Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Jun 15 Posted Under: Ministry News

          မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးဟောပြောခြင်းအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့၊ ၁၃:၃၀ နာရီအချိန်တွင် နေပြည်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးဟောပြောပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမြနှင့် ကော်မရှင်အဖွဲ့ဝင် ဦးညွန့်ဆွေတို့မှ လူ့အခွင့်အရေး၏ အဓိပ္ပါယ် ဖော်ဆောင်မှု၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကျဉ်းချုပ်၊ လူ့အခွင့်အရေးသတ်မှတ်မှု ဆိုင်ရာအနှစ်သာရနှင့် ဝိသေသလက္ခဏာများ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်း ခဲ့ပုံအဆင့်ဆင့်နှင့် ကော်မရှင်၏ ရပ်တည်မှုအနေထား၊ ဆောင်ရွက်ချက်များအကျဉ်းချုပ် တို့ကို ဆွေးနွေးဟောပြောခဲ့ပြီး အခမ်းအနားအား ၁၅:၄၅ နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

          အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

PREVIOUS POST   -   NEXT POST