Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Aug 19 Posted Under: Ministry News

ရန်ကုန်တိုင်းဒေသကြီးတွင် ၃၀၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး တင်ဒါခေါ်ယူခြင်းအတွက် အကြိုရှင်းလင်းပွဲ ကျင်းပ

          လာမည့် ၂၀၁၇ ခုနှစ် နွေရာသီတွင် ရန်ကုန်မြို့၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မဖြစ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း သံလျင်-သာကေတ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း၊ အလုံ-ဘုရင့်နောင် ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း၊ အလုံ-လှိုင်သာယာ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း အနီးတစ်နေရာ၌ ၃၀၀ မဂ္ဂါဝပ် လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး တင်ဒါအမှတ် EPGE-G(01) ခေါ်ယူထားခြင်းနှင့် စပ်လျဉ်း၍ အကြိုရှင်းလင်းပွဲကို လျှပ်စစ်နှင့်စွမ်းအင်ကြီးဌာန ရတနာခန်းမတွင် ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၆ ရက် ၁၃:၃၀ နာရီမှ ၁၅:၀၀ နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

Published: Aug 01 Posted Under: Ministry News

မြစ်ရေကြီးခြင်း၊ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ဓာတ်အားပြတ်တောက်ခြင်း

          မြန်မာနိုင်ငံနှင့်အဝှမ်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်း၊ မြစ်ရေကြီးခြင်း များ ဖြစ်ပေါ်လျက်ရှိပါသည်။ ၎င်းမိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လျှပ်စစ်ဓာတ်အားလိုင်း ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။

Published: Jul 29 Posted Under: Ministry News

ဧရာဝတီမြစ်ရေ တက်လာခြင်းကြောင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် လျှပ်စစ်ဓာတ်အား ခေတ္တဖြတ်တောက်

           စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့တွင် ဧရာဝတီမြစ်ရေတက်လာခြင်းကြောင့် ရေဝင်ရောက်နေသော ထုံးဘိုရပ်ကွက်၊ ဧမြဝတီရပ်ကွက်များသို့ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးထားသော ၄၀၀ ဗို့ ဓာတ်အားလိုင်းများအားလည်းကောင်း၊ ၁၁ ကေဗွီ ဇေယျာဖီဒါ (၂) မှ ဓာတ်အားပို့လွှတ်ထားသော ၁၁ ကေဗွီ ဇီးချောင်းကျေးရွာလိုင်းနှင့် ၁၁ ကေဗွီ မင်းလမ်းဖီဒါ (၃) မှ ဓာတ်အားပေးထားသော ညောင်ကုန်း၊ သလွန်ဖြူ၊ တဲကြီး၊ ကြွယ်လူး၊ ဒေါင်းမ၊ ဆင်မြေ၊ မအူပင်အရှေ့၊ မအူပင်အနောက်ရွာ လိုင်းများအား ၂၇-၇-၂၀၁၆ ရက်နေ့ (၁၅:၂၀) နာရီအချိန်မှစ၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လျှပ်စစ်ဓာတ်အား ခေတ္တဖြတ်တောက်ထားပါသည်။

Published: Jul 25 Posted Under: Ministry News

၂၀၁၅-၂၀၁၆ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၁၆-၂၀၁၇ပညာသင်နှစ်တွင်ပညာသင်ကြားနေသောဝန်ထမ်းသား/သမီးများအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကျင်းပ

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်တွင် ပညာသင်ကြားနေသော ဝန်ထမ်းများ၏ သား/သမီးများအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ် (၂၇) ရတနာခန်းမတွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services