Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန

နိဒါန်း

အများပြည်သူသို့ ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း(Distribution) လုပ်ငန်းကိုအဓိကလုပ်ဆောင်ပါသည်။ နှစ်စဉ်တိုးတက်လာသောမီးသုံးသူနှင့် ဓာတ်အားလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံတော်မှဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများအသစ်တည်ဆောက်ခြင်း၊လက်ရှိဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများအဆင့်မြှင့်တင်ခြင်းတို့ကိုဆောင်ရွက်ပါသည်။

အင်ဂျင်နီယာဦးစီးချုပ်

ဦးတင်မောင်၀င်း

ရည်မှန်းချက်

- အများပြည်သူသို့ ဗို့အားပြည့်မီစွာဖြင့် စဉ်ဆက်မပြတ်ဓာတ်အားဖြန့်ဖြူးနိုင်ရေး။
- ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများသန့်ရှင်း၊ကြံ့ခိုင်ကောင်းမွန်ရေး
- ဓာတ်အားပျောက်ဆုံးမှုလျော့နည်းရေး
- လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး

ဌာနဖွဲ့စည်းပုံ

တာဝန်ဝတ္တရားများ

(က) အများပြည်သူအလင်းရောင်သုံးနှင့် စက်မှုလက်မှုသုံးဓာတ်အားဖြန့်ဖြူးခြင်း။

(ခ) တိုးတက်တောင်းခံလာသောဓာတ်အားတောင်းခံမှုများအားတိုးချဲ့ဖြန့်ဖြူးနိုင်ရန်ဆောင်ရွက်ခြင်း။

(ဂ ) ဓာတ်အားဖြန့်ဖြူးရေးစနစ် တိုးချဲ့ရေးအတွက် အချက်အလက်စုဆောင်းခြင်းနှင့်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း။

(ဃ) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအတွက် လိုအပ်သောပစ္စည်းများတွက်ချက်ခြင်း။

(င ) လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း။

(စ ) နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနစွမ်းအင်လုပ်ငန်း ဆပ်ကော်မတီ၏ လုပ်ငန်းများဆောင်ရွက်ခြင်း။

 

တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဓာတ်အားလိုင်းအမျိုးမျိုးစာရင်း (၅/၂၀၁၄)

တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဓာတ်အားခွဲရုံအမျိုးမျိုးစာရင်း  (၅/၂၀၁၄)

တိုင်းဒေသကြီး/ပြည်နယ်များအတွင်းကျေးရွာများမီးလင်းမှုအခြေအနေ  (၅/၂၀၁၄)

ဆက်သွယ်ရန်

ဦးတင်မောင်၀င်း
အင်ဂျင်နီယာချုပ်
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း
ဖုန်းနံပါတ် - ၀၆၇-၄၃၁၂၆၈,၀၉-၈၆၀၁၅၆၃

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services