Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန

စက်မှုယန္တရားဌာနခွဲ (Mechanical Branch) ၏လုပ်ငန်းတာဝန်နှင့်ဝတ္တရားများ

(က)  ဌာနပိုင်စက်ယန္တရားကြီးများနှင့် စက်ကိရိယာများကို ထိန်းသမ်းပြုပြင်ခြင်း၊ စီမံကိန်းလုပ်ငန်း များ၏တည်ဆောက်ရေးလုပ်ငန်းများ၌ စက်ယန္တရားများဖြင့် ပါဝင်ဆောင်ရွက်ခြင်း၊

( ခ )  ဌာနပိုင်လုပ်ငန်းသုံး၊ ရုံးသုံးယာဉ်များ၊ မော်တော်ယာဉ်ကြီး/ငယ်များထိန်းသိမ်းခြင်း၊ ပြုပြင် ခြင်း၊

( ဂ )  လက်အောက်ခံစက်မှုလုပ်ငန်းရုံးများ၊ တည်ဆောက်ရေးရုံးများနှင့် စက်မှုလုပ်ငန်းရုံးများရှိ စက်ယန္တရားများ၊စက်ကိရိယာနှင့်ယာဉ်များစနစ်တကျသုံးစွဲမှု၊ ထိန်းသိမ်းမှုအတွက်ညွှန်ကြား ခြင်း၊ စစ်ဆေးခြင်း၊

(ဃ ) ပြင်ဆင်မွမ်းမံပြီးစက်ယာဉ်များအား လုပ်ငန်းစီမံကိန်းများသို့ အထက်အဆင့်ရုံးအကြီးအကဲ များထံ တင်ပြအတည်ပြုချက်ရယူ၍ ခွဲဝေပေးပို့ခြင်း၊

( င )  နိုင်ငံခြားမှရောက်ရှိလာသောစက်ယန္တရား/ယာဉ်များနှင့်အရံပစ္စည်းများကို လက်ခံရယူခြင်း၊ စီမံကိန်းလုပ်ငန်းနှင့် ရုံးများသို့ခွဲဝေပေးပို့ခြင်း၊ ဖြန့်ဖြူးခြင်း၊ စနစ်တကျသုံးစွဲမှုကို ကြီးကြပ် ဆောင်ရွက်ခြင်း၊

( စ )  စက်ယန္တရား/ယာဉ်များအတွက် လိုအပ်သော အရံပစ္စည်းများစာရင်းပြုစုခြင်း၊ ပြည်တွင်း/ ပြည်ပမှဝယ်ယူရန်အတွက် ညွှန်ကြားရေးမှူးချုပ်ရုံးသို့ တင်ပြခြင်း၊

(ဆ ) စတိုများရှိအရံပစ္စည်းများကို ထိန်းသိမ်းခြင်း၊ ထုတ်ပေးခြင်း၊ စစ်ဆေးခြင်းနှင့် ပြန်တမ်းများ ပြုစုတင်ပြခြင်း၊

( ဇ )  စက်ဆီ/ချောဆီ/စက်မောင်းဆီများကို စုဆောင်းခြင်း၊ ထုတ်ဝေခြင်း၊ ထိန်းသိမ်းခြင်း၊ ပြန်တမ်း များပြုစုတင်ပြခြင်း၊

(ဈ )  နှစ်စဉ်လိုအပ်မည့် တာယာများ၊ ဘထ္ထရီများ၊ စက်ဆီ/ချောဆီ၊ စက်မောင်းဆီများကို စာရင်း ပြုစု၍တင်ပြခြင်း၊

(ည ) အလုပ်ရုံများတွင်စက်ယန္တရား/ယာဉ်များပြင်ဆင်ရာတွင် နှစ်စဉ်သုံးလပတ်အလိုက်လျာထား ချက်များ၊ အမှန်တကယ်ပြင်ဆင်မှုများကို စာရင်းဇယားများ ပြုစုတင်ပြအစီရင်ခံခြင်း၊

( ဋ )  စက်မှုဘာသာရပ်/စက်ယန္တရား/ယာဉ်/စက်ပစ္စည်းကိရိယာများနှင့်ပတ်သက်၍ မောင်းနှင် ထိန်းသိမ်းမှုဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များနှင့် စာတမ်းများထုတ်ပြန်ခြင်း၊

( ဌ )  စက်မှုဝန်ထမ်းများအား ဌာနတွင်းစက်မှုသင်တန်းကျောင်းများတွင်ပုံမှန်သင်တန်းများ၊ အထူး  သင်တန်းများတွင် ပို့ချခြင်း၊ ပြည်ပသင်တန်းများသို့ တက်ရောက်စေခြင်း၊

( ဍ )  အလုပ်ရုံ၊ စတို၊ ဂိုဒေါင်များနှင့် ဝန်ထမ်းနေအိမ်များအတွက် လုံခြုံရေးနှင့် မီးဘေးကာကွယ် ရေး၊ စီမံချက်များရေးဆွဲခြင်း၊ တာဝန်ချမှတ်ဆောင်ရွက်ခြင်း၊

( ဎ )  ညွှန်ကြားရေးမှူးချုပ်ရုံးမှ ချမှတ်ခွဲဝေပေးသော ရန်ပုံငွေများကို စက်မှုရုံးများသို့ ခွဲဝေချထား ပေးခွင့်နှင့် အသုံးစရိတ်များကို စစ်ဆေးခြင်း၊စက်မှုရုံးများတင်ပြသော ခန့်မှန်းခြေစာရင်းများ  ကိုစိစစ်ခွင့်ပြုခြင်း၊

(ဏ ) တည်ဆောက်ရေးညွှန်ကြားရေးမှူးရုံးများအောက်ရှိ စက်မှုလုပ်ငန်းရုံးများ၏ လုပ်ငန်းဆောင် ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် ညှိနှိုင်းပေါင်းစပ်ခြင်း၊ အကြံပြုချက်တင်ပြဆောင် ရွက်ခြင်း၊

(တ ) ဌာနတွင်းရှိ စက်ယန္တရား/ယာဉ်/စက်နှင့် စက်ပစ္စည်းစာရင်းဇယားများကို ထိန်းသိမ်းခြင်း၊ ပြင်ဆင်ခြင်းနှင့်စက်ယန္တရား/ ယာဉ်နှင့် စက်ပစ္စည်းများ စီမံကိန်းလုပ်ငန်းလိုအပ်ချက်အရ ပြောင်းရွှေ့နေရာချထားခြင်းကိစ္စရပ်များကို အထက်အဆင့်ရုံးများမှ အကြီးအကဲထံ တင်ပြ ဆောင်ရွက်ပေးခြင်း၊

(ထ ) စီမံကိန်းများ၏စက်ယန္တရား/ယာဉ်/စက်ပစ္စည်းကိရိယာအသုံးပြုလုပ်ငန်းများ စက်စွမ်းအား ပြည့်လုပ်ဆောင်ပေးနိုင်ရေးကြီးကြပ်ကွပ်ကဲခြင်း။

ဆက်သွယ်ရမည့်ပုဂ္ဂိုလ်

ဦးခင်ဌေး
ညွှန်ကြားရေးမှူး (စက်မှု)
စက်မှုယန္တရားဌာနခွဲ
ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန
ပျဉ်းမနားမြို့ (ပေါင်းလောင်း)
ဖုန်း - ၀၆၇-၃၉၁၁၇
ဖက်စ် - ၀၆၇-၃၉၁၁၈

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services