Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

အင်ဂျင်နီယာထောက်ကူဌာန

နိဒါန်း

လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ သယ်ပို့ခြင်း၊ဖြန့်ဖြူးခြင်းတို့နှင့် ပတ်သက်၍ဓာတ်အားစနစ် ပြင်ပတွင်ရှိသောမြို့ ကျေးရွာများအားအသေးစား ရေအားလျှပ်စစ်စက်ရုံ သို့မဟုတ် ဒီဇယ်ဓာတ်အားပေးစက်များဖြင့် ဓာတ်အားဖြန့်ဖြူးနိုင်ရေး ၊ Power Quality ပြည့်မီရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် တည်ဆောက်တပ်ဆင်ခြင်း၊ ထိန်းသိမ်းမောင်းနှင်ခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ၊ မော်တော်ယာဉ်များ၊ စက်ယန္တရားများထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများနှင့် မြို့ပြဆိုင်ရာအဆောက်အဦများအား အသစ်တည်ဆောက်ပေးခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ပါသည်။

အင်ဂျင်နီယာဦးစီးချုပ်

ဦးတင်မောင်ဦး

ရည်မှန်းချက်

အင်ဂျင်နီယာချုပ် ၊ အင်ဂျင်နီယာထောက်ကူဌာနသည် ဦးဆောင်ညွှန်ကြားရေးမှူးထံ တာဝန်ခံ၍ ဓာတ်အားထုတ်လုပ်သောစက်များကို စရိတ်သက်သာစွာဖြင့် ထိန်းသိမ်းမောင်းနှင်နိုင်ရန် လေ့လာချက် များ၊ အစီအစဉ်များရေးဆွဲ ဆောင်ရွက်ခြင်း၊ အသေးစားနှင့် အလတ်စားရေအား လျှပ်စစ်ဓာတ်အားပေး စက်များအစဉ် လည်ပတ်မောင်းနှင်နိုင်ရန် လိုအပ်သောလောင်စာဆီ ၊ စက်ပစ္စည်းကိရိယာစသည်များ အဆက်မပြတ်ရရှိရေးအတွက် အစီအစဉ်များရေးဆွဲ ဆောင်ရွက်ခြင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စစ်တမ်းများ၊ ထိန်သိမ်းပြုပြင်သည့် စစ်တမ်းများ၊ လချုပ်၊ နှစ်ချုပ် အစီရင်ခံစာများ ဆောင်ရွက်ခြင်း၊ ဓာတ်အားပေးစက်ရုံများ ခေတ်မီရေး၊ လုံခြုံရေးများကို ကြီးကြပ်ဆောင်ရွက်ခြင်း၊ မြို့ပြဆိုင်ရာ သတ်မှတ်ပေးသည့် အခြားလုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ရပါသည်။ အင်ဂျင်နီယာ ထောက်ကူဌာန၏ ကဏ္ဍအားလုံးကို ကြီးကြပ်ကွပ်ကဲရပါသည်။

တာဝန်ဝတ္တရားများ

- ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ခြင်း မရှိသောမြို့၊ ကျေးရွာများတွင် ဒီဇယ်ဓာတ်အားပေးစက် များဖြင့် ဓာတ်အားပေးခြင်း။

- ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ခြင်းမရှိသောမြို့၊ ကျေးရွာများတွင် အသေးစားရေအား လျှပ်စစ်စက်များဖြင့် ဓာတ်အားပေးခြင်း။

- ဒီဇယ်ဓာတ်အားပေးစက်ရုံနှင့် အသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများကို အသစ် (သို့) တိုးချဲ့တည်ဆောက် တပ်ဆင်ခြင်း၊ ထိန်းသိမ်း မောင်းနှင်ခြင်းနှင့် ထိန်းသိမ်း ပြုပြင်ခြင်း။

- ဓာတ်အားစနစ် မရရှိသော နေရာများတွင် ဒီဇယ်ဓာတ်အားပေးစက်များ၊ အသေးစားရေအား လျှပ်စစ်များဖြင့် ဓာတ်အားရရှိရေး ဆောင်ရွက်ခြင်း။

- လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း သုံးမော်တော်ယာဉ်များနှင့် စက်ယန္တရားများအား ထိန်းသိမ်းပြုပြင်ခြင်း။

- တောင်ပိုင်းအလုပ်ရုံ (ရန်ကုန်)တွင် ဒီဇယ်ဓာတ်အားပေးစက်များ ပြုပြင်ခြင်း၊ အသေးစားရေအား လျှပ်စစ်ဓာတ်အားပေးစက်များ ပြုပြင်ခြင်း။

- မြို့ပြအဆောက်အဦများ (ဝန်ထမ်းအိမ်ရာများ၊ ရုံးများ၊ စတိုဂိုဒေါင်များ၊ ခွဲရုံအဆောက်အဦများ၊ ရိပ်သာများ) တို့ကိုအသစ် ဆောက်လုပ်ပေးခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်း။

ဆက်သွယ်ရန်

ဦးတင်မောင်ဦး

အင်ဂျင်နီယာချုပ်

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း

ဖုန်းနံပါတ် - ၀၆၇-၄၃၁၂၇၀, ၀၉-၈၆၀၁၀၃၂

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services