Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန

၁။     စီမံ​ခန့်​ခွဲ​ရေး​ဌာန​ခွဲ (Administration Branch) ၏​လုပ်​ငန်း​တာဝန်နှင့်​ဝတ္တရား​များ

(က)   စီမံ​ရေးရာနှင့်ပတ်သက်သည့် မူ​ဝါဒ​များ၊ နည်းဥပဒေ​များ၊ ညွှန်​ကြား​ချက်​များ ထိန်းသိမ်း​ခြင်း၊ ညွှန်​ကြား ချက်​များ​ထုတ်​ပြန်​ခြင်း၊

( ခ )   ဝန်​ထမ်း​များ​လိုက်နာ​ရန် စည်းမျဉ်း​စည်းကမ်း​များ​ရေး​ဆွဲ​ခြင်း၊ ထုတ်​ပြန်​ခြင်း၊

( ဂ )   ဝန်​ထမ်း​များ​အသစ်​ခန့်​ထား​ခြင်း၊ ပြောင်းရွှေ့​နေရာ​ချထား​ခြင်း၊ ရာထူး​တိုး​မြှင့် ပေး​ခြင်း၊ ပင်စင် ပေး​ခြင်း၊နှစ်​တိုး​ခံစား​ခွင့်​ပေး​ခြင်း၊ အလုပ်​သမား လျော်​ကြေးငွေ များ​ရ​ရှိ​ရေး​ဆောင်ရွက်​ခြင်း ၊ သက်သာ​ချောင်​ချိ​ရေး​ကိစ္စ​များ​ဆောင်ရွက်​ပေး​ခြင်း၊

(ဃ )  ဝန်​ထမ်း​များ​၏​ခွင့်​ခံစား​ခြင်း၊ နယ်ကျော်​ခရီးသွား​လာ​ခြင်း​ကိစ္စ​ရပ်​များ​ဆောင် ရွက်​ခြင်း၊

( င )   ညွှန်​ကြား​ရေး​မှူး​ချုပ်​ကိုယ်စား (ရုံး​ချုပ်) ဝန်​ထမ်း​လ​စာနှင့် အသုံးစရိတ်​များ​ကို စီစဉ်​ဆောင် ရွက်​ပေး​ခြင်း၊

( စ )   ဦးစီး​ဌာန​လုပ်​ငန်း​ညှိနှိုင်း​အဖွဲ့​ကိစ္စ​ရပ်​များ၊ အစည်းအဝေး​များ​ဆောင်ရွက်​ခြင်း၊ အမှုတွဲ​များ ထိန်းသိမ်း​ခြင်း၊

(ဆ )  ဝန်​ထမ်း​များ​၏​ကိုယ်​ရေးမှတ်​တမ်း​များ​ပြုစု​ခြင်း၊ ဖြည့်​စွက်​ခြင်း၊ ထိန်းသိမ်း​ခြင်း၊

( ဇ )   ပြည်​တွင်း​သင်​တန်း​များ​အတွက် ရွေးချယ်​စေလွှတ်​ခြင်း၊

(ဈ)    ပြည်​ပ​သင်​တန်း၊နိုင်ငံ​ခြား​ပ​ညာတော်​သင်၊ပြည်​ပ​လေ့​လာ​ရေး​ခရီး​များ​တွင် အဆို​ပြု​တင်ပြ​ခြင်း၊

(ည )  နိုင်ငံ​ခြား​သား​များ​၏ ဗီဇာ​ကိစ္စ​များ၊ ပြည်​တွင်း​နေထိုင်​မှု​ကိစ္စ​များ​ဆောင်ရွက်​ခြင်း၊

( ဋ )   အရေးကြီး​ပုဂ္ဂိုလ်​များ​၏ ခရီး​စဉ်​များ​စိစစ်​ခြင်း၊ဧည့်​ရိပ်​သာ​များ​စီစဉ်​ခြင်း၊

( ဌ )   နိုင်​ငံတော်​မှ​ချီး​မြှင့်​သည့်ဘွဲ့​ထူး၊ ဂုဏ်​ထူး​များ​အတွက် စိစစ်​ခြင်း၊ ထောက်ခံ တင်ပြ​ခြင်း၊ ချီး​မြှင့်​ခြင်း၊

( ဍ )   မီး​ဘေးကာ​ကွယ်​ရေး​အတွက် ညွှန်​ကြား​ချက်​များ​ထုတ်​ပြန်​ခြင်း၊ လုံခြုံ​ရေး၊ စည်းကမ်း​ထိန်း သိမ်း​ရေး​ကိစ္စ​များ​ဆောင်ရွက်​ခြင်း၊

( ဎ )   ဝန်​ထမ်း​များ​အား စည်းကမ်း​ထိန်းသိမ်း​ရေး လက်စွဲ​ပါ​အတိုင်း အရေးယူ​ဆောင် ရွက်​ခြင်း၊

ဆက်သွယ်ရမည့်ပုဂ္ဂိုလ်

ဦးကျော်​ဇေ​ယျ
ညွှန်​ကြား​ရေး​မှူး (စီမံ)
စီမံ​ခန့်​ခွဲ​ရေး​ဌာန​ခွဲ
ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး​ဦးစီး​ဌာန
ရုံး​အမှတ် (၂​၇)၊ နေပြည်တော်
ဖုန်း - ၀​၆​၇-၄​၁​၃​၁​၉​၄
ဖက်စ် - ၀​၆​၇-၄​၁​၃​၁​၉​၄

 

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services