Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Oct 23 Posted Under: Ministry News

          ပဲခူးခရိုင် သနပ်ပင်မြို့၊ ကဝမြို့၊ အင်းတကော်မြို့နှင့် ပဲခူးမြို့များအတွင်းရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံများသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် (၂၂.၁၀.၂၀၁၇) ရက်နေ့တွင် တာဝန်ရှိသူများ လိုက်ပါလျက် အဆိုပါ ဓာတ်အားခွဲရုံများ၏ လက်ရှိ ဝန်အားနိုင်နင်းမှုအခြေအနေ၊ ဗို့အားအဝင်အထွက် အခြေအနေများနှင့် ဓာတ်အားခွဲရုံများတွင် ဗို့အား ကျဆင်းမှုမရှိစေရေးအတွက် Voltage Tapping ​ပြောင်းလဲဆောင်ရွက်ပေးခြင်းများအား ထိန်းညှိ ဆောင်ရွက်ပေးခဲ့ပါသည်။

          ထို့နောက်တွင် ဒုတိယဝန်ကြီးသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းလက်အောက်ရှိ ဖြူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်၍ ဓာတ်အားပေးစက်ရုံ မီးလောင်မှု ဖြစ်စဉ်ကြောင့် ပျက်စီးမှုများ၊ ရှင်းလင်းပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း၊ စက်ရုံဝန်ထမ်းမိသားစုများအား စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းနှင့် စက်ရုံအား အမြန်ဆုံး ပြုပြင်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

PREVIOUS POST   -   NEXT POST

Published: Dec 11 Posted Under: Ministry News

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေးသည့်သတင်း နေပြည်တော်၊ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၈)ရက်

Published: Nov 10 Posted Under: Ministry News

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ဖြည့်တင်းပြီး ရေနံဓာတ်ငွေ့ရည်ဆလင်ဒါများ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင် (ဃ) နှင့် (င) အသစ်လျှောက်ထားခြင်းနှင့် လိုင်စင်ရရှိထားသူများ သက်တမ်းတိုးရန် နှိုးဆော်ခြင်း

Published: Nov 06 Posted Under: Ministry News

ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)နှင့် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်များ (အလုံ၊ အင်းစိန်၊ ဒဂုံ) မှ ရေနံဓာတ်ငွေ့ရည်ဝယ်ယူခြင်းနှင့်ပစ္စည်းများ ငှားရမ်းခြင်းတို့နှင့်ပတ်သက်၍ အသိပေးကြေညာခြင်း

Published: Nov 04 Posted Under: Ministry News

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ၆၆ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တောဓာတ်အားလိုင်းနှင့် ၆၆ကေဗွီဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းမျာ