Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန

တာဝန်ဝတ္တရားများ

ပစ္စည်းဖြည့်တင်းရေးဌာနခွဲ

၁။     လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန လက်အောက်ရှိ ပစ္စည်းဖြည့်တင်းရေးဌာနခွဲသည် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ပြည်တွင်းတွင် ထုတ်လုပ်သော (ဘိလပ်မြေနှင့်ကြွေထည် မြေထည်ပစ္စည်းများ၊  သံချောင်းလုံး၊ သံပြားနှင့် သံထည်ပစ္စည်းများ၊ ဒီဇယ်ဆီ၊ ဓာတ်ဆီနှင့် စက်ဆီ/ချောဆီများကဲ့သို့သော တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ ပြည်ပတွင် ထုတ်လုပ်သော စက်ရုံသုံးတာဘိုင်၊ ဂျင်နရေတာနှင့် စက်မှု/လျှပ်စစ်ပစ္စည်းများ၊ မြေသားလုပ်ငန်း သုံးစက်/ယန္တရားကြီးများနှင့် စက်အရံပစ္စည်းများ၊ ဥမင်လှိုဏ်တူး စက်/ယန္တရားကြီးများနှင့် စက်အရံပစ္စည်းများ၊ ဘူမိ၊ စူးစမ်း လုပ်ငန်းသုံးစက်ယန္တရားများနှင့် အရံပစ္စည်းများအား နည်းလမ်း အသွယ်သွယ်ဖြင့် ဝယ်ယူဖြည့်တင်းခြင်း၊ တိုက်ရိုက်လွှဲပြောင်းဖြန့်ဖြူးခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်း၊ စီမံကိန်းများမှ တောင်းခံမှုအလိုက်ထုတ်ပေးခြင်းတို့ကို စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် အဓိက အထောက်အကူပြု ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။     ပစ္စည်းဖြည့်တင်းရေးဌာနခွဲ(ရုံးချုပ်)တွင် ညွှန်ကြားရေးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး(ပြည်တွင်း) ရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး (ပြည်ပ)ရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး(စက်မှု/လျှပ်စစ်) ရုံးများဖြင့် ဖွဲ့စည်းထားလျက် အောက်ပါ အဓိကလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိ ပါသည်-

(က)  ပြည်တွင်းထုတ်ပစ္စည်းများ ဝယ်ယူခြင်း၊

( ခ )  ပြည်ပထုတ်ပစ္စည်းများ ဝယ်ယူခြင်း၊

( ဂ )  ပစ္စည်းများရှင်းလင်းရွေးယူခြင်း၊

(ဃ)  ပစ္စည်းများလက်ခံ၊ သိုလှောင်ထိန်းသိမ်း၊ ထုတ်ပေးခြင်း၊

 

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services