Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန

တည်ဆောက်ရေးရုံးများ (Construction Circles) ၏လုပ်ငန်း တာဝန်နှင့်ဝတ္တရားများ

(က)  စီမံကိန်းဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာ၊ အသေးစိတ်စီမံကိန်း ဒီဇိုင်းအစီရင်ခံစာများအရ၊ လက်တွေ့တည်ဆောက်ရာတွင် အသေးစိတ်ပြန်လည်စူးစမ်းလေ့လာခြင်း၊ မြေပြင်တိုင်းတာ ခြင်း၊ ဇလဗေဒအချက်အလက်များ၊ ဘူမိဗေဒအချက်အလက်များ၊ တည်ဆောက်ရေးပစ္စည်း များရှာဖွေစမ်းသပ်ခြင်းဆိုင်ရာအချက်အလက်များစုဆောင်းခြင်း၊ လုပ်ငန်းသုံးဒီဇိုင်းပုံစံ Working Design & Drawing ထုတ်လုပ်ခြင်း

( ခ )  အသေးစိတ်စီမံကိန်းဒီဇိုင်းအစီရင်ခံစာအရ စီမံကိန်းခန့်မှန်း ခြေစာရင်းပြုစုရေးဆွဲခြင်း၊ ညွှန်ကြားရေးမှူးချုပ်ထံ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ခွင့်ပြုချက် (Technical Sanction) တင်ပြ တောင်းခံခြင်း၊

( ဂ )  ဘဏ္ဍာရေးနှစ်အတွင်းနှင့် ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်မည့် အစီအစဉ်များ (Programmers of Works) ရေးဆွဲတင်ပြ အတည်ပြုချက်ရယူခြင်းနှင့် ယင်းပါအတိုင်းပြည့်မှီစွာလုပ်ဆောင်ခြင်း၊

(ဃ ) စီမံကိန်းခန့်မှန်းခြေစာရင်းပါ လုပ်ငန်းကဏ္ဍအလိုက်/လုပ်ငန်းအချိုးအစားအလိုက် လုပ်ပိုင် ခွင့်အပ်နှင်းထားသူအဆင့်ဆင့်ထံ လုပ်ငန်းခန့်မှန်း ခြေစာရင်းများ (Working Estimates) များတင်ပြအတည်ပြုချက်ရယူခြင်း၊

( င )  အကြီးစား/အသေးစားရေအားလျှပ်စစ်စီမံကိန်းများကို အကြိုတည်ဆောက်မှုလုပ်ငန်းများ ဖြစ်သောလမ်းများ၊ တံတားများ၊ လမ်းအဆောက်အဦများ၊ ယာယီအဆောက်အဦများ၊ လူနေ အိမ်များ၊တည်ဆောက်ရေးအထောက်အကူပြုအဆောက်အဦများတည်ဆောက်ခြင်း၊

( စ )  အကြီးစား/အသေးစားရေအားလျှပ်စစ်စီမံကိန်းများတွင် အဓိကတည်ဆောက်ရေးလုပ်ငန်း များဖြစ်သည့်ရေလှောင်တမံ၊ရေလွှဲဆည်များ၊ ရေပိုလွှဲ/ ရေသွယ်မြောင်း၊ ဖိအားနိမ့်/ မြင့်သံမဏိ  ပိုက်လိုင်းများ၊ ရေအားလျှပ်စစ်စက်ရုံများအား တည်ဆောက်ခြင်း၊

(ဆ ) တည်ဆောက်ရေးသုံးပစ္စည်းများအား လုပ်ငန်းခွင်အတွင်းထိရောက်စွာ အသုံးပြုခြင်း၊ သိုလှောင်ထိန်းသိမ်းစာရင်းဇယားများထားရှိခြင်း၊ လစဥ်လုပ်ငန်းခွင်သုံးပစ္စည်းစာရင်းများ (Materials at Site Accounts) ပြုစုခြင်း၊

( ဇ )  လက်သုံးပစ္စည်းကိရိယာပစ္စည်းစာရင်းများ (Tools & Plants Register) အားလက်အောက်ရုံး များမှစနစ်တကျ ထိန်းသိမ်းစေရေးနှင့် စစ်ဆေးကြီးကြပ်ခြင်း၊

(ဈ )  တည်ဆောက်ရေး အသုံးစရိတ်များ ကျခံသုံးစွဲခြင်း၊ စာရင်းရှင်းလင်းခြင်း၊ စာရင်းဇယားများ ထားရှိခြင်း၊ စာရင်းစစ်ဆေးခြင်း၊

(ည ) တည်ဆောက်ရေးလုပ်ငန်းသုံး စက်ယန္တရား၊ ယာဉ်များ၊ ကိရိယာများအား ထိရောက်စွာသုံးစွဲ ခြင်း

( ဋ )  တည်ဆောက်ရေး လုပ်ငန်းသုံး စက်ယန္တရား၊ ယာဉ်များ၊ ကိရိယာများအား  စာရင်းဇယားများ ထားရှိခြင်း၊ အသေးစားပြုပြင်ခြင်း၊

( ဌ )  လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းရေး၊ မီးဘေးကာကွယ်ရေး၊ သက်သာချောင်ချိရေး စသည်များအား တာဝန်ပေးစေခိုင်းခြင်း၊ ကြပ်မတ်ဆောင်ရွက်ြခင်း၊

( ဍ )  ဝန်ထမ်းအဆင့်ဆင့်၏ ပင်ကိုယ်အရည်အသွေးမြင့်မား၍ လုပ်ငန်းအရည်အသွေးတိုးတက် စေရေးအတွက် လုပ်ငန်းခွင်အတွင်း လက်တွေ့လေကျင့် ပညာပေးဌာနခွဲအတွင်း သင်တန်း များပို့ချခြင်း၊ ကိရိယာပိုင်းဆိုင်ရာနှင့် ဘဏ္ဍာငွေသုံးစွဲမှုဆိုင်ရာအခြေအနေပြ နှစ်ချုပ်အစီရင် ခံစာတင်ပြခြင်း၊

(ည ) ဝန်ထမ်းအဆင့်ဆင့်၏ ပင်ကိုယ်အရည်အသွေးမြင့်မားစေရန် လုပ်ငန်းအရည်အသွေး တိုးတက်စေမည့် လုပ်ငန်းခွင်အတွင်း ထိန်းသိမ်းရေးလုပ်ငန်း ပညာရပ်များကို လေ့ကျင့်ပေးခြင်း။

Construction 1

Construction 2

Construction 3

Construction 4

Construction 5

Construction 6

Construction 7

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services