Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: May 27 Posted Under: Ministry News

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးနှင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်သည့် သတင်း

            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် ကမ္ဘာ့ဘဏ်အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးနှင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို (၁၈-၅-၂၀၁၆) ရက်နေ့ နံနက် (၀၉ : ၀၀) နာရီတွင် နေပြည်တော်ရှိ သင်္ဂဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Published: May 16 Posted Under: Ministry News

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးဖေဇင်ထွန်း ကျောက်ဆည်မြို့နှင့် မြင်းခြံမြို့တို့ရှိ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ မန္တလေးလျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းနှင့်အမှတ်(၁)ဓာတ်မြေသြဇာစက်ရုံ(စလေ)တို့သို့သွားရောက်ကြည့်ရှု

          အချိန်ကာလတိုအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် အတွက် သဘာဝ ဓာတ်ငွေ့သုံး  လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် အင်ဂျင်စက်များ (Gas Engine Generators) အား အငှားစာချုပ်ဖြင့် ဆောင်ရွက်လျက်ရှိသည့်ကျောက်ဆည်မြို့စက်မှုဇုန်ရှိ ကျောက်ဆည် (၁၁၀) မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံနှင့် ရက်ပေါင်း (၁၀၀) စီမံချက်တွင်ပါဝင်သော မြင်းခြံမြို့ရှိ မြင်းခြံ (၁၃၃) မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံနေရာများသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဖေဇင်ထွန်း နှင့် တာဝန်ရှိသူများအဖွဲ့သည် ၂၀၁၆ ခုနှစ်၊ မေလ (၁၃) ရက်နှင့် (၁၄) ရက်နေ့ များတွင်  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Published: May 05 Posted Under: Ministry News

ဓာတ်အားပြတ်တောက်မှုနှင့် ပတ်သက်၍ (ဓာတ်အားစနစ် ပြတ်တောက်မှု − System Break)

          ဟာ… မီးပျက်သွားပြီ .. ဒီတစ်ခါ ပျက်သွားတာ တစ်မြို့လုံး မှောင်သွားတာဘဲ … ဘောလုံးပွဲကြည့်ကောင်းနေတုန်းမို့ ဆတ်တငံ့ငံ့.. ပူအိုက်လို့ လေအေးစက် … ပန်ကာလေ အကူနဲ့ နေရသူတွေကလည်း အိမ်အပြင် ထွက်ကြရ.. ထမင်းဟင်း မချက်ရသေးသူတွေကလည်း မီးသွေးဖိုဘဲ မီးမွှေးရမလိုလို.. ဘာကြောင့် မီးပျက်ရတာလဲ .. လျှပ်စစ်ရုံးကို ဖုန်းဆက်.. လျှပ်စစ်ဌာနတွေရဲ့ Website ​တွေကြည့်ရ .. တစ်ခြား မြို့တွေလည်း .. မီးလာသလား .. ဖုန်းဆက်မေးရ .. Facebook ကြည့်ကြနဲ့ .. မြို့တိုင်း မီးပျက်သွားတယ်တဲ့.. ဓာတ်အားစနစ် System Break ဖြစ်သွားတယ်တဲ့.. ဓာတ်အားစနစ် .. System Break ဆိုတာ ဘာလဲ 

Published: May 05 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု

          (၄-၅-၂၀၁၆) ရက်နေ့ (၁၀:၁၉) နာရီအချိန်ခန့်တွင် ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတွင် တပ်ဆင်အသုံးပြုလျက်ရှိသည့် Circuit Breaker ၏ Trip Coil မှာ မီးလောင်ကျွမ်းပြီး ဓာတ်အားပေးစက်များ ရပ်တန့်မှုဖြစ်ပွားခဲ့ပါသည်။ ထို့ပြင် ရွှေလီ (၁) ဓာတ်အားပေးစက်ရုံတွင် ဓာတ်အားထုတ်လုပ်မောင်းနှင်လျက်ရှိသော ဓာတ်အားပေးစက်များလည်း ရပ်တန့်မှုဖြစ်ပွားခဲ့ပါသည်။

Published: May 03 Posted Under: Ministry News

အထက်မြန်မာပြည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုသတင်း

မြန်မာနိုင်ငံ မဟာဓာတ်အားစနစ်မှ အများပြည်သူ လျှပ်စစ်မီးသုံးစွဲရန်အတွက် ယခုကာလတွင် မဂ္ဂါဝပ် (၂၇၀၀) ခန့် ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးလျက်ရှိပါသည်။ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားများကို ၁၃၂ ကေဗွီ ၊ ၂၃၀ ကေဗွီ မဟာ ဓာတ်အားလိုင်းများဖြင့် ပို့လွှတ်လျက်ရှိရာ ၂၀၁၆ခုနှစ်၊ ဧပြီလ(၃၀)ရက် ညနေ(၃:၃၇)အချိန် တွင် လေပြင်းတိုက်ခတ်သဖြင့် သပြေဝ-တောင်တွင်းကြီး ၂၃၀ကေဗွီ မဟာဓာတ်အားလိုင်း ယာယီအပြစ်ဖြစ်ပြီး ဓာတ်အားပြတ်တောက်ခဲ့ပါသည်။

Pages

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services