Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန

ထိန်းသိမ်းရေးဌာနခွဲ (Maintenance Branch) (လုပ်ငန်းတာဝန်များ)

(က)  တည်ဆောက်ပြီး ရေလှောင်တမံများ၊ ရေလွှဲဆည်များ၊ တမံနှင့် ဆက်နွယ်သော ရေအားအဆောက် အအုံများဖြစ်သည့် ရေပိုလွှဲ၊ရေပေး/ ရေလွှဲရေထုတ်ပြွန်နှင့် ရေထိန်းအဆောက်အအုံ၊ ရေလွှဲဥမင်လိုဏ်၊ ရေယူဥမင်လိုဏ်စသည်တို့နှင့် ဆက်နွယ်ရေယူ အဆောက်အအုံများနှင့် အခြားအဆောက်အအုံများ၊ ရေသွယ်မြောင်များ၊ ဖိအားနိမ့်/ မြင့် သံမဏိပိုက်လိုင်း များအား ထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခြင်း၊

( ခ ) အသေးစားရေအားလျှပ်စစ်လုပ်ငန်းများတည်ဆောက်ခြင်းနှင့် တည်ဆောက်ပြီး အသေးစား ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများ ထိန်းသိမ်းဆောင်ရွက်ခြင်း၊

( ဂ ) အခြားအဖွဲ့အစည်းများ၏ အပ်ငွေစနစ်ဖြင့် ဆောင်ရွက်ရသော ရေအားလျှပ်စစ်လုပ်ငန်းများ (Deposit Works) ကိုတည်ဆောက် အကောင်အထည်ဖော်ခြင်း၊

(ဃ ) တည်ဆောက်ပြီး ရေအားလျှပ်စစ်စီမံကိန်း ကြီး/ငယ်များတွင် တပ်ဆင်ထားသော ရေယူ အဆောက်အအုံ၊ ရေတံခါးများ (Intake Gate) ထိန်းသိမ်းခြင်း၊ ရေယူအဆောက်အအုံထိပ် ဒိုက်ကာဇကာ (Trach Rack) အားထိန်းသိမ်းခြင်း၊ ရေအဝင်/အထွက်ပိတ်ဆို့မှု အဟန့် အတားများ ဖယ်ရှားထိန်းသိမ်းခြင်း၊

( င ) အသေးစားရေအား လျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စူးစမ်း လေ့လာတိုင်းတာခြင်း၊ မိုးလေဝသနှင့် ဇလဗေဒအချက်အလက်များ စုဆောင်းခြင်း၊ အကြို ဖြစ်မြောက်နိုင်စွမ်း/ ဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာများ ရေးသားပြုစုခြင်း၊

( စ ) နှစ်စဉ် သာမန်ရသုံးမှန်းခြေစာရင်းများ ခန့်မှန်းတွက်ချက်တင်ပြ၍ ရန်ပုံငွေများရရှိရန် ဆောင်ရွက်ခြင်း၊ ဖြည့်စွက်ခွင့်ပြုငွေများ ရရှိရန်ဆောင်ရွက်ခြင်း၊

(ဆ ) ဘဏ္ဍာရေးနှစ် အလိုက် အသေးစားစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်မည့် အစီအစစဉ်များ ရေဆွဲတင်ပြခြင်း၊ တည်ဆောက်ပြီး ရေအားလျှပ်စစီစီမံကိန်းကြီး/ငယ်များ၏ ထိန်းသိမ်းရေး လုပ်ငန်းများ၊ ဆောင်ရွက်မည့် အစီအစစဉ် ရေးဆွဲတင်ပြခြင်းနှင့် အတည်ပြုချက်ရယူခြင်း၊

( ဇ ) လုပ်ငန်းခွင်သုံးပစ္စည်းစာရင်းများ ရုံးအလိုက်ပြုစုခြင်း၊ လက်သုံးကိရိယာပစ္စည်းများ စာရင်း (Tools & Plants Register) ရုံးအလိုက် လစဉ်ပြုစုခြင်း၊

( ဈ ) လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ၊ ဝန်ထမ်းပိုင်းဆိုင်ရာ၊ ပစ္စည်းပိုင်ဆိုင်ရာ စက်ယန္တရား/ယာဉ် စက်ပစ္စည်းကိရိယာပိုင်းဆိုင်ရာနှင့် ဘဏ္ဍာငွေသုံးစွဲမှုဆိုင်ရာ အခြေအနေပြ နှစ်ချုပ်အစီရင်ခံ စာတင်ပြခြင်း၊

(ည ) ဝန်ထမ်းအဆင့်ဆင့်၏ ပင်ကိုယ်အရည်အသွေး မြင့်မားစေရန် လုပ်ငန်းအရည်အသွေး တိုးတက်စေမည့် လုပ်ငန်းခွင်အတွင်း ထိန်းသိမ်းရေးလုပ်ငန်း ပညာရပ်များကို လေ့ကျင့်ပေး ခြင်း၊

 

ဆက်သွယ်ရမည့်ပုဂ္ဂိုလ်

ဦးကျော်ညွန့်
ညွှန်ကြားရေးမှူး (မြို့ပြ)
ထိန်းသိမ်းရေးဌာနခွဲ
ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန
မန္တလေးမြို့
ဖုန်း - ၀၂-၅၉၉၆၉
ဖက်စ် - ၀၂-၅၉၉၇၉

Download Information: 

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services