Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Jul 10 Posted Under: Ministry News

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ တင်ဒါခေါ်ယူခဲ့သည့် Tyre (၃၃) မျိုးနှင့် Battery (၆) မျိုး တို့အတွက် အသေးစိတ်စာရင်း ထုတ်ပြန်ကြေငြာခြင်း

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ တင်ဒါခေါ်ယူခဲ့သည့် Tyre (၃၃) မျိုးနှင့် Battery (၆) မျိုး တို့အတွက် အသေးစိတ်စာရင်းကို အောက်ဖော်ပြပါ Download Link တွင် Download ရယူနိုင်ပါသည်။ 

Published: Jun 29 Posted Under: Ministry News

ပြည်ပမှ တင်သွင်းမည့် စက်သုံးဆီများအတွက် သတ်မှတ်ပေးခဲ့သည့် အရည်အသွေး စံချိန်စံညွှန်း (Specification) များအား အများပြည်သူသိရှိနိုင်စေရန် အသိပေးကြေငြာခြင်း

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကုမ္ပဏီအဖွဲ့အစည်းများမှ စက်သုံးဆီများကို ပင်လယ်ရေကြောင်းမှလည်းကောင်း၊ နယ်စပ်မှလည်းကောင်း တင်သွင်း၍ ဖြန့်ဖြူးရောင်းချင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် စက်သုံးဆီအမျိုးအစားအလိုက် အရည်အသွေး စံချိန်စံညွှန်း (Specification) များ ကိုက်ညီမှန်ကန်မှုရှိစေရန် သတ်မှတ်၍ ခွင့်ပြုပေးခဲ့သည့် စက်သုံးဆီအမျိုးအစား(၈) မျိုး (Regular HSD ၊ Premium HSD ၊ 92 RON ၊ 95 RON ၊ 97 RON ၊ Gasohol E-10 (92 RON) ၊ Gasohol E-10 (95 RON) ၊ FO) တို့၏ အရည်အသွေးစံချိန်စံညွှန်း (Specification) များကို အောက်ဖော်ပြပါ Download Link တွင် Download ရယူနိုင်ပါသည်။လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကုမ္ပဏီအဖွဲ့အစည်းများမှ စက်သုံးဆီများကို ပင်လယ်ရေကြောင်းမှလည်းကောင်း၊ နယ်စပ်မှလည်းကောင်း တင်သွင်း၍ ဖြန့်ဖြူးရောင်းချင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် စက်သုံးဆီအမျိုးအစားအလိုက် အရည်အသွေး စံချိန်စံညွှန်း (Specification) များ ကိုက်ညီမှန်ကန်မှုရှိစေရန် သတ်မှတ်၍ ခွင့်ပြုပေးခဲ့သည့် စက်သုံးဆီအမျိုးအစား(၈) မျိုး (Regular HSD ၊ Premium HSD ၊ 92 RON ၊ 95 RON ၊ 97 RON ၊ Gasohol E-10 (92 RON) ၊ Gasohol E-10 (95 RON) ၊ FO) တို့၏ အရည်အသွေးစံချိန်စံညွှန်း (Specification) များကို အောက်ဖော်ပြပါ Download Link တွင် Download ရယူနိုင်ပါသည်။

Published: Jun 26 Posted Under: Ministry News

ဘယ်ဟာအမှန်လဲ

          ယနေ့ ကမ္ဘာပေါ်တွင် ကျယ်ကျယ်လောင်လောင်ဖြစ်နေသော ကိစ္စရပ်နှစ်ခုရှိပါသည်။ တစ်ခုမှာ အကြမ်းဖက်မှုပြဿနာဖြစ်ပြီး၊ တစ်ခုမှာ ရာသီဥတုပြောင်းလဲခြင်းပြဿနာဖြစ်ပါသည်။ အဆိုပါ ကိစ္စနှစ်ခုစလုံးသည် ကမ္ဘာ့လူသားဖြစ်တည်မှုကို အန္တရာယ်ဖြစ်စေသည်ဟုလည်း ပြောနေကြပါသည်။ တစ်ဘက်ကလည်း အဆိုပါပြဿနာ၏ အရင်းအမြစ်များကို သိလျက်နှင့် မယောင်ရာဆီလူးနေသည်က ပိုများသည်ဟု ထင်မြင်မိသည်။ မည်သို့ဆိုစေ ကမ္ဘာကြီး၏ ဖြစ်တည်မှုနှင့် လူသားတို့၏ဖြစ်တည်မှုသည် အကောင်းအဆိုးအကြောင်းအကျိုး ဆက်စပ်လျက် ရှိနေဦးမည်သာဖြစ်သည်။

Published: Jun 21 Posted Under: Ministry News

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေး

          ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ လျှပ်စစ်မီးရရှိရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၃.၂ မိုင် ၊ ၁၁/၀.၄ ကေဗွီ၊ ၁၆၀ ကေဗွီအေ ထရန်စဖော်မာဓာတ်အားခွဲရုံ (၄)ရုံနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း (၄) မိုင်တို့ကို တည်ဆောက်ခဲ့ပြီး ကလေးမြို့(ဓာတ်အားစနစ်) မှ လျှပ်စစ်ဓာတ်အား ချိတ်ဆက်၍ ခိုင်ကမ်းမြို့ပေါ်ရပ်ကွက်(၄)ခုရှိ အိမ်ထောင်စု ၄၂၄ စုအား ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့မှစတင်၍ လျှပ်စစ်မီးဖြန့်ဖြူးပေးလျက်ရှိပါသည်။

Published: Jun 21 Posted Under: Ministry News

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်းလုပ်ငန်းထပ်ဆင့်ဆောင်ရွက်ခြင်းဆိုင်ရာ ပဋိညာဉ်စာချုပ် စံပုံစံ

အောက်ဖော်ပြပါ Download Link တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်းလုပ်ငန်းထပ်ဆင့်ဆောင်ရွက်ခြင်းဆိုင်ရာ ပဋိညာဉ်စာချုပ် စံပုံစံ ကို Download ရယူနိုင်ပါသည်။

Pages

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services