Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Dec 21 Posted Under: Ministry News

နိုင်ငံတော်လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အကျိုးပြုမည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း

          နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ကဏ္ဍသည် မရှိမဖြစ် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင် လျှက်ရှိရာ ရေအားလျှပ်စစ်စီမံကိန်းများသည်လည်း တစ်စိတ်တစ်ပိုင်းမှ ပါဝင်လျှက်ရှိပါသည်။  နိုင်ငံတော်အနေဖြင့် လိုအပ်သောလျှပ်စစ်ဓာတ်အားများကို ဖြည်ဆည်းပေးနိုင်ရေးအတွက် ရေအားလျှပ်စစ် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့နယ် တောင်ဘက်မိုင်(၂၀)ခန့်အကွာ၊ မြစ်ငယ်မြစ်(ဒုဌဝတီမြစ်)ပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျှက် ရှိသော အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။

Published: Dec 21 Posted Under: Ministry News

ဖွံ့ဖြိုးတိုးတက်လာသော စက်သုံးဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်း

          နိုင်ငံတော်၏စီးပွားရေးတွင် ပုဂ္ဂလိကပါဝင်မှုကိုအားပေးမြှင့်တင်ရန်နှင့် ပုဂ္ဂလိကစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို   စျေးကွက်စီးပွားရေးစနစ်နှင့်အညီ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုရန် စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင် ၂၆၁ ဆိုင်ကို ပုဂ္ဂလိကသို့အပြီးအပိုင်လွှဲပြောင်းရောင်းချခဲ့ပြီး အဆိုပါပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များကို ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁၀ ရက်နေ့မှ စ၍ စတင်ဖွင့်လှစ် ရောင်းချခွင့်ပြုခဲ့ပါသည်။ 

Published: Dec 19 Posted Under: Ministry News

ဓာတ်အားကွန်ရက်စနစ်နှင့် System Breakdown

          လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် သဘာဝစွမ်းအင်အရင်းအမြစ်များ ရှိနေသည့်နေရာ (သို့မဟုတ်) ရရှိနိုင်သည့် နေရာ အပေါ်တွင် အဓိက မူတည်၍ တည်ဆောက်ရပါသည်။ ကျောက်မီးသွေးကို သင်္ဘော၊ မီးရထား၊ ကားတို့ဖြင့် သယ်ဆောင်၍လည်းကောင်း၊ ဓာတ်ငွေ့နှင့် ရေနံတို့ကို ပိုက်လိုင်း သွယ်တန်း၍ လည်းကောင်း ပေးပို့ပြီး သင့်တော်သောနေရာတွင် ဓာတ်အားပေးစက်ရုံကို ရွေးချယ်တည်ဆောက်နိုင်သော်လည်း ရေ၊ လေ၊ နေ၊ ဘူမိအပူစွမ်းအင်တို့မှာ သဘာဝအရ ဖြစ်ပေါ်နေခြင်းဖြစ်ရာ ယင်းစွမ်းအင် ရရှိနိုင်သောနေရာတွင်သာ ဓာတ်အားပေးစက်ရုံကို တည်ဆောက်ရပါသည်။ 

Published: Dec 19 Posted Under: Ministry News

လျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်နိုင်ရန် အချိန်အတိုင်းအတာတစ်ခု ကြာမြင့်မည်ဖြစ်ကြောင်း ပြည်သူများသို့ ရှင်းလင်းတင်ပြ

          ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများ၊ ပင်မဓာတ်အားခွဲရုံများ၊ ဓာတ်အားဖြန့်ဖြူး ရေးလိုင်းများနှင့် ဓာတ်အားဖြန့်ဖြူးရေးခွဲရုံ၊ ထရန်စဖော်မာများမှတဆင့် ဓာတ်အားသုံးစွဲသည့် ပြည်သူ လူထုနှင့် စက်ရုံ၊ အလုပ်ရုံများအားလုံးကို ဆက်သွယ်ချိတ်ဆက်ထားသည့်စနစ်ကို ဓာတ်အားစနစ် (Grid System) ဟု ခေါ်ဆိုပြီး၊ ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့်ဓာတ်အားများကို မဟာ ဓာတ်အားလိုင်းကြီးများ (၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ) နှင့် ပင်မဓာတ်အားခွဲရုံကြီးများ (၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ) တို့မှတဆင့် နိုင်ငံတွင်းဒေသအသီးသီးရှိ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အားခွဲရုံ များမှတဆင့် ပြည်သူလူထုအသုံးပြုနိုင်ရန် နိုင်ငံတော်ဓာတ်အားစနစ် (National Grid System) ဖြင့် ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပါသည်။

Published: Dec 15 Posted Under: Ministry News

ပြည်သူလူထံသို့ လျှပ်စစ်ဓာတ်အားတိုးတက်ဖြန့်ဖြူးပေး

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် ပြည်သူလူထုထံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားလိုင်း များ တိုးချဲ့ဖြန့်ဖြူးခြင်း၊ ဓာတ်အားခွဲရုံများ တိုးချဲ့တပ်ဆင်တည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ တိုးတက်သွယ်တန်းတပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါသည်။

Pages

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services