Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Mar 29 Posted Under: Ministry News

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

နေပြည်တော်

ဆီပြာ Blue Oil ရောင်းချရန် ကြေငြာခြင်း

၁။                 မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် တည်ရှိသော အမှတ်(၂) ရေနံချက်စက်ရုံ(ချောက်)မှ ထုတ်လုပ်သည့် ဆီပြာ Blue Oil များကို တစ်ဂါလန် လျှင် ၂,၁၅၀ ကျပ် (ကျပ်နှစ်ထောင့်တစ်ရာငါးဆယ်တိတိ) နှုန်းဖြင့် ၂၀၁၇ ခုနှစ်၊ ဧပြီလအတွင်း လွတ်လပ် စွာ ရောင်းချမည်ဖြစ်ပါ၍ မည်သူမဆို လျှောက်ထားဝယ်ယူနိုင်ပါသည်။

၂။                  လျှောက်ထားဝယ်ယူသူသည် အနည်းဆုံး ဆီပြာ ဂါလန် ၃,၀၀၀ (သုံးထောင်ဂါလန် တိတိ)အား လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူရမည်။

၃။                 ဝယ်ယူသည့် ပမာဏအနည်းအများအလိုက် အောက်ဖော်ပြပါ သတ်မှတ်ရက်များအတွင်း ပြီးစီး အောင် မိမိအစီအစဉ်ဖြင့် ထုတ်ယူရမည်-

                     (က)  ဆီပြာ ဂါလန် ၃,၀၀၀ မှ ၁၀,၀၀၀ အထိ သတ်မှတ်ရက် (၁၄) ရက်

                     (ခ)   ဆီပြာ ဂါလန် ၁၀,၀၀၁ မှ ၅၀,၀၀၀ အထိ သတ်မှတ်ရက် (၂၀) ရက်

                     (ဂ)   ဆီပြာ ဂါလန် ၅၀,၀၀၁ မှ ၁၀၀,၀၀၀ အထိ သတ်မှတ်ရက် (၂၅) ရက်

                     (ဃ)  ဆီပြာ ဂါလန် ၁၀၀,၀၀၁ မှ အထက်  သတ်မှတ်ရက် (၃၀) ရက်

၄။                 ဝယ်ယူသူသည် မိမိဝယ်ယူသည့် ပမာဏကို တစ်လုံးတစ်ခဲတည်း ငွေပေးသွင်းထုတ်ယူရပါ မည်။

၅။                 ဝယ်ယူလိုသူသည် လုပ်ငန်းရုံးချုပ်၊ နေပြည်တော် ၊ ရုံးအမှတ် (၄၄) သို့လည်းကောင်း ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ဘဏ္ဍာရေးဌာန (ရန်ကုန်ရုံးခွဲ) ၊ ၇(က) သံလျက်စွန်းလမ်း၊ လင်းစဒေါင်း၊ ဗိုလ်တထာင်မြို့နယ်သို့လည်းကောင်း၊ အမှတ်(၂) ရေနံချက်စက်ရုံ (ချောက်) သို့လည်းကောင်း တိုက်ရိုက် လိပ်မူ လျှောက်ထား၍ ငွေပေးသွင်းဝယ်ယူနိုင်ပါသည်။

၆။                 အသေးစိတ်အချက်အလက်များအား မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုဌာန၊ ဖုန်း ၀၆၇ - ၄၁၁၀၈၂ ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ဘဏ္ဍာရေးဌာန(ရန်ကုန်ရုံးခွဲ)၊ ဖုန်း ၀၁-၃၉၇၈၁၂ နှင့် အမှတ်(၂)ရေနံချက်စက်ရုံ (ချောက်)၊ ဖုန်း ၀၆၁-၂၀၀၁၈၇၊ ၀၆၁-၂၀၀၁၈၆၊ ၀၉-၂၃၀၅၁၃၃ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ရုံးအမှတ်(၄၄) ၊နေပြည်တော်

PREVIOUS POST   -   NEXT POST

Published: Sep 15 Posted Under: Ministry News

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ အိတ်ဖွင့်တင်ဒါခေါ်ယူဝယ်ယူမည့် Tender No.22/EPGE/2017-2018 အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရာတွင် ပေးပို့ရမည့် အထောက်အထား အချက်အလက်များ ကြေငြာခြင်း

Published: Aug 30 Posted Under: Ministry News

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းတွင် အသုံးပြုရန် Steel Parts and accessories ဝယ်ယူရန်အတွက် သတ်မှတ်စံချိန်စံညွှန်းများ ထုတ်ပြန် ကြေငြာခြင်း

Published: Aug 11 Posted Under: Ministry News

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောက်ရွက်မည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းတွင် အသုံးပြုရန် Insulators and Related Fitting များ ဝယ်ယူရန်အတွက် သတ်မှတ်စံချိန်စံညွှန်းများ ထုတ်ပြန်ကြေငြာခြင်း

Published: Jul 28 Posted Under: Ministry News

ပုထိုးလုံ-ကျော ၆ လက်မပိုက်လိုင်း ၈.၂၅မိုင် ဆက်သွယ်ခြင်းလုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများဝယ်ယူရန် အိတ်ဖွင့်တင်ဒါတွင် တင်ပြရမည့် အချက်အလက်များနှင့် စည်းကမ်းချက်များ အသိပေးထုတ်ပြန်ခြင်း