Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန

ငွေစာရင်းဌာနခွဲ (Accounts Branch) ၏လုပ်ငန်းတာဝန်နှင့်ဝတ္တရားများ

(က)  ဌာနဆိုင်ရာရငွေနှင့် အသုံးစရိတ်များကို စာရင်းပြုစုခြင်း၊

( ခ )  ဌာနတွင်းစာရင်းစစ်ဆေးခြင်း၊

( ဂ )  ဦးစီးဌာနအနေဖြင့်လည်းကောင်း၊ ဌာနလက်အောက်ရှိစီမံကိန်းများ၊ ရုံးများအနေဖြင့်လည်း ကောင်း လိုက်နာကျင့်သုံးရမည့် ငွေစာရင်းဥပဒေများ၊ နည်းဥပဒများရေးဆွဲခြင်း၊ ညွှန်ကြား ချက်များထုတ်ပြန်ခြင်း၊

(ဃ ) ငွေစာရင်းဆိုင်ရာ ဝန်ထမ်းအဆင့်ဆင့်၏ လိုက်နာကျင့်သုံးရမည့် ငွေစာရင်းဆိုင်ရာ ညွှန် ကြားချက်များထုတ်ပြန်ခြင်း

( င )  အခါအားလျော်စွာ ဌာနတွင်း ငွေစာရင်းသင်တန်းဖွင့်လှစ်ပို့ချခြင်း၊

( စ )  နိုင်ငံတော်မှဖွင့်လှစ်သောငွေစာရင်းသင်တန်းများသို့ ဝန်ထမ်းများအား စေလွှတ်၍သင်တန်း များတက်ရောက်စေခြင်း၊

(ဆ ) ဌာနအနေဖြင့် ပေးရန်ရှိသည့် နိုင်ငံခြားချေးငွေများနှင့်ပတ်သက်၍ ဆောင်ရွက်ခြင်း၊

( ဇ )  မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊

(ဈ )  နိုင်ငံခြားသုံးငွေလွတ် (FE) များသုံးစွဲခွင့်လျှောက်ထားခြင်း၊ နိုင်ငံခြားငွေလွှဲစာတမ်း (LC) များ ဖွင့်လှစ်ခြင်းနှင့် ပေးခေျခြင်းများအတွက်ဆောင်ရွက်ခြင်း၊

(ည ) အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်လာသော နိုင်ငံတော်ပိုင်ငွေသားများကို စာရင်းမှပယ်ဖျက်ရေးကိစ္စရပ်များအား ဆောင်ရွက်ခြင်း၊

( ဋ )  စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော စာရင်းစစ်ချက်အစီရင်ခံစာများကို သက်ဆိုင်ရာရုံးများတွင် ညှိနှိုင်းအရေးယူဆောင်ရွက်ခြင်း။

 

ဆက်သွယ်ရမည့်ပုဂ္ဂိုလ်

ဒေါ်ကြည်ကြည်လေး
ညွှန်ကြားရေးမှူး (ငွေစာရင်း)
ငွေစာရင်းဌာနခွဲ
ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန
ရုံးအမှတ် (၂၇)၊ နေပြည်တော်
ဖုန်း - ၀၆၇-၄၂၂၆၂၃
ဖက်စ် - ၀၆၇-၄၂၂၆၂၃

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services