Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Dec 07 Posted Under: Ministry News

ကွန်ကရစ်ဓာတ်တိုင်အရည်အသွေးအာမခံချက်နှင့် ISO 9001 အသိအမှတ်ပြုလက်မှတ်ရရှိရေးဆွေးနွေးပွဲဖိတ်ကြားခြင်း

              လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ ကွန်ကရစ်ဓာတ်တိုင် ထုတ်လုပ်သူ ပြည်တွင်းလုပ်ငန်းရှင်များအတွက် အရည်အသွေးအာမခံချက်နှင့် ISO 9001 အသိအမှတ်ပြုလက်မှတ်ရရှိရေးဆွေးနွေးပွဲများကို တက်ရောက်လိုပါက စာရင်းပေးသွင်းတက်ရောက်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

Published: Dec 02 Posted Under: Ministry News

NEP စီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပထမအသုတ်တွင် အသုံးပြုမည့် ကွန်ကရိတိုင်များ၏ Specification များ

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း(NEP) ၏ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပထမ အသုတ်တွင် အသုံးပြုမည့် ကွန်ကရိတိုင်များ၏ သတ်မှတ် Specification များအား ကြိုတင် သိရှိနိုင်ပါရန် Download ရယူနိုင်ပါသည်။ 

Published: Aug 19 Posted Under: Ministry News

ရန်ကုန်တိုင်းဒေသကြီးတွင် ၃၀၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး တင်ဒါခေါ်ယူခြင်းအတွက် အကြိုရှင်းလင်းပွဲ ကျင်းပ

          လာမည့် ၂၀၁၇ ခုနှစ် နွေရာသီတွင် ရန်ကုန်မြို့၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မဖြစ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း သံလျင်-သာကေတ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း၊ အလုံ-ဘုရင့်နောင် ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း၊ အလုံ-လှိုင်သာယာ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း အနီးတစ်နေရာ၌ ၃၀၀ မဂ္ဂါဝပ် လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး တင်ဒါအမှတ် EPGE-G(01) ခေါ်ယူထားခြင်းနှင့် စပ်လျဉ်း၍ အကြိုရှင်းလင်းပွဲကို လျှပ်စစ်နှင့်စွမ်းအင်ကြီးဌာန ရတနာခန်းမတွင် ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၆ ရက် ၁၃:၃၀ နာရီမှ ၁၅:၀၀ နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

Published: Aug 01 Posted Under: Ministry News

မြစ်ရေကြီးခြင်း၊ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ဓာတ်အားပြတ်တောက်ခြင်း

          မြန်မာနိုင်ငံနှင့်အဝှမ်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်း၊ မြစ်ရေကြီးခြင်း များ ဖြစ်ပေါ်လျက်ရှိပါသည်။ ၎င်းမိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လျှပ်စစ်ဓာတ်အားလိုင်း ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။

Pages

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services