Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Mar 15 Posted Under: Ministry News

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

နေပြည်တော်

ဆီပြာ Blue Oil ရောင်းချရန် ကြေငြာခြင်း

၁။                   မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် တည်ရှိသော အမှတ် (၂) ရေနံချက်စက်ရုံ (ချောက်) မှ ထုတ်လုပ်သည့် ဆီပြာ Blue Oil များကို တစ်ဂါလန်လျှင် ၁,၉၀၀ ကျပ် (ကျပ်တစ်ထောင့်ကိုးရာ တိတိ) နှုန်းဖြင့် ၂၀၁၇ ခုနှစ် ၊ မတ်လအတွင်း လွတ်လပ်စွာ ရောင်းချမည်ဖြစ်ပါ၍ မည်သူမဆို လျှောက်ထားဝယ်ယူနိုင်ပါသည်။

၂။                   လျှောက်ထားဝယ်ယူသူသည် အနည်းဆုံး ဆီပြာ ဂါလန် ၃,၀၀၀ (သုံးထောင်ဂါလန်တိတိ) အား လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူရမည်။ 

၃။                   ဝယ်ယူသည့် ပမာဏ အနည်းအများအလိုက် အောက်ဖော်ပြပါ သတ်မှတ်ရက်များအတွင်း ပြီးစီးအောင် မိမိအစီအစဉ်ဖြင့် ထုတ်ယူရမည်-

                       (က) ဆီပြာဂါလန်  ၃,၀၀၀ မှ ၁၀,၀၀၀ အထိ သတ်မှတ်ရက် (၁၄) ရက်
                       (ခ) ဆီပြာဂါလန်  ၁၀,၀၀၁ မှ ၅၀,၀၀၀ အထိ သတ်မှတ်ရက် (၂၀) ရက်
                       (ဂ) ဆီပြာဂါလန်  ၅၀,၀၀၁ မှ ၁၀၀,၀၀၀ အထိ သတ်မှတ်ရက် (၂၅) ရက်
                       (ဃ) ဆီပြာဂါလန်  ၁၀၀,၀၀၁ မှ အထက် သတ်မှတ်ရက် (၃၀) ရက်

၄။                   ဝယ်ယူသူသည် မိမိဝယ်ယူသည့် ပမာဏကို တစ်လုံးတစ်ခဲတည်း ငွေပေးသွင်း ထုတ်ယူရပါမည်။

၅။                   ဝယ်ယူလိုသူသည် လုပ်ငန်းရုံးချုပ်၊ နေပြည်တော်၊ ရုံးအမှတ် (၄၄) သို့ လည်းကောင်း၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ဘဏ္ဍာရေးဌာန (ရန်ကုန်ရုံးခွဲ)၊ ၇(က) သံလျက်စွန်းလမ်း၊ လင်းစဒေါင်း၊ ဗိုလ်တထောင်မြို့နယ်သို့လည်းကောင်း၊ အမှတ်(၂) ရေနံချက်စက်ရုံ (ချောက်) သို့လည်းကောင်း တိုက်ရိုက်လိပ်မူလျှောက်ထား၍ ငွေပေးသွင်းဝယ်ယူနိုင်ပါသည်။

၆။                   အသေးစိတ်အချက်အလက်များအား မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုဌာန၊ ဖုန်း ၀၆၇ - ၄၁၁၀၈၂ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ဘဏ္ဍာရေးဌာန (ရန်ကုန်ရုံးခွဲ) ၊ ဖုန်း ၀၁ - ၃၉၇၈၁၂ နှင့် အမှတ် (၂) ရေနံချက်စက်ရုံ (ချောက်) ၊ ဖုန်း ၀၆၁- ၂၀၀၁၈၇ ၊ ၀၆၁ - ၂၀၀၁၈၆ နှင့် ၀၉ - ၂၃၀၅၁၃၃ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။ 

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

ရုံးအမှတ်(၄၄)၊ နေပြည်တော်

PREVIOUS POST   -   NEXT POST

Published: Dec 11 Posted Under: Ministry News

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေးသည့်သတင်း နေပြည်တော်၊ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၈)ရက်

Published: Nov 10 Posted Under: Ministry News

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ဖြည့်တင်းပြီး ရေနံဓာတ်ငွေ့ရည်ဆလင်ဒါများ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင် (ဃ) နှင့် (င) အသစ်လျှောက်ထားခြင်းနှင့် လိုင်စင်ရရှိထားသူများ သက်တမ်းတိုးရန် နှိုးဆော်ခြင်း

Published: Nov 06 Posted Under: Ministry News

ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)နှင့် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်များ (အလုံ၊ အင်းစိန်၊ ဒဂုံ) မှ ရေနံဓာတ်ငွေ့ရည်ဝယ်ယူခြင်းနှင့်ပစ္စည်းများ ငှားရမ်းခြင်းတို့နှင့်ပတ်သက်၍ အသိပေးကြေညာခြင်း

Published: Nov 04 Posted Under: Ministry News

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ၆၆ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တောဓာတ်အားလိုင်းနှင့် ၆၆ကေဗွီဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းမျာ