Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Nov 04 Posted Under: Ministry News

၁။          ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့ နံနက်ပိုင်းတွင် ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော ၆၆ကေဗွီ ဓာတ်အားလိုင်း (၆၅.၁) မိုင်နှင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များတွင် ၆၆/၁၁ကေဗွီ၊ (၁၀)အမ်ဗွီအေ ဓာတ်အား ခွဲရုံများတည်ဆောက်ကာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ၂၃၀ကေဗွီ ပုဏ္ဏားကျွန်း ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ရှင်းလင်း ဆောင်တွင် စီမံကိန်းညွှန်ကြားရေးမှူး(မြောက်ပိုင်း) ဦးမင်းနိုင်မှ  စီမံကိန်းလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ တင်ပြ ချက်များအပေါ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ သိရှိလိုသည်များကို မေးမြန်းရာ ဒုတိယ ဝန်ကြီးမှ ဖြည့်စွက်ရှင်းလင်တင်ပြပါသည်။

၂။          အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်း ပင်မဓာတ်အားခွဲရုံ ဆွစ်ယာဒ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်တင်ပြကြပါသည်။

၃။          ရခိုင်ပြည်နယ်မြောက်ဘက်ပိုင်းရှိ ဖွံ့ဖြိုးမှုနည်းပါးသော ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသများသို့ လက်ရှိလျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်မှု အခြေအနေမှာ ရသေ့တောင်မြို့ တွင် အိမ်ထောင်စုပေါင်း (၁,၅၀၀) ကျော်ရှိသည့်အနက် အိမ်ထောင်စု(၉၈၆) စုကိုသာ ဒီဇယ် မီးစက် (၃) လုံးဖြင့် တစ်နေ့လျှင် (၅)နာရီခန့်၊ ဘူးသီးတောင်မြို့တွင် အိမ်ထောင်စုပေါင်း (၃,၃၇၄) ရှိသည့်အနက် အိမ်ထောင်စု(၁,၁၉၁)စုကို ဒီဇယ်မီးစက်(၃)လုံးဖြင့် တစ်နေ့လျှင် (၉) နာရီခွဲခန့်၊ မောင်တောမြို့တွင် အိမ်ထောင်စုပေါင်း (၄,၀၀၀) ကျော်ရှိသည့်အနက် အိမ်ထောင်စု (၁,၈၂၇) စုကိုသာ ဒီဇယ်မီးစက် (၃) လုံးဖြင့် တစ်နေ့လျှင်(၁၁) နာရီခွဲခန့်သာ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ခဲ့ပါသည်။

၄။          အဆိုပါဒေသများသို့ (၂၄)နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် နိုင်ငံတော် ဓာတ်အား စနစ်ရောက်ရှိနေပြီးဖြစ်သော ၂၃၀ ကေဗွီ ပုဏ္ဏားကျွန်းဓာတ်အားခွဲရုံမှတဆင့် ပုဏ္ဏားကျွန်း- ရသေ့တောင်-ဘူးသီးတောင်-မောင်တော ၆၆ကေဗွီ ဓာတ်အားလိုင်း (၆၅.၁) မိုင်နှင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များတွင် ၆၆/၁၁ကေဗွီ၊ (၁၀)အမ်ဗွီအေ ဓာတ်အားခွဲရုံများ တည်ဆောက်ကာ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရေးဆောင်ရွက်လျက်ရှိရာ ယင်းစီမံကိန်းလုပ်ငန်း များကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမ်စတင်၍ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ မတ်လတွင် ရသေ့တောင်မြို့နယ်အား လည်းကောင်း၊ ၂၀၁၈ခုနှစ်၊ ဇွန်လ တွင် ဘူးသီးတောင်မြို့နယ် အားလည်းကောင်း၊ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလတွင် မောင်တောမြို့နယ် အားလည်းကောင်း ဓာတ်အားဖြန့်ဖြူးနိုင်ရေးအတွက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံ များ တည်ဆောက်ရေး လုပ်ငန်းပြီးစီးအောင်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းတစ်ခုလုံးအတွက် ကုန်ကျစရိတ် စုစုပေါင်း ကျပ် (၃၀) ဘီလျံခန့် ကုန်ကျမည်ဖြစ်ပါသည်။

၅။          ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဓာတ်အားပိုမိုဖြန့်ဖြူးပေး နိုင်ရေးအတွက် ၂၃၀ကေဗွီ ပုဏ္ဏားကျွန်းဓာတ်အားခွဲရုံတွင် ၆၆/၁၁ကေဗွီ၊ (၂၀) အမ်ဗွီအေ ထရန်စဖော်မာ(၁)လုံး တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

၆။          ယခုစီမံကိန်းကြီးနှင့်အတူ ဒေသတွင်း ဓာတ်အားဖြန့်ဖြူးရေးလိုင်းနှင့် ထရန်စဖော်မာ များဆက်လက်တည်ဆောက်ပြီးပါက ရသေ့တောင်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း(၁၉၆)ရွာ (အိမ်ထောင်စုအနေဖြင့်(၂၈,၅၉၄)စု)၊ ဘူးသီးတောင်မြို့ ပတ်ဝန်းကျင် ရှိကျေးရွာပေါင်း(၃၃၉)ရွာ (အိမ်ထောင်စုအနေဖြင့် (၄၆,၁၉၂)စု)၊ မောင်တောမြို့ ပတ်ဝန်းကျင်ရှိကျေးရွာပေါင်း(၃၆၄)ရွာ (အိမ်ထောင်စုအနေဖြင့် (၅၆,၁၈၂)စုသို့ ဓာတ်အား လုံလောက်စွာ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်းသိရှိရပါသည်။

၇။          ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် နှင့် အဖွဲ့သည် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ(က) အဆင့် (စစ်တွေမြို့) သို့ ရောက်ရှိရာ ဌာနခွဲမန်နေဂျာမှ စက်သုံးဆီသယ်ယူပို့ဆောင်မှု၊ လက်ခံ ရရှိမှု၊  သိုလှောင်ထားရှိမှု၊ ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်လင်းတင်ပြပါ သည်။ တင်ပြချက်များအပေါ် လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့ပြီး  စက်သုံးဆီအတင်အချ ဆိပ်ကမ်း၊ ဆီသိုလှောင်ကန်များအား လှည်လည်ကြည့့််ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး၊ မီးဘေးအန္တရာယ် လုံခြုံရေး၊ စက်သုံးဆီ အရည်အသွေးပြည့်မီရေး ဂရုစိုက်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

၈။          ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းနှင့် PUMA Energy  တို့ ပူပေါင်းဆောင်ရွက်နေသည့် National Energy Puma Aviation Services  ၏ လေယာဉ်ဆီဌာနစိတ် (စစ်တွေ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ခံမှ လေယာဉ်ဆီရရှိမှု၊ ဖြန့်ဖြူးပေးနေမှု နှင့် Refuller အသုံးပြု လေယာဉ်ဆီဖြည့်တင်းမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ တင်ပြချက် များအပေါ် ဒုတိယဝန်ကြီးက အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး၊ စနစ်တကျသိုလှောင်ထားရှိရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ မီးဘေးအန္တရာယ် လုံခြုံရေး ဂရုစိုက်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

PREVIOUS POST   -   NEXT POST

Published: Dec 24 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံဒေသတွင် ဆောင်ရွက်လျက်ရှိသော ၂၂၅ မဂ္ဂါဝပ် ထွက်ရမည့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ စမ်းသပ်မောင်းနှင်ခြင်းအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သွားရောက်စစ်ဆေး

Published: Dec 19 Posted Under: Ministry News

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံရှိ အပူစွမ်းအင်သုံးစက်ရုံ၊ Coal Offloading Terminal ၊ Container Terminal နှင့် HVDC Substation တို့သို့ သွားရောက်လေ့လာ

Published: Dec 19 Posted Under: Ministry News

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရန်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာလုပ်ငန်းများ လေ့လာရန် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အိန္ဒ

Published: Dec 19 Posted Under: Ministry News

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

Published: Dec 11 Posted Under: Ministry News

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေးသည့်သတင်း နေပြည်တော်၊ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၈)ရက်