Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

တာဝန်ဝတ္တရားများ

၁။ ဝန်ကြီးဌာနကချမှတ်ပေးထားသော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးမူဝါဒနှင့် ရည်မှန်းချက်များကို အောက်ဖော်ပြပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေပါသည်-
(က) လျှပ်စစ်စွမ်းအားဦးစီးဌာနက လျှပ်စစ်စွမ်းအားကဏ္ဍနှင့် စပ်လျဉ်း၍ ရေတိုရေရှည် အစီအမံများရေးဆွဲရာတွင် မိမိလုပ်ငန်းနှင့်သက်ဆိုင်သော သတင်းအချက်အလက်နှင့် စာရင်းအင်းများကိုပြုစုပေးခြင်း။
(ခ) ဓာတ်အားစနစ်ပြင်ပတွင်ရှိသည့် မိမိလုပ်ငန်းဌာနပိုင် အသေးစားရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊  ဒီဇယ်ဓာတ်အားပေးစက်ရုံများနှင့် အနာဂတ်တွင်ဖြစ်ပေါ်လာမည့် ဓာတ်အားစနစ်နှင့် ဆက်သွယ်ထားခြင်းမရှိသော မိမိဒေသအတွင်းသီးခြားဓာတ်အား ဖြန့်ဖြူးပေးမည့် ဓာတ်အားပေးစက်ရုံများ၏တည်ဆောက်ရေးလုပ်ငန်း၊ ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများကိုဆောင်ရွက်ခြင်း။
(ဂ) မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့် ပြည်တွင်းပြည်ပ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ အိမ်နီးချင်းနိုင်ငံများမှ လျှပ်စစ်ဓာတ်အားဝယ်ယူခြင်း။
(ဃ) မိမိတာဝန်ယူရသော ဒေသအသီးသီးတွင် ဓာတ်အားသုံးသူပြည်သူလူထုနှင့် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် စက်ရုံများနှင့် လုပ်ငန်းများ ၊ စက်မှုဇုံများသို့ ဓာတ်အားဖြန့်ဖြူးရောင်းချခြင်း ။
(င) ဝန်ကြီးဌာနသတ်မှတ်ပေးသော ဓာတ်အားထုတ်လုပ်ခြင်း၊ ဓာတ်အားဖြန့်ဖြူးရောင်းချခြင်းနှင့် စပ်လျဉ်းသည့် လျာထားချက်များပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

၂။    အပိုဒ် (၁) ပါလုပ်ငန်းသတ်မှတ်ချက်များ၌ အနာဂတ်တွင် အကျုံးဝင်လာမည့် လုပ်ငန်းတာဝန်များကိုဆောင်ရွက်ခြင်း ။

၃။    ဓာတ်အားဖြန့်ဖြူးရေး စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခြင်း ။

၄။    နှစ်စဉ် ရသုံးခန့်မှန်းခြေငွေစာရင်းများပြုစုခြင်း။

၅။    ဓာတ်အားသုံးစွဲသူများသို့ အရည်အသွေးပြည့်မီတည်ငြိမ်သော ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ခြင်း။

၆။    နည်းပညာဆိုင်ရာ လျှပ်စစ်စွမ်းအားပျောက်ဆုံးမှု (Technical Loss) လျှပ်စစ်မီတာ (kWh Meter) များ၏ ချို့ယွင်းမှုတို့ကြောင့် ဖြစ်ပေါ်သော လျှပ်စစ်စွမ်းအင် ပျောက်ဆုံးမှုတို့၏ မသမာမှု ၊ ပေါ့ဆမှုတို့ကြောင့် ဖြစ်ပေါ်သော လျှပ်စစ်စွမ်းအင်ပျောက်ဆုံးမှု( Non Technical Loss ) တို့လျော့နည်းအောင် ကြပ်မတ်ဆောင်ရွက်ခြင်း။

၇။    အများပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လျှပ်စစ်အသိပညာရရှိရေးတို့အတွက် ပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း။

၈။    လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် ပတ်သက်၍ ပုံမှန်မဟုတ်သောအခြေအနေများဖြစ်ပေါ် လာပါကအများပြည်သူများအချိန်နှင့် တပြေးညီသိရှိနိုင်ရေးအတွက် မြို့နယ် ၊ ရပ်ကွက်များအထိအသံချဲ့စက်များဖြင့်ကြေညာခြင်း၊ သတင်းစာနှင့် ရုပ်မြင်သံကြားတို့မှတဆင့် အသိပေးကြေညာခြင်း။

 

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services