Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Mar 29 Posted Under: Ministry News

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

နေပြည်တော်

စီဂျီအို Coker Gas Oil ရောင်းချရန် ကြေငြာခြင်း

၁။                 မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကြီးကြပ်မှုအောက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် တွင် တည်ရှိသော အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)မှ စီဂျီအို Coker Gas Oil များကို တစ်ဂါလန် လျှင် ၂,၅၄၀ ကျပ် (ကျပ်နှစ်ထောင့်ငါးရာ လေးဆယ်တိတိ) နှုန်းဖြင့် ၂၀၁၇ ခုနှစ်၊ ဧပြီလအတွင်း လွတ်လပ် စွာ ရောင်းချမည်ဖြစ်ပါ၍ မည်သူမဆို လျှောက်ထားဝယ်ယူနိုင်ပါသည်။

၂။                  လျှောက်ထားဝယ်ယူသူသည် အနည်းဆုံး စီဂျီအို ဂါလန် ၁၀၀,၀၀၀ (တစ်သိန်း ဂါလန် တိတိ)အား လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူရမည်။

၃။                 ဝယ်ယူသည့် ပမာဏအနည်းအများအလိုက် အောက်ဖော်ပြပါ သတ်မှတ်ရက်များအတွင်း ပြီးစီး အောင် မိမိအစီအစဉ်ဖြင့် ထုတ်ယူရမည်-

                     (က)  စီဂျီအို ဂါလန် ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ သတ်မှတ်ရက် (၁၄) ရက်

                     (ခ)   စီဂျီအို ဂါလန် ၂၀၀,၀၀၁ မှ ၃၀၀,၀၀၀ အထိ သတ်မှတ်ရက် (၂၀) ရက်

                     (ဂ)   စီဂျီအို ဂါလန် ၃၀၀,၀၀၁ မှ ၅၀၀,၀၀၀ အထိ သတ်မှတ်ရက် (၂၅) ရက်

                     (ဃ)  စီဂျီအို ဂါလန် ၅၀၀,၀၀၁ မှ အထက်  သတ်မှတ်ရက် (၃၀) ရက်

၄။                 ဝယ်ယူသူသည် မိမိဝယ်ယူသည့် ပမာဏကို တစ်လုံးတစ်ခဲတည်း ငွေပေးသွင်းထုတ်ယူရပါ မည်။

၅။                 ဝယ်ယူလိုသူသည် လုပ်ငန်းရုံးချုပ်၊ နေပြည်တော် ၊ ရုံးအမှတ် (၄၄) သို့လည်းကောင်း ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ဘဏ္ဍာရေးဌာန (ရန်ကုန်ရုံးခွဲ) ၊ ၇(က) သံလျက်စွန်းလမ်း၊ လင်းစဒေါင်း၊ ဗိုလ်တထာင်မြို့နယ်သို့လည်းကောင်း၊ အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်) သို့လည်းကောင်း တိုက်ရိုက် လိပ်မူ လျှောက်ထား၍ ငွေပေးသွင်းဝယ်ယူနိုင်ပါသည်။

၆။                 အသေးစိတ်အချက်အလက်များအား မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုဌာန၊ ဖုန်း ၀၆၇ - ၄၁၁၀၈၂ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ဘဏ္ဍာရေးဌာန(ရန်ကုန်ရုံးခွဲ)၊ ဖုန်း ၀၁-၃၉၇၈၁၂ နှင့် အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)၊ ဖုန်း ၀၉-၅၀၄၁၆၈၁၊ ၀၉-၅၀၃၉၀၄၇၊ ၀၉-၅၀၁၈၁၃၇ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ရုံးအမှတ်(၄၄) ၊နေပြည်တော်

 

PREVIOUS POST   -   NEXT POST