Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း

တာဝန်ဝတ္တရားများ

၁။ ဝန်ကြီးဌာနက ချမှတ်ပေးထားသော မူဝါဒများနှင့် ရည်မှန်းချက်များကို အကောင်အထည်ဖော်ခြင်း။
(က) ဓာတ်အားထုတ်လုပ်ရေး ရေတို၊ ရေရှည်အစီအမံများ ရေးဆွဲရာတွင် မိမိဌာန နှင့်သက်ဆိုင် သော သတင်းအချက်အလက်နှင့် ကိန်းဂဏန်းများကို သက်ဆိုင်ရာရုံးများသို့ ပြုစုပေးခြင်း။
(ခ) ၀န်ကြီးဌာနက သတ်မှတ်ပေးထားသော ဓာတ်အားထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း ကိန်းဂဏန်းများ ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း။
(ဂ) မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်းသို့ ဓာတ်အားရောင်းချပေးခြင်း။
(ဃ) အိမ်နီးချင်းနိုင်ငံ များ သို့ ဓာတ်အားရောင်းချပေးခြင်း။
(င) အပိုဒ်(၁) ပါလုပ်ငန်းနှင့် အနာဂတ်တွင် အကျုံးဝင်လာမည့် လုပ်ငန်းတာဝန်များဆောင်ရွက်ခြင်း။  

၂။ တည်ဆောက်ထားပြီး ဓာတ်အားပေးစက်ရုံ၏ မြို့ပြ၊စက်မှု၊လျှပ်စစ် ပိုင်းဆိုင်ရာများ အားပုံမှန် ထိန်းသိမ်း ဆောင်ရွက်ခြင်း။

၃။ ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု သက်တမ်းရှည်ကြာစွာ ထိန်းသိမ်း မောင်းနှင်ရေးနှင့် ရောင်းသူ၊ ဝယ်သူ အံဝင်ဂွင်ကျရှိစေရေး ကြီးကြပ် ဆောင်ရွက်ခြင်း။

၄။ ရေအားလျှပ်စစ်ထုတ်လုပ်ရန် လိုအပ်သော ရေပမာဏနှင့် လယ်ယာ စိုက်ပျိုးရေး အတွက် လိုအပ်မည့် ရေပမာဏများကို ညှိနှိုင်း သတ်မှတ်ရာတွင် သက်ဆိုင်ရာ ဌာနများနှင့် အတူ ပါဝင်ဆောင်ရွက်ခြင်း။

၅။ နှစ်စဉ်ရသုံးမှန်းခြေငွေစာရင်းများပြုစုခြင်း။

၆။ ဝန်ကြီးဌာနက အခါအားလျှော်စွာ သတ်မှတ်ထားသော လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်း။

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services