Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: May 29 Posted Under: Ministry News

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းသည် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် စက်မှု၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း ၅၀၀  ကေဗွီ မိတ္ထီလာ-တောင်ငူ ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းခွင်နှင့် ပဲခူးတိုင်းဒေသကြီး စစ်တောင်းမြစ်ဝှမ်းအနောက်ဘက်ခြမ်းရှိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများဖြစ်သော ခပေါင်း (၃၀ မဂ္ဂါဝပ်)၊ ဖြူးချောင်း (၄၀ မဂ္ဂါဝပ်)၊ ကွန်းချောင်း (၆၀ မဂ္ဂါဝပ်)နှင့် ရဲနွယ် (၂၅ မဂ္ဂါဝပ်) များသို့ မေလ ၂၇ ရက်နေ့က သွားရောက်ကြည့်ရှု လေ့လာစစ်ဆေးခဲ့ပါသည်။

          နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းစနစ် အဆင့်မြှင့်တင်ရေးတွင် အဓိကအရေးပါသည့် ၅၀၀ ကေဗွီ မိတ္ထီလာ-တောင်ငူ ဓာတ်အားလိုင်း(၁၄၆)မိုင် စီမံကိန်း ပြီးစီးပါက မြန်မာပြည် တောင်ပိုင်းဒေသများသို့ ဓာတ်အားပိုမိုပို့လွှတ်နိုင်မည်ဖြစ်၍ ရည်မှန်းနှစ် ၂၀၁၉ ခုနှစ်တွင် ပြီးစီးရေး၊ ဓာတ်အားလိုင်းဖြတ်သန်းသွားသည့်ဒေသများမှ ပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရေးနှင့် ပေးလျော်ရမည့် သီးနှံလျော်ကြေးများ စနစ်တကျတိကျစွာ ပေးအပ်နိုင်ရေး အလေးထား ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဓာတ်အားပေးစက်ရုံများနှင့်ပတ်သက်၍ မိုးရာသီကာလအတွင်း ရေထိမ်းသိမ်းစုဆောင်းထားရှိရန်၊ ဆည်တာတမံများ၏ကြံ့ခိုင်ရေးကို ဆက်စပ်ဌာနများနှင့် ပူးပေါင်းစစ်ဆေးနေရန်၊ စက်ပစ္စည်းများကြံ့ခိုင်ရေးကို စစ်ဆေးပြုပြင်ရမည့် အချိန်ဇယားအတိုင်း လိုက်နာဆောင်ရွက်ကြရန် ဝန်ထမ်းများအား မှာကြားပြီး စက်ရုံဝန်ထမ်း မိသားစုများ၏ နေထိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များကို ရင်းနှီးပွင်းလင်းစွာ မေးမြန်းဆွေးနွေးခဲ့ပါသည်။

PREVIOUS POST   -   NEXT POST

Published: Dec 24 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံဒေသတွင် ဆောင်ရွက်လျက်ရှိသော ၂၂၅ မဂ္ဂါဝပ် ထွက်ရမည့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ စမ်းသပ်မောင်းနှင်ခြင်းအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သွားရောက်စစ်ဆေး

Published: Dec 19 Posted Under: Ministry News

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံရှိ အပူစွမ်းအင်သုံးစက်ရုံ၊ Coal Offloading Terminal ၊ Container Terminal နှင့် HVDC Substation တို့သို့ သွားရောက်လေ့လာ

Published: Dec 19 Posted Under: Ministry News

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရန်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာလုပ်ငန်းများ လေ့လာရန် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အိန္ဒ

Published: Dec 19 Posted Under: Ministry News

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

Published: Dec 11 Posted Under: Ministry News

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေးသည့်သတင်း နေပြည်တော်၊ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၈)ရက်