်ရက်(၂၀)ရက်
             (ဂ) စီဂျီအို ဂါလန် ၃၀၀,၀၀၁ မှ ၅၀၀,၀၀၀ အထိ သတ်မှတ်ရက်(၂၅)ရက်
             (ဃ) စီဂျီအို ဂါလန် ၅၀၀,၀၀၁ မှ အထက် သတ်မှတ်ရက်(၃၀)ရက်

၄။           ဝယ်ယူသူသည် မိမိဝယ်ယူသည့် ပမာဏကို တစ်လုံးတစ်ခဲတည်း ငွေပေးသွင်းထုတ်ယူရပါမည်။

၅။           ဝယ်ယူလိုသူသည် လုပ်ငန်းရုံးချုပ်၊ နေပြည်တော်၊ ရုံးအမှတ် (၄၄) သို့လည်းကောင်း၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ဘဏ္ဍာရေးဌာန(ရန်ကုန်ရုံးခွဲ)၊ ၇(က) သံလျက်စွန်းလမ်း၊ လင်းစဒေါင်း၊ ဗိုလ်တထောင်မြို့နယ်သို့လည်းကောင်း ၊ အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်) သို့လည်းကောင်း တိုက်ရိုက်လိပ်မူလျှောက်ထား၍ ငွေပေးသွင်းဝယ်ယူနိုင်ပါသည်။

၆။           အသေးစိတ်အချက်အလက်များအား မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုဌာန၊ ဖုန်း ၀၆၇ - ၄၁၁၀၈၂ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ၊ ဘဏ္ဍာရေးဌာန (ရန်ကုန်ရုံးခွဲ) ၊ ဖုန်း ၀၁ - ၃၉၇၈၁၂ နှင့် အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ဖုန်း ၀၉ - ၅၀၄၁၆၈၁ ၊ ၀၉ - ၅၀၃၉၀၄၇ ၊ ဖုန်း ၀၁- ၅၀၁၈၁၃၇ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

ရုံးအမှတ် (၄၄) ၊ နေပြည်တော်

PREVIOUS POST   -   NEXT POST

Published: Aug 11 Posted Under: Ministry News

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောက်ရွက်မည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းတွင် အသုံးပြုရန် Insulators and Related Fitting များ ဝယ်ယူရန်အတွက် သတ်မှတ်စံချိန်စံညွှန်းများ ထုတ်ပြန်ကြေငြာခြင်း

Published: Jul 28 Posted Under: Ministry News

ပုထိုးလုံ-ကျော ၆ လက်မပိုက်လိုင်း ၈.၂၅မိုင် ဆက်သွယ်ခြင်းလုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများဝယ်ယူရန် အိတ်ဖွင့်တင်ဒါတွင် တင်ပြရမည့် အချက်အလက်များနှင့် စည်းကမ်းချက်များ အသိပေးထုတ်ပြန်ခြင်း