Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Nov 06 Posted Under: Ministry News

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)နှင့် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်များ (အလုံ၊ အင်းစိန်၊ ဒဂုံ) မှ ရေနံဓာတ်ငွေ့ရည်ဝယ်ယူခြင်းနှင့်ပစ္စည်းများငှားရမ်းခြင်းတို့နှင့်ပတ်သက်၍ အသိပေးကြေညာခြင်း

၁။      လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ ရပ်နားထား သော ရေနံဓာတ်ငွေ့ရည်စက်ရုံ(ကျွန်းချောင်း)ကို ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)အနီးသို့ ရွှေ့ပြောင်းပြီး၊ စက်ရုံ(၂)ရုံကို လည်ပတ်ထုတ်လုပ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေနံ ဓာတ်ငွေ့ရည်အရောင်းဆိုင် ၄ ဆိုင်မှ ရေနံဓာတ်ငွေ့ရည်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို  ရတနာစု ကုမ္ပဏီလီမိတက်သို့ နှစ်ရှည်ငှားရမ်း၍ အကျိုးအမြတ်ခွဲဝေသောစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ရန်  ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့ပါသည်။ အဆိုပါ လုပ်ငန်းကို ရတနာစုကုမ္ပဏီလီမိတက်သည် ၁-၁၁-၂၀၁၇ ရက်နေ့မှစ၍ ဆောင်ရွက်မည်ဖြစ်ပါ သည်။

၂။      သို့ဖြစ်ပါ၍ ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)နှင့် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်များ (အလုံ၊ အင်းစိန်၊ ဒဂုံ) မှ ရေနံဓာတ်ငွေ့ရည်ဝယ်ယူခြင်း၊ မီးဖိုနှင့်ဆက်စပ်ပစ္စည်းများ ငှားရမ်းခြင်း စသည့်ကိစ္စရပ်များကို ဆောင်ရွက်လိုပါက ရတနာစုကုမ္ပဏီလီမိတက်၏ အောက်ဖော်ပြပါလိပ်စာသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-

            ရတနာစုကုမ္ပဏီလီမိတက်

            ခြံအမှတ်(၁၉)၊ အုတ်ကျင်းဘူတာရုံလမ်း

            (၁၃)ရပ်ကွက်၊ လှိုင်မြို့နယ်

            ဖုန်းနံပါတ် ၀၁-၅၂၂၉၉၁

            Fax နံပါတ် ၀၁-၅၂၂၉၉၂

 

 

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

PREVIOUS POST   -   NEXT POST

Published: Dec 24 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံဒေသတွင် ဆောင်ရွက်လျက်ရှိသော ၂၂၅ မဂ္ဂါဝပ် ထွက်ရမည့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ စမ်းသပ်မောင်းနှင်ခြင်းအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သွားရောက်စစ်ဆေး

Published: Dec 19 Posted Under: Ministry News

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံရှိ အပူစွမ်းအင်သုံးစက်ရုံ၊ Coal Offloading Terminal ၊ Container Terminal နှင့် HVDC Substation တို့သို့ သွားရောက်လေ့လာ

Published: Dec 19 Posted Under: Ministry News

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရန်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာလုပ်ငန်းများ လေ့လာရန် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အိန္ဒ

Published: Dec 19 Posted Under: Ministry News

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

Published: Dec 11 Posted Under: Ministry News

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေးသည့်သတင်း နေပြည်တော်၊ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၈)ရက်