Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

စီမံခန့်ခွဲရေးဌာန

နိဒါန်း

ဖွဲ့စည်းပုံခွင့်ပြုအင်အား ရေးဆွဲရေးလုပ်ငန်းများ၊ ဝန်ထမ်းဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းများ ရပိုင်ခွင့်နှင့်စည်းကမ်းထိန်းသိမ်းရေးကိစ္စရပ်များ၊ ဌာနအတွက်လိုအပ်သောမြေနေရာရရှိရေးနှင့် စာရင်း ပယ်ဖျက်ရေး၊ ဝန်ထမ်းများ ကျွမ်းကျင်မှု ပြည့်ဝတိုးတက်စေရန် လေ့ကျင့်သင်ကြားရေးကိစ္စများ၊ ပြည်နယ် / တိုင်းဒေသကြီးလက်အောက်ခံ အဖွဲ့အစည်းများအား အခါအားလျော်စွာစစ်ဆေးခြင်း၊ ညွှန်ကြားခြင်း၊ ကြပ်မတ်ခြင်းများကို ဆောင်ရွက်ရပါသည်။

ဦးဆောင်ညွှန်ကြားရေးမှူး

ဦးတင့်ဝေ

ရည်မှန်းချက်

ဦးဆောင်ညွှန်ကြားရေးမှူးထံ တာဝန်ခံ၍ ဖွဲ့စည်းပုံခွင့်ပြုအင်အား ရေးဆွဲရေးလုပ်ငန်းများ၊ ဝန်ထမ်းဆိုင် ရာကိစ္စရပ်များ၊ ခန့်ထားရေး၊တိုးမြှင့်ရေး ပြောင်းရွှေ့ရေး၊ ဝန်ထမ်းများရပိုင်ခွင့်နှင့် စည်းကမ်းထိန်းသိမ်းရေး ကိစ္စရပ်များ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းအတွက် လိုအပ်သော မြေနေရာနှင့် အဆောက်အဦများ၊ ဝန်ထမ်းများကျွမ်းကျင်မှု ပြည့်ဝတိုးတက်စေရန် လေ့ကျင့်သင်ကြား ရေးကိစ္စများ၊ ပြည်နယ်/တိုင်းဒေသကြီး လက်အောက်ခံအဖွဲ့အစည်းများအား အခါအားလျော်စွာ စစ်ဆေးခြင်း၊ ညွှန်ကြားခြင်း၊ကြပ်မတ်ခြင်းများကို ဆောင်ရွက်ရသည့်အပြင် ဦးဆောင်ညွှန်ကြားရေးမှူး မှ သတ်မှတ်ပေးသည့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရပါသည်။  

တာဝန်ဝတ္တရားများ

(က)    ဖွဲ့စည်းပုံရေးဆွဲခြင်း ၊ ဝန်ထမ်းများဌာနပြောင်းရွှေ့ခြင်း၊ ရာထူးအဆင့်တိုးမြှင့်ခြင်း၊ ဝန်ထမ်း ခန့်ထားခြင်း၊နှုတ်ထွက်ခွင့်ပြုခြင်း။

( ခ)    ဝန်ထမ်းများ၏ ခွင့်ကိစ္စများ ၊ နှစ်တိုးလစာခံစားခြင်း ၊ လုပ်သက်ဆက်စပ်ခြင်း ၊ အငြိမ်းစားယူခြင်း ၊ ထိခိုက်မှုလျော်ကြေးခံစားခြင်း ၊ လူမှုဖူလုံရေးခံစားခွင့်များ ဆောင်ရွက်ပေးခြင်း

( ဂ)    အရာထမ်း/အမှုထမ်းများအား သင်တန်းများသို့ စေလွှတ်ခြင်း။

(ဃ)    ဝန်ထမ်းစည်းမျဉ်း စည်းကမ်းထိန်းသိမ်းခြင်း၊ အပြစ်ပေးအရေးယူခြင်း။

( င)    လစာငွေထုတ်ပေးခြင်း၊ ဝန်ထမ်းသက်သာ ကိစ္စရပ်များနှင့် ဝန်ထမ်းဝတ်စုံကိစ္စရပ်များ ဆောင်ရွက်ခြင်း။

( စ)    စာရင်းပယ်ဖျက်ခြင်း၊ လေလံကိစ္စရပ်များဆောင်ရွက်ခြင်း၊ စာပေးစာယူကိစ္စရပ်များဆောင်ရွက်ခြင်း။

(ဆ)    မြေသိမ်းဆည်းရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ ဝန်ထမ်းများ အိမ်ခန်းနေရာချထားခြင်း၊ လုံခြုံရေးနှင့် အထွေထွေတာဝန်ချထားခြင်း။

( ဇ)    ဝန်ထမ်းအင်အားစာရင်း ထိန်းသိမ်းခြင်း၊ ဝန်ထမ်းများ၏ ကိုယ်ရေးရာဇဝင်အား မှတ်တမ်းကတ်တွင် ထည့်သွင်းခြင်း၊ ကိုယ်ရေးဖိုင်များ ထိန်းသိမ်းခြင်း။

ဌာနဖွဲ့စည်းပုံ

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services