Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Dec 19 Posted Under: Ministry News

နေပြည်တော် ၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၆  ရက်

          ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပါသည်။    

          ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊  မရမ်းကုန်း မြို့နယ်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပို ရေးရှင်း ၊ စိန်ပန်းမြိုင်ဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး 66/ 33/ 6.6 kV Sub-Station  နှင့်  Control Room တို့အား ကြည့်ရှုစစ်ဆေးပါသည်။

          ထို့နောက် ဓာတ်အားခွဲရုံ ရှင်းလင်းဆောင်တွင် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းမှ အထွေထွေမန်နေဂျာ ဦးသန့်စင် က စိန်ပန်းမြိုင်ဓာတ်အားခွဲရုံ အခြေအနေ ၊ ဓာတ်အားဖြန့်ဖြူးမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ ဖြည့်စွက် ရှင်းလင်းတင်ပြပါသည်။ တင်ပြချက်တို့အပေါ် ပြည်ထောင်စုဝန်ကြီးမှ သိလိုသည်များ မေးမြန်း ဆွေးနွေးပြီး ရန်ကုန်မြို့လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးအတွက် ဘက်ပေါင်းစုံမှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားပါသည်။

          လျှပ်စစ်ဓာတ်အားလက်ခံဖြန့်ဖြူးမှုအနေဖြင့် သာကေတဓာတ်အားလိုင်း အမှတ်(၁) နှင့် အမှတ်(၂)တို့ဖြင့်  66 kV ဓာတ်အားလိုင်းမှ ဓာတ်အားလက်ခံ ရယူပြီး 66/ 33  kV, 30 MVA ထရန်စဖော်မာ အမှတ်(၁)နှင့် အမှတ်(၂)တို့ဖြင့်  33 kV   သို့ ဗို့အားလျော့ချပြီး  အာအိုင်အာခွဲရုံ ၊ ကမ္ဘာအေးခွဲရနှင့်   10  MVA  ထရန်စဖော်မာဖီဒါများသို့ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးလျက်ရှိ ပါကြောင်း။

          လှော်ကားအဝင် AA ၊ AB   ဓာတ်အားလိုင်း(၂)လိုင်းဖြင့် 33 kV ဓာတ်အား လက်ခံ ပြီး (၁၀)မိုင် ဖီဒါနှင့် မရမ်းကုန်းခွဲရုံအတွက်   AA ၊ AB   ဖီဒါများဖြင့်  ဓာတ်အားဖြန့်ဖြူးပေး လျက်ရှိပါကြောင်း၊    33/ 6.6 kV ,10 MVA   ထရန်စဖော်မာမှတစ်ဆင့်    6.6  kV     ဓာတ်အား လိုင်းများကို  ဆက်သွယ်ရေး + ကမ္ဘာအေးဗီလာဖီဒါ ၊ ပါရမီဖီဒါ ၊သဇင်ရုံ ဖီဒါ ၊(၁၀)မိုင်ဖီဒါ ၊ ရေစက် + ရှေ့နေချုပ်ဖီဒါများကို ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါသည်။

          ဗို့အားတည်ငြိမ်မှု ရှိစေရန်နှင့် ပါဝါဖက်တာကိန်း ကောင်းမွန်စေရန်အတွက် 33 kV Bus -Bar  တွင်   6 MVAR  Capacitor Bank တပ်ဆင်ထားရှိကာ ဓာတ်အားဖြန့်ဖြူးရေး စနစ်အား   GIS   စနစ်သို့ ပြောင်းလဲရန် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်တည်ဆောက် ကာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင်  GIS  စနစ်ဖြင့် တိုးခဲ့ဓာတ်အားလက်ခံဖြန့်ဖြူးပေးနိုင်ခဲ့ပြီး    GIS  စနစ်တွင်    Line (၇)လိုင်း နှင့်  Transformer  (၄) ဖီဒါပါရှိပြီး၊ 66/11/6.6 kV , 30 MVA  Transformer (၁) လုံးဖြင့် 33/6.6 kV , 10 MVA  Transformer  အား အစားထိုး တပ်ဆင်ကာ လက်ရှိတွင် GIS ဖီဒါမှ တောင်ကမ္ဘာအေးခွဲရုံသို့  66 kV ဖြင့် ထပ်မံဖြန့်ဖြူးလျက် ရှိပါသည်။

          ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် 33 kV (၁၀)မိုင်၊ YCDC (၁၂)မိုင် လိုင်းသွယ်တန်းထားရှိသည့် နေရာသို့ရောက်ရှိပြီး တာဝန်ရှိသူများမှ ဓာတ်အားလိုင်းသွယ်တန်း ထားသည့် လုပ်ငန်းများနှင့့်ပတ်သက်၍ မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ ဖြည့့်စွက် တင်ပြပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက် များ မှာကြားပြီး 33 kV (၁၀)မိုင် နှင့် YCDC (၁၂)မိုင်လိုင်းသွယ်တန်း ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း၊ အလုံဓာတ်အားပေးစက်ရုံသို့ရောက်ရှိပြီး Toyo Thai Power Myanmar Co.,Ltd ၏ (121 MW) ဓာတ်အားပေးစက်ရုံ Control Room နှင့် စက်ရုံအတွင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ပါသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း၊ အလုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသို့ရောက်ရှိပြီး ဓာတ်အားပေးစက်ရုံ Control Room မှ တစ်ဆင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ ဓာတ်အား ထုတ်လုပ်နေမှုနှင့် စက်ရုံအတွင်း စက်များစွမ်းအားပြည့်လည်ပတ်နေမှုတို့ကို ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

PREVIOUS POST   -   NEXT POST

Published: Dec 24 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံဒေသတွင် ဆောင်ရွက်လျက်ရှိသော ၂၂၅ မဂ္ဂါဝပ် ထွက်ရမည့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ စမ်းသပ်မောင်းနှင်ခြင်းအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သွားရောက်စစ်ဆေး

Published: Dec 19 Posted Under: Ministry News

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံရှိ အပူစွမ်းအင်သုံးစက်ရုံ၊ Coal Offloading Terminal ၊ Container Terminal နှင့် HVDC Substation တို့သို့ သွားရောက်လေ့လာ

Published: Dec 19 Posted Under: Ministry News

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရန်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာလုပ်ငန်းများ လေ့လာရန် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အိန္ဒ

Published: Dec 19 Posted Under: Ministry News

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

Published: Dec 11 Posted Under: Ministry News

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေးသည့်သတင်း နေပြည်တော်၊ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၈)ရက်