Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန

ဘူမိဗေဒဌာနခွဲ (Geology Branch) ၏လုပ်ငန်းတာဝန်နှင့်ဝတ္တရားများ

(က)  ရေအားလျှပ်စစ်တာတမံများတည်ဆောက်မည်‌့ စီမံကိန်းဧရိယာနှင့် တမံအူကြောင်းတလျှောက် မြေပြင်ဘူမိဗေဒအခြေအနေများ စူးစမ်းလေ့လာခြင်း၊

( ခ )  ရေဝပ်ဧရိယာ၏ မြေပြင်ဘူမိဗေဒအခြေအနေများ စူးစမ်းလေ့လာခြင်း၊

( ဂ )  ဘူမိဗေဒမြေပုံများရေးဆွဲခြင်း၊

(ဃ ) စီမံကိန်းဧရိယာတွင် အင်ဂျင်နီယာဘူမိဗေဒအခြေအနေများသိရှိနိုင်ရန် စိန်လွန်တူးဖော်စမ်း သပ်ခြင်း၊

( င )  ရေစိမ့်တားနှုန်းတိုင်းတာခြင်း၊

( စ )  မြေစမ်းကျင်းများ (Test Pits)၊ မြေစမ်းမြောင်းများ (Test Trenches) တူးဖော်၍ မြေနမူနာ ယူခြင်း၊ ရေ/မြေ/ကွန်ကရစ် စမ်းသပ်ဓာတ်ခွဲခန်းသို့ ပို့ဆောင်စမ်းသပ်ခြင်း၊ ရေစိမ့်တာနှုန်း တိုင်းတာခြင်း၊

(ဆ ) စမ်းသပ်ဘိလပ်မြေဖိသွင်းခြင်း (Test Grout) လုပ်ငန်းများဆောင်ရွက်ခြင်း၊

( ဇ )  ရေလွှဲဥမင်လိုဏ် / ရေယူဥမင်လိုဏ်/ရေလျှံထိန်းစည်ဖောက်လုပ်ရာတွင် ယမ်းဘီလူးနှင့် ဆက်စပ်ပစ္စည်းအသုံးပြုလျက်ကြီးကြပ်ဆောင်ရွက်ခြင်း၊

(ဈ )  ရေအားလျှပ်စစ်အဆောက်အအုံလုပ်ငန်းများအား ခိုင်ခံ့မှုအတွက် Grouting လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ည ) စိန်လွန်တွင်းတူးစက်ပစ္စည်းနှင့် အရံပစ္စည်းများကို ထိန်းသိမ်းခြင်း၊

( ဋ )  ရေအားလျှပ်စစ်ဆိုင်ရာအင်ဂျင်နီယာအဆောက်အအုံများ၏အောက်ခံအုတ်မြစ် ခိုင်ခံ့အောင် ပြုပြင်ခြင်း၊

( ဌ )  ဖို့မြေ၊ သဲ၊ ကျောက်၊ ကျောက်ကြီးစသည့် တည်ဆောက်ရေးပစ္စည်းများရှာဖွေခြင်း။

 

ဆက်သွယ်ရမည့်ပုဂ္ဂိုလ်

ဦးကျော်ငြိမ်း
ညွှန်ကြားရေးမှူး (ဘူမိ)
ဘူမိဗေဒဌာနခွဲ
ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန
ပျဉ်းမနားမြို့ (ပေါင်းလောင်း)
ဖုန်း - ၀၆၇-၃၉၁၂၇
ဖက်စ် - ၀၆၇-၃၉၁၂၉

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services