Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

ဘဏ္ဍာရေးဌာန

နိဒါန်း    

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းအတွက် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်း တာဝန်များကို လုပ်ဆောင်ပါသည်။

အထွေထွေမန်နေဂျာ

အမည်        -      ဒေါ်စန်းစန်းဝင်း

ရည်မှန်းချက်

(က) ရသုံးမှန်းခြေဌာနစိတ်
(ခ) ကွန်ပျူတာဌာနစိတ်
(ဂ) ဝင်ငွေဌာနစိတ်
(ဃ) ငွေစာရင်းဌာနစိတ်
(င) ငွေပေးဌာနစိတ်
(စ) စာရင်းပေါင်းချုပ်ဌာနစိတ်
(ဆ) စာရင်းစစ်ဌာနစိတ်
(ဇ) ပစ္စည်းစာရင်းဌာနစိတ်
(ဈ) ငွေတိုက်ဌာနစိတ်
(ည) လစာ/ ပင်စင်ဌာနစိတ်
(ဋ) အထွေထွေဌာနစိတ်     

တာဝန်ဝတ္တရားများ

(က) ရသုံးမှန်းခြေငွေစာရင်းဌာနစိတ်၏ လုပ်ငန်းတာဝန်များ
     (၁) ဘတ်ဂျက်ရေးဆွဲခြင်း။
     (၂) ရုံးချုပ်နှင့်ပြည်နယ်တိုင်းများသို့ Budget ခွင့်ပြုငွေများ ခွဲဝေပေးခြင်း။       

(ခ) ကွန်ပျူတာဌာနစိတ်၏လုပ်ငန်းတာဝန်များ
     (၁) လစဉ် ငွေစာရင်း၊ ပစ္စည်းစာရင်း၊ လစာစာရင်းများနှင့် အခြားစာရင်းများရိုက်နှိပ်ခြင်း။          

(ဂ) ဝင်ငွေဌာနစိတ်၏လုပ်ငန်းတာဝန်များ
     (၁) ပြည်နယ်/တိုင်းများ ရောင်းရယူနစ်၊ တောင်းခံငွေ၊ ကောက်ခံရငွေစာရင်းပုံစံ (၂၅၀) များမှ စာရင်းချုပ်ပြုစုပြီး ငွေစာရင်းဌာနသို့ ပေးပို့ခြင်း။
     (၂) လအလိုက်ရောင်းရယူနစ်၊ တောင်းခံငွေ၊ ကောက်ခံရငွေ၊ ကြွေးကျန်စာရင်းများ ပြုစု၍ ဝန်ကြီးရုံးသို့ တင်ပြခြင်း။

(ဃ) ငွေစာရင်းဌာနစိတ်၏လုပ်ငန်းတာဝန်များ
     (၁) တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လစဉ်ပေးပို့သော ရငွေသုံးငွေစာရင်း(ပုံစံ-၃၃(က), ၄(က),၄)များရေးဆွဲခြင်း   

(င) ငွေပေးဌာနစိတ် ၏လုပ်ငန်းတာဝန်များ
     (၁) ဘတ်ဂျက်ရန်ပုံငွေ လျာထားချက်အတွင်း အသုံးစရိတ်များကို စိစစ်ပေးခြင်း

(စ) စာရင်းပေါင်းချုပ် ဌာနစိတ်၏လုပ်ငန်းတာဝန်များ
     (၁) အရှုံး/အမြတ်နှင့် လက်ကျန်ရှင်းတမ်းရေးဆွဲခြင်း။

(ဆ) စာရင်းစစ်ဌာနစိတ်၏လုပ်ငန်းတာဝန်များ
     (၁) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရုံးများကို စစ်ဆေးခြင်း

(ဇ) ပစ္စည်းစာရင်းဌာနစိတ် ၏လုပ်ငန်းတာဝန်များ
     (၁) တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပေးပို့သော ပစ္စည်းရရှိ/ ထုတ်ပေးလွှာ (ပုံစံ-၂၅ (ခ) နှင့် ၁၅၉) ကို တန်ဖိုးသင့်ပေးခြင်း။
     (၂)   ပုံသေပိုင်ပစ္စည်း လက်ကျန်တန်ဖိုးများ တွက်ချက်ခြင်း။

(ဈ) ငွေတိုက်ဌာနစိတ်
     (၁) ရငွေများကို လက်ခံခြင်းနှင့် အသုံးစရိတ်များထုတ်ပေးခြင်း။
     (၂) ရုံးချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ အသုံးစရိတ်များအတွက်ငွေထုတ် ကန့်သတ်ချက်ထုတ်ပေးခြင်း။

(ည) လစာ/ ပင်စင်ဌာနစိတ်၏လုပ်ငန်းတာဝန်များ
     (၁) ရုံးချုပ်လက်အောက်ရှိ ဝန်ထမ်းများ၏ လစာရေးဆွဲခြင်းနှင့် ဖြတ်ငွေစာရင်းများ ပြုစုခြင်း    
     (၂) အငြိမ်းစားလစာပုံစံများကို စစ်ဆေးတွက်ချက်ပြီး ပင်စင်ဦးစီးဌာနသို့ ပေးပို့ခြင်း၊ပင်စင်ခံစားခွင့်များထုတ်ပြန်ခြင်း။             

(ဋ) အထွေထွေဌာနစိတ်၏လုပ်ငန်းတာဝန်များ
     (၁) ဘဏ္ဍာရေးဌာန၏ အထွေထွေလုပ်ငန်းကိစ္စရပ်များဆောင်ရွက်ပေးခြင်း။

ဌာနဖွဲ့စည်းပုံ


 

ဆက်သွယ်ရန်

ဒေါ်စန်းစန်းဝင်း
အထွေထွေမန်နေဂျာ(ဘဏ္ဍာ)
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း
ဖုန်းနံပါတ်-၀၆၇-၄၃၁၂၆၃၊ ၀၉-၈၆၀၃၀၂၆

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services