Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Nov 27 Posted Under: Ministry News

          မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်ခရိုင်အတွင်းရှိ စဉ့်ကူမြို့နယ်၊ သပိတ်ကျင်း မြို့နယ်နှင့် မိုးကုတ်မြို့နယ်များသို့ ဗို့အားပြည့်မီစွာ အသုံးပြုနိုင်စေရေး၊ ဓာတ်အားတိုးချဲ့ ဖြန့်ဖြူးနိုင်စေရေးတို့အတွက် လက်ပံလှပင်မဓာတ်အားခွဲရုံတွင် 132/66/11 kV, 60 MVA တိုးချဲ့တပ်ဆင်ပြီးစီးသဖြင့် 66 kV လက်ပံလှ-ဇရပ်ကွင်းဓာတ်အားလိုင်း (၂၀.၅) မိုင်နှင့် 66/33/11 kV, 20 MVA ဇရပ်ကွင်း ဓာတ်အားခွဲရုံများသို့ (၂၁.၁၁.၂၀၁၇) ရက်နေ့တွင် ဓာတ်အားပို့လွှတ်နိုင်ခဲ့ပါသည်။

          အဆိုပါ ဇရပ်ကွင်းခွဲရုံမှ  33 kV ဇရပ်ကွင်း-မိုးကုတ် ဓာတ်အားလိုင်း (၃၆) မိုင်၊ မိုးကုတ်မြို့နယ်တွင်းရှိ 33/11 kV,10 MVA နန်းနွဲ့ဓာတ်အားခွဲရုံ၊ 33/11 kV, 5 MVA မင်းတံတားဓာတ်အားခွဲရုံ၊ 33/11 kV,10 MVA ကျပ်ပြင်ဓာတ်အားခွဲရုံများအား လည်းကောင်း၊ 33 kV ဇရပ်ကွင်း-သပိတ်ကျင်းဓာတ်အားလိုင်း (၈) မိုင်းနှင့် 33/11 kV, 3 MVA ကျောက်ဖားဓာတ်အားခွဲရုံအားလည်းကောင်း (၂၂.၁၁.၂၀၁၇) ရက်နေ့တွင် ဓာတ်အားပို့လွှတ်နိုင်ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများပြီးစီးမှုကြောင့် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ စဉ့်ကူမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့ နယ်များတွင် 33 kV ဗို့အားပြည့်မီစွာ သုံးစွဲနိုင်ပြီဖြစ်ပါသည်။

PREVIOUS POST   -   NEXT POST

Published: Dec 24 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံဒေသတွင် ဆောင်ရွက်လျက်ရှိသော ၂၂၅ မဂ္ဂါဝပ် ထွက်ရမည့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ စမ်းသပ်မောင်းနှင်ခြင်းအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သွားရောက်စစ်ဆေး

Published: Dec 19 Posted Under: Ministry News

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံရှိ အပူစွမ်းအင်သုံးစက်ရုံ၊ Coal Offloading Terminal ၊ Container Terminal နှင့် HVDC Substation တို့သို့ သွားရောက်လေ့လာ

Published: Dec 19 Posted Under: Ministry News

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရန်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာလုပ်ငန်းများ လေ့လာရန် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အိန္ဒ

Published: Dec 19 Posted Under: Ministry News

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

Published: Dec 11 Posted Under: Ministry News

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေးသည့်သတင်း နေပြည်တော်၊ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၈)ရက်