Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန

ပစ္စည်းဖြည့်တင်းရေးဌာနခွဲ (Procurement Branch) ၏လုပ်ငန်းတာဝန်နှင့်ဝတ္တရားများ

(က)   ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနရှိ တည်ဆောက်ရေးလုပ်ငန်းများ၊ စီမံကိန်းများအတွက် လိုအပ်သော စက်ယန္တရားများ၊ တည်ဆောက်ရေးပစ္စည်းများ၊ ယာဉ်များ နှင့်ပတ်သက်၍ ပစ္စည်းပိုင်းဆိုင်ရာရသုံးမှန်းခြေစာရင်းများ ပြုစုခြင်း၊ ရေးဆွဲခြင်း၊ စိစစ်ခြင်း၊ သက်ဆိုင်ရာသို့ တင်ပြခြင်း၊

(ခ)   စက်ယန္တရားများ၊ စက်ကိရိယာများ၊ လုပ်ငန်းအထောက်အကူပစ္စည်းများ၊ ဆက်သွယ်ရေး ပစ္စည်းများအား မှတ်တမ်းများပြုစု၍ ထိန်းသိမ်းခြင်း၊ စီမံကိန်းများမှ လိုအပ်ချက်များအား စိစစ်၍ခွဲဝေသတ်မှတ်ခြင်း၊

(ဂ)   စီမံကိန်းများထိန်းသိမ်းရေး လုပ်ငန်းများအတွက် ဝယ်ယူဖြန့်ဖြူးရန်ရှိသော အဓိကပံ့ပိုးပစ္စည်း များဖြစ်သည့် စက်သုံးဆီများ၊ ဘိလပ်မြေ၊ သံချောင်းနှင့် ယမ်းဘီးလူးများနှင့်ပတ်သက်၍ ဘဏ္ဍာရေးနှစ်အလိုက်လိုအပ်ချက်များ ရေးဆွဲပြုစုခြင်း၊ အထက်ဌာနများသို့ တင်ပြခြင်း၊ သက်ဆိုင်ရာဌာနခွဲလုပ်ငန်းများသို့ အမှာစာများပေးပို့ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း၊  ဝယ်ယူ ရရှိသော ပစ္စည်များကို လုပ်ငန်းလိုအပ်ချက်အလိုက် ခွဲဝေပေးခြင်း၊ လွှဲပြောင်းပေးခြင်း၊

(ဃ)   ပြည်တွင်းမှဝယ်ယူရရှိနိုင်သော ပံ့ပိုးပစ္စည်းများကို စနစ်တကျအချိန်မီဝယ်ယူစုဆောင်းခြင်း၊ စနစ်တကျသိုလှောင်ခြင်း၊ သက်ဆိုင်ရာလုပ်ငန်းဌာနစုများသို့ ခွဲဝေပေးခြင်း၊

(င)   တည်ဆောက်ရေးလုပ်ငန်းများအတွက်နိုင်ငံခြားငွေ (ချေးငွေ၊ထောက်ပံ့ငွေ၊နိုင်ငံခြားငွေလွတ်) ဖြင့်ဝယ်ယူမည့်စက်ယန္တရားများ၊ စက်ကိရိယာတန်ဆာပလာများ၊ တည်ဆောက်ရေးသုံးပစ္စည်း များ၊ ရုံးသုံးပစ္စည်းများစသည်တို့အတွက် စာရင်းဇယားများပြုစုရေးဆွဲခြင်း၊ ၄င်းပစ္စည်းများ ဝယ်ယူခွင့် ရရှိရေးအတွက် စက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန (ECC) သို့ တင်ပြခြင်း အတည်ပြုချက်ရယူခြင်း၊

(စ)   ဝယ်ယူရန်ခွင့်ပြုချက်ရရှိပြီးသော စက်ယန္တရားများ၊ စက်ကိရိယာတန်ဆာပလာများ၊ တည် ဆောက်ရေးပစ္စည်းများ၊ ယာဉ်များ၊ ရုံးသုံးပစ္စည်းများအတွက် ဝယ်ယူရေးအစီအစဉ်များ ရေးဆွဲခြင်း၊ စက်မှုဆိုင်ရာစံချိန်စံညွှန်းများရေးဆွဲခြင်း၊အထက်အဆင့်ဆင့်သို့ အတည်ပြုချက် ရယူခြင်း၊ တင်ဒါဖိတ်ခေါ်ခြင်း၊ တင်ဒါပိတ်ခြင်း၊ တင်ဒါဖွင့်ခြင်း၊ ဈေးနှုန်းနှင့် စံချိန်စံညွှန်းနှိုင်း ယှဉ်ချက်ဇယားရေးဆွဲပြုစု၍ တင်ဒါရွေးချယ်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအသီး သီးတို့တင်ပြခြင်း၊ အတည်ပြုဆုံးဖြတ်ချက်ရယူ၍ ကုန်ဝယ်စာချုပ် ချုပ်ဆိုခြင်း၊ မှာကြားခြင်း၊

(ဆ)   ကုန်ဝယ်စာချုပ် ချုပ်ဆိုပြီးသည့် လုပ်ငန်းများအတွက် အာမခံငွေများလက်ခံခြင်း၊ နိုင်ငံခြား သုံးငွေလျှောက်ထားခြင်း၊ ငွေလွှဲစာတမ်း (LC)ဖွင့်လှစ်ခြင်း စသည့်ငွေစာရင်းနှင့် ပတ်သက်သည့် လုပ်ငန်းများကို စီမံကိန်းနှင့် လုပ်ငန်းဌာနခွဲ/ ငွေစာရင်းဌာနခွဲများနှင့် ညှိနှိုင်းဆောင်ရွက် ခြင်း၊

(ဇ)   ဝယ်ယူရေးအစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပါဝင်သော စံချိန်စံညွှန်းများ၊  စာရွက်စာတမ်းများ၊ တင်ဒါစာရွက်စာတမ်းများ၏ လုံခြုံမှုနှင့်သတင်းလုံခြုံမှုအတွက် စနစ် တကျထိန်းသိမ်းထားရှိခြင်း၊

(ဈ)   နိုင်ငံခြားအတိုင်ပင်ခံများ၊ ကန်ထရုိက်များနှင့်ပတ်သက်သော ကိုယ်ရေးကိုယ်တာပစ္စည်းများ နှင့်ပတ်သက်၍ဆောင်ရွက်ခြင်း၊

(ည)   နိုင်ငံခြားသုံးငွေဖြင့် ဆိုင်းငံ့ကာလငွေပေးချေစနစ် (Deferred Payment) နှင့်မြန်မာကျပ် ငွေဖြင့်ပေးချေစနစ်ဖြင့် ရောင်းချလိုသည့် ကုမ္ပဏီများ၏တင်ပြချက်များ၊ အထက်အဆင့်ဆင့် သို့ဆက်လက်တင်ပြပြီးလမ်းညွှန်ချက်များအတိုင်း လိုအပ်သလိုဆက်လက်ဆောင်ရွက်ခြင်း၊

(ဋ)   စီမံကိန်းများအတွက်လိုအပ်သော ယမ်းဘီးလူးနှင့် ဆက်စပ်ပစ္စည်းများမှာကြားဝယ်ယူရာ တွင်ပစ္စည်းများရွှေ့ပြောင်း သယ်ယူရေးကိစ္စရပ်များ၊ ထားသိုရေးကိစ္စများ၊ လုံခြုံရေးကိစ္စရပ် များအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ခွင့်ပြုချက်ရရှိရေးညှိနှိုင်းခြင်း၊ စီစဉ်ဆောင်ရွက် ခြင်း၊

(ဌ)   စတိုသိုလှောင်ရုံများရှိ ပစ္စည်းများအားစနစ်တကျထားရှိခြင်း၊ ပုံမှန်စာရင်းဇယားများစစ်ဆေး ခြင်း၊ မီးဘေးလုံခြုံရေးစီမံချက်များချမှတ်၍ အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများဆောင်ရွက် ခြင်း။

 

ဆက်သွယ်ရမည့်ပုဂ္ဂိုလ်

ဦးထင်လင်းအောင်
ညွှန်ကြားရေးမှူး (ပစ္စည်း)
ပစ္စည်းဖြည့်တင်းရေးဌာနခွဲ
ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန
ရုံးအမှတ် (၂၇)၊ နေပြည်တော်
ဖုန်း - ၀၆၇-၄၁၃၅၃၁
ဖက်စ် - ၀၆၇-၄၁၃၅၃၁

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services