Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Jun 15 Posted Under: Ministry News

လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးဟောပြောပွဲအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

           မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးဟောပြောခြင်းအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့၊ ၁၃:၃၀ နာရီအချိန်တွင် နေပြည်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Published: Jun 01 Posted Under: Ministry News

၁၃၂ ကေဗွီ ကလော-တောင်ကြီး အမှတ်(၂)ဓာတ်အားလိုင်း တာဝါတိုင်(၃)တိုင် လေပြင်းတိုက်ခတ်၍ ပြိုလဲပျက်စီးမှုအား ပြုပြင်ပြီးစီး

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိသည့် ဓာတ်အားလိုင်းများအနက်မှ ၁၃၂ ကေဗွီ ကလော-တောင်ကြီး အမှတ်(၂)ဓာတ်အားလိုင်း တာဝါတိုင် အမှတ်(၁၁၆၊ ၁၁၇၊ ၁၁၈) တိုင်(၃)တိုင်သည် (၂၅-၅-၂၀၁၇)ရက်နေ့တွင် လေပြင်း တိုက်ခတ်၍ ပျက်စီးပြိုလဲမှု ဖြစ်ပေါ်ခဲ့ပါသည်။

Published: May 29 Posted Under: Ministry News

၅၀၀ ကေဗွီ ဓာတ်အားလိုင်းနှင့် စစ်တောင်းမြစ်ဝှမ်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများသို့ ပြည်ထောင်စုဝန်ကြီး သွားရောက်ကြည့်ရှု စစ်ဆေးခြင်း

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းသည် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် စက်မှု၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း ၅၀၀  ကေဗွီ မိတ္ထီလာ-တောင်ငူ ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းခွင်နှင့် ပဲခူးတိုင်းဒေသကြီး စစ်တောင်း မြစ်ဝှမ်းအနောက်ဘက်ခြမ်းရှိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများဖြစ်သော ခပေါင်း (၃၀ မဂ္ဂါဝပ်)၊ ဖြူးချောင်း (၄၀ မဂ္ဂါဝပ်)၊ ကွန်းချောင်း (၆၀ မဂ္ဂါဝပ်)နှင့် ရဲနွယ် (၂၅ မဂ္ဂါဝပ်) များသို့ မေလ ၂၇ ရက်နေ့က သွားရောက်ကြည့်ရှု လေ့လာစစ်ဆေးခဲ့ပါသည်။

Published: Apr 03 Posted Under: Ministry News

လျှပ်စစ်စွမ်းအားပြည်ထွန်းကား

          ယနေ့ကမ္ဘာပေါ်ရှိ စက်မှုလုပ်ငန်းများဖွံ့ဖြိုးသော ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ကောင်းမွန်သောနိုင်ငံများတွင် အရေးကြီးသောစွမ်းအင်မှာ လျှပ်စစ်ဖြစ်ပါသည်။ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးသောနိုင်ငံများသာလျှင် ချမ်းသာကြွယ်ဝသော လူနေမှုအဆင့်အတန်းများ မြင့်မားသော စီးပွားရေး ကောင်းမွန်သော အင်အားကြီးနိုင်ငံများဖြစ်ခဲ့ကြသည်မှာငြင်း၍မရပေ။ ထို့ကြောင့် လျှပ်စစ်ဓာတ်အား ကိုနည်းမျိုးစုံဖြင့် ရှာဖွေထုတ်လုပ်ခဲ့ကြသည်။

Published: Apr 03 Posted Under: Ministry News

ပြောင်းလဲရန်လိုအပ်နေသေးသော ၀န်ဆောင်မှု

           ကျွန်ုပ်တို့၏ မြန်မာနိုင်ငံသည် ရှေးယခင် ဘိုးဘေးဘီဘင် လက်ထက်ကတည်းက စိုက်ပျိုးရေးကို အဓိကအားထား၍ နိုင်ငံဖွံ့ဖြိုးရေးကိုတည်ထောင်ခဲ့သည့် နိုင်ငံတစ်ခုဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ရေ၊ မြေ၊ တော၊ တောင် သဘာ၀များသည် သက်ဆိုင်ရာနေရာဒေသနှင့် လိုက်လျောညီ သည့် ကောက်ပဲသီးနှံ၊ သစ်သီး၀လံနှင့် ပန်းမန်များကို စိုက်ပျိုးဖြစ်ထွန်းခဲ့ကြသည်မှာ ရှေးဘုရင် ခေတ်သမိုင်းအဆက် ဆက်များကပင် အစချီခဲ့သည်ကို မြင်တွေ့ရပေမည်။ဥပမာ-ပုဂံခေတ် အနော်ရထာမင်းကြီး၏ စိုက်ပျိုးရေးကို လယ်တွင်း (၉)ခရိုင် ၊ (၁၂)ခရိုင် စသည်ဖြင့် စိုက်ပျိုးရေး နယ်မြေများ သတ်မှတ်၍ ဆည်ရေသောက် စနစ်များဖြင့် စနစ်တကျတည်ထောင်စိုက်ပျိုးခဲ့သည့် သာဓကကို ပြရမည်ဖြစ်သည်။

Pages

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services