Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန

ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲ (Desig Branch) ၏လုပ်ငန်းတာဝန်နှင့်ဝတ္တရားများ

(က)  ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းသစ်များ ဦးစားပေးအစီအစဉ် ရေးဆွဲခြင်းနှင့် စီမံကိန်းသစ် များဖြစ်မြောက်နိုင်စွမ်း လေ့လာမှု အစီရင်ခံစာများ ရေးသားပြုစုခြင်း၊

( ခ )  စူးစမ်းလေ့လာမှု အစီရင်ခံစာများ (Investigation Reports) ဆောင်ရွက်တင်ပြနိုင်ရန် အတွက် သက်ဆိုင်ရာဌာနခွဲများသို့ လေ့လာမှုလိုအပ်ချက်များ (Investigation Assignments) ပြုစုပေးပို့ခြင်း၊

( ဂ )  စီမံကိန်းလုပ်ငန်း အသီးသီးတွင် တည်ဆောက်မည့် လူနေအိမ်များ၊ သိုလှောင်ရုံများ၊ ရှင်းလင်း ခန်းမများနှင့် အခြားအဆောက်အဦအသီးသီးတို့၏ သတ်မှတ်ဒီဇိုင်းပုံစံ (Type Design) များရေးဆွဲခြင်း၊ ခန့်မှန်းခြေစာရင်းများ ပြုစုထုတ်ပြန်ခြင်း၊ အခါအားလျှော်စွာ ယင်းသတ်မှတ် ဒီဇိုင်းပုံစံများအား ပြင်ဆင်ဖြည့်စွက်ခြင်း၊

(ဃ ) တည်ဆောက်ပြီး၊ တည်ဆောက်ဆဲစီမံကိန်း လုပ်ငန်းများ၏ ကျွမ်းကျင်မှုဆိုင်ရာပြဿနာများ၊ (Technical Issues) အားဆောင်ရွက်ဖြေရှင်းခြင်း၊

( င )  ရေလှောင်ကန် အသစ်များ၏ရေတံခါးများ၊ ဖွင့်ပိတ်မှုနည်းစနစ် (Reservoir Operation Rules) နှင့်တာတမံထိန်းသိမ်းရေး ညွန်ကြားချက်များ၊ (Dam Regulation) များရေးဆွဲခြင်း၊

( စ )  ကျွမ်းကျင်မှုဆိုင်ရာ ညွှန်ကြားချက်များ၊ စာတမ်းများ၊ နည်းပညာဆာကြူလာများထုတ်ပြန်ခြင်း၊

(ဆ ) ရေအားလျှပ်စစ်လုပ်ငန်း တည်ဆောက်မှုအရည်အသွေး ထိန်းသိမ်းခြင်း၊ (Quality Control) အတွက်စံချိန်စံညွှန်း (Specification) များရေးဆွဲပြုစုခြင်း၊

( ဇ )  စာကြည့်တိုက်လုပ်ငန်းများ ပြုစုထိန်းသိမ်းခြင်း၊

(ဈ )  ကွန်ပျူတာဌာနစိတ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ည ) ရေအားလျှပ်စစ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေး သင်တန်းကျောင်းတစ်ခု ထူထောင်ဖွင့်လှစ်ခြင်း၊

( ဋ )  နည်းပညာသင်တန်းများဖွင့်လှစ်သင်ကြားခြင်း၊

( ဌ )  နိုင်ငံခြားအဖွဲ့အစည်းများနှင့် ဆက်သွယ်၍ အခါအားလျော်စွာ မွမ်းမံသင်တန်းများ ဖွင့်လှစ် သင်ကြားခြင်း၊

( ဍ )  ကွန်ပျူတာအသုံးချ လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

( ဎ )  ဒီဇိုင်းစံချိန်စံညွန်းများ (Design Criteria) များရေးဆွဲခြင်း၊ ပြဌာန်းခြင်း၊

(ဏ ) ရေ၊ မြေနှင့် ကွန်ကရစ်စမ်းသပ်မှု ဓာတ်ခွဲခန်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊  လုပ်ငန်းအရေ အသွေးထိန်းသိမ်းခြင်း၊ တာဝန်ထမ်းဆောင်ခြင်း၊  

( တ ) တည်ဆောက်ပြီးရေအား လျှပ်စစ်စီမံကိန်းများ၏ ဒီဇိုင်းပုံစံများ၊ တည်ဆောက်မှု ထိန်းသိမ်းရေး မှတ်တမ်းများပြုစု ထိန်းသိမ်းခြင်း၊

( ထ )  မြန်မာနိုင်ငံ‌မြေတိုင်း ဦးစီးဌာနမှ ထုတ်ဝေသော မြေပုံများအားဝယ်ယူခြင်း၊ ထိန်းသိမ်းခြင်း။

 

ဆက်သွယ်ရမည့်ပုဂ္ဂိုလ်

ဦးမင်းခိုင်
ညွှန်ကြားရေးမှူး (မြို့ပြ)
ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲ
ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန
ရုံးအမှတ် (၂၇)၊ နေပြည်တော်
ဖုန်း - ၀၆၇-၄၁၃၁၉၄
ဖက်စ် - ၀၆၇-၄၁၃၁၉၄

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services