Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန စီမံကိန်းနှင့်လုပ်ငန်းဌာနခွဲ

(က)  နိုင်ငံတော်နှစ်စဉ် ရင်းနှီးမြှပ်နှံမှုအစီအစဉ်နှင့် ပတ်သက်သည့် ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှု ရေးအခြေအနေတို့နှင့်ပတ်သက်သည့် အစီရင်ခံစာများတွင် ရေအားလျှပ်စစ်ကဏ္ဍများတင် ပြခြင်း၊

( ခ )  နှစ်စဉ်သာမန်/ငွေလုံးငွေရင်းရသုံးမှန်းခြေစာရင်းများ တွက်ချက်တင်ပြ၍ ရန်ပုံငွေရရှိရန် ဆောင်ရွက်ခြင်း၊ ဖြည့်စွက်ခွင့်ပြုငွေများရရှိရန် ဆောင်ရွက်ခြင်း၊ ရန်ပုံငွေခေါင်းစဥ်များ လွွှဲ ပြောင်းသုံးစွဲခွင့်ရရှိရန်ဆောင်ရွက်ခြင်း၊ ပိုလျှံငွေများရှိကပြန်လည်အပ်နှံခြင်း၊

( ဂ )  နှစ်စဉ်ငွေလုံးငွေရင်း ရသုံးမှန်းခြေစာရင်းတွင် ပါဝင်သည့် စီမံကိန်းလုပ်ငန်းများ၏ တည်ဆောက်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးလုပ်ငန်းစိစစ်ညှိနှိုင်းရေးအဖွဲ့သို့ တင်ပြအတည် ပြုချက်ရယူမည့် အစီရင်ခံစာပြုစုတင်ပြခြင်း၊

( ဃ ) နှစ်စဉ်ငွေလုံးငွေရင်းရသုံးမှန်းခြေစာရင်းတွင်ပါဝင်သည့် စီမံကိန်းလုပ်ငန်းများ၏ စက်ယန္တရား များဝယ်ယူခြင်းကိစ္စရပ်များကို စက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဌာန (Equipment Control Committee) သို့တင်ပြအတည်ပြုချက် ရယူမည့် အစီရင်ခံစာများ ပြုစုတင်ပြခြင်း၊

( င )  စီမံကိန်းလုပ်ငန်းအသီးသီးမှ ပြုစုတင်ပြလာသည့် အပတ်စဉ်၊ လစဉ်လုပ်ငန်း တိုးတက်မှုများ ကိုစိစစ်ခြင်း၊ စစ်ဆေးခြင်း၊ သုံးသပ်ခြင်းများ ပြုလုပ်၍ ဝန်ကြီးဌာနနှင့် အထက်အဖွဲ့အစည်း များသို့ပြုစုတင်ပြခြင်း၊

( စ )  စီမံကိန်းလုပ်ငန်းအသီးသီးမှတင်ပြလာသည့် သုံးလပတ်ရန်ပုံငွေတောင်းခံ ချက်များကို လုပ် ငန်းအစီအစဉ်များဖြင့် တိုက်ဆိုင်စိစစ်လျက် ညွှန်ကြားရေးမှူး ချုပ်သို့ ထောက်ခံတင်ပြခြင်း၊

(ဆ ) အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာဘဏ်များနှင့် အခြားနိုင်ငံများ၏ ချေးငွေ၊ ထောက်ပံ့ငွေများနှင့် ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများ၏ အကောင်အထည်ဖော်မှု အခြေအနေနှင့် တိုးတက်မှုအစီရင်ခံစာများကို လစစဉ်စိစစ်သုံးသပ်တင်ပြခြင်း၊

( ဇ )  အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာဘဏ်များ၊ အခြားနိုင်ငံများ၏ ချေးငွေ၊ ထောက်ပံ့ငွေများနှင့် ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများတွင် ချေးငွေ၊ ထောက်ပံ့ငွေ ရယူသော အဖွဲ့အစည်းများ၊ ဘဏ်များ၊နိုင်ငံများနှင့်ဆက်သွယ်ဆောင်ရွက်ခြင်း၊ ၄င်းစီမံကိန်း များတွင် ဖွဲ့စည်းထားသော စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီ၊ ကြီးကြပ်မှုကော် မတီများ၏ အစည်းအဝေးများခေါ်ယူကျင်းပရာတွင် စီမံဆောင်ရွက်ခြင်း၊ မှတ်တမ်းများပြုစု ခြင်း၊

( ဈ ) နိုင်ငံတော် အထူးစီမံကိန်းများအကောင်အထည်ဖော်ရေးကော်မတီ၊ နိုင်ငံတော်လျှပ်စစ်စွမ်း အားဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းကော်မတီများသို့ တင်ပြမည့် စီမံကိန်းများနှင့်သက်ဆိုင်သည့် အမှာစာများ၊ အစီရင်ခံစာများပြုစုခြင်း၊ တင်ပြခြင်း၊

(ည ) စီမံကိန်းပြီးစီးမှု အစီရင်ခံစာများ၊ နှစ်ချုပ်အစီရင်ခံစာပြုစုတင်ပြခြင်း၊

( ဋ ) စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်သော မြေသိမ်းယူခြင်းကိစ္စများဆောင် ရွက်ခြင်း၊ လျော်ကြေးငွေများပေးဆောင်ရန် ကိစ္စများဆောင်ရွက်ခြင်း၊

( ဌ )  အခြားလုပ်ငန်းနှင့်ဦးစီးဌာနများ၏ ရန်ပုံငွေအဖြစ်ဆောင်ရွက်သော အပ်ငွေလုပ်ငန်းများ၊ ဆောင်ရွက်ရာတွင် ကြီးကြပ်ကွက်ကဲခြင်း၊

( ဍ )  အရေးကြီးပုဂ္ဂိုလ်များ၏ ခရီးစဉ်မှတ်တမ်းပြုစုခြင်း၊ ဆုံးဖြတ်ချက်များအတိုင်း အရေးယူ ဆောင်ရွက်ရန် ညွှန်ကြားခြင်း၊ အရေးယူဆောင်ရွက်မှုများ စိစစ်ကြပ်မတ်ခြင်း၊

( ဎ )  ရေအားလျှပ်စစ်လုပ်ငန်းနှင့်ပတ်သက်၍ သတင်းဖြန့်ချီရေး၊ ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်၍ နေ့စဉ်သတင်းစာများတွင် ပါရှိလာသော ဌာနဆိုင်ရာနှင့် ဝန်ကြီးဌာနဆိုင်ရာ သတင်းများကို ကောက်နှုတ်တင်ပြခြင်း၊ အရေးယူဆောင်ရွက်ခြင်း။

ဆက်သွယ်ရမည့်ပုဂ္ဂိုလ်

ဒေါက်တာမောင်မောင်ကျော်
ညွှန်ကြားရေးမှူး (စီ/လုပ်)
စီမံကိန်းနှင့်လုပ်ငန်းဌာနခွဲ
ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန
ရုံးအမှတ် (၂၇)၊ နေပြည်တော်
ဖုန်း - ၀၆၇-၄၁၀၂၅၇
ဖက်စ် - ၀၆၇-၄၁၀၄၃၁

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services