Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန

သဘာဝပိုဇိုလန်ထုတ်လုပ်ရေးစက်ရုံ  (ပုပ္ပါး) ၏ တာဝန်နှင့်ဝတ္တရားများ

(က)  သဘာဝပိုဇိုလန်ထုတ်လုပ်ရေးစက်ရုံအနေဖြင့် ဝန်ကြီးဌာန၏ အရေးကြီးစီမံကိန်းများအတွက် လိုအပ်သောပိုဇိုလန်ကုန်ချောများထုတ်လုပ်ပေးရမည်ဖြစ်ရာ နှစ်စဉ်ထုတ်လုပ်ရ မည့် ကုန်ကြမ်းများ၊ နေ့စဉ်နှင့်လစဉ်ထုတ်လုပ်ရမည့် ကုန်ချောများအား စီမံချက် ရေးဆွဲကာအချိန်နှင့် တပြေးညီ ထုတ်လုပ်နိုင်ရေးအတွက် မျက်ခြေမပြတ်ဆောင်ရွက် ခြင်း။

( ခ )  ထွက်ရှိလာသော သဘာ၀ပိုဇိုလန်ကုန်ချောများကို သက်ဆိုင်ရာစီမံကိန်းများသို့ လိုအပ်ချက်နှင့်အညီ ထုတ်လုပ်ပေးပို့ပြီးနောက် ကျန်သဘာဝပိုဇိုလန်ကုန်ချောများကို ဌာနဆိုင်ရာ နှင့်ပုဂ္ဂလိကများသို့ ဖြန့်ဖြူးရောင်းချပြီး ၀န်ကြီးဌာန ၀င်ငွေတိုးတက်မြင့်မားစေရန် ဆောင်ရွက်ခြင်း။

( ဂ )  အရည်အသွေးကောင်းမွန်၍ Blaine 4000 Cm2 /gm ပြည့်မှီသောကုန်ချောများ ထုတ်လုပ် နိုင်ရေးအတွက် သတ်မှတ်ချက်ပြည့်မီအောင်ထုတ်လုပ်နိုင်ရေးဆောင်ရွက် ခြင်း။

(ဃ)  ပိုဇိုလန်မြေများအား မှန်ကန်သန့်ရှင်းမှုရှိ/မရှိစစ်ဆေးရေး၊ နေ့စဉ်သတ်မှတ်တန်ချိန် ထုတ်လုပ်နိုင်ရေး၊ အရွယ်အစားသန့်စင်ရေး၊ အစိုဓါတ်လျှော့ချရေးတို့အတွက် ဂရုပြုဆောင်ရွက်ခြင်း။

( င )  ကုန်ချောများ၊ ကုန်ကြမ်းများ၊ စက်သုံးဆီနှင့် တည်ဆောက်ရေး လုပ်ငန်းသုံး ပစ္စည်းများ လေလွင့်မှုမရှိစေရေး၊ ယာဉ်ယန္တရားများ၏ အလုပ်ချိန်အလိုက်စက်သုံးဆီသုံးစွဲရေး၊ အလုပ်ချိန် (Working Time) နှင့်ရပ်နားစောင့်ဆိုင်းချိန် (Idle Time) အလိုက် သုံးစွဲဆီအား စနစ်တကျ တွက်ချက်စစ်ဆေးရေး၊ ရာသီဥတုအခြေအနေအလိုက် ကုန်ကြမ်းများ၏ Moisture Content အပေါ်မူတည်၍ Dryer ၏စက်သုံးဆီသုံးစွဲမှု အား စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရေး တို့ဆောင်ရွက်ခြင်း။

( စ )  အရည်အသွေးစစ်ဆေးရေးဌာန၊ ရုံးဝန်ထမ်းများ၏ ကျွမ်းကျင်မှုမြင့်မားစေရေး အတွက် Apparatus များ၏ Instruction များအားဖတ်ရှုစေခြင်း၊ သင်ကြားပြသခြင်း၊ အခြားစက်ရုံ များ၏တိုင်းတာမှု နည်းလမ်းများကိုလေ့လာခြင်း၊ စက်ရုံတည်ဆောက် ပေးသူပညာရှင်များ၏ ညွှန်ကြားပြသမှုများကို စဉ်ဆက်မပြတ်ခံယူခြင်း။

(ဆ)  နိုင်ငံခြားငွေကုန်ကျမှုသက်သာစေရေးအတွက် စက်အရံပစ္စည်းများတီထွင်ထုတ်လုပ်ခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ဝန်ထမ်းများအား လုပ်ငန်းများအလိုက် လေ့ကျင့်သင်တန်းပေးခြင်း များဆောင်ရွက်ခြင်း။

 

ဆက်သွယ်ရမည့်ပုဂ္ဂိုလ်

ဦးစိုးဝင်း
စက်ရုံမှူး
သဘာဝပိုဇိုလန်ထုတ်လုပ်ရေးစက်ရုံ (ပုပ္ပါး)
ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန
ကျောက်ပန်းတောင်းမြို့ (ပုပ္ပါး)
ဖုန်း - ၀၉-၈၆၁၀၃၈၈

Download Information: 

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services