Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

လျှပ်စစ်စွမ်းအားဦးစီးဌာန

မျှော်မှန်းချက်

- ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် မျှော်မှန်းဆောင်ရွက်လျှက်ရှိပါသည်။ ထို့ ပြင် တိုးတက်ထုတ်လုပ်လာနိုင်မည့် လျှပ်စစ်ဓာတ်အားကို မြန်မာနိုင်ငံတော် ဓာတ်အားစနစ်မှ တိုင်းဒေသကြီးများနှင့် ပြည်နယ်များသို့ သယ်ယူပို့လွှတ်နိုင်ရေးအတွက် မဟာဓာတ်အားလိုင်းများနှင့် ပင်မဓာတ်အားခွဲရုံများအား တည်ဆောက်ရန်နှင့် သုံးစွဲမည့် စက်မှူလုပ်ငန်းကြီးများနှင့် လုပ်သားပြည်သူများ အားဖြန့်ဖြူးနိုင်ရေးကိုလည်း စီမံချက်ဖြင့် ဆက်လက်ဆောင်ရွက်ရန်။

- ပင်မဓာတ်အားပေးစနစ်မှ အလှမ်းကွာဝေးသည့် ကျေးလက်ဒေသများတွင် ပြည်သူ လူထုမှ ပူးပေါင်းပါဝင်မှူဖြင့် ဇီဝလောင်စာကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး ဓာတ်အားပေးစက်များ တပ်ဆင်သုံးစွဲလာစေရေး နည်းပညာနှင့် မူဝါဒပိုင်းဆိုင်ရာ အကူအညီများပေးရန်။

- ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား မရောက်ရှိသေးသော အရပ်ဒေသများတွင် အသေးစားရေးအားလျှပ်စစ်နှင့် ဒီဇယ်ဓာတ်အားပေးစက်များဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ကို ဖြည့်ဆည်းပေးရန်။

- လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူး၊ သုံးစွဲနေသော မြန်မာနိုင်ငံ ဓာတ်အား စနစ်၏ အရည်အသွေးအား စံချိန် စံညွှန်းနှင့်အညီ သတ်မှတ်ထားသော ဗို့အား အဆင့်အတွင်း ဓာတ်အားပြတ်တောက်မှူ နှင့် ဓာတ်အား ပျောက်ဆုံးမှူ အနည်းဆုံးဖြင့် ပို့လွှတ်နိုင်ရန် မိမိတို့၏ ကျွမ်းကျင်ဝန်ထမ်းများနှင့် နိုင်ငံတကာ အတတ်ပညာ အကူအညီရယူကာ ဆက်လက်ဆောင်ရွက်သွားရန်။

- မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှူများအပြင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်များ မောင်းနှင်ရေး ဆောင်ရွက်ရန်နှင့် လေစွမ်းအင်နှင့် နေရောင်ခြည်သုံး ဓာတ်အားပေးစက်ရုံများကို ကျယ်ကျယ်ပြန့်ပြန့် စီးပွားဖြစ် တည်ဆောက်၍ဓာတ်အား လိုအပ်ချက်ကို အားဖြည့်ကူညီပံ့ပိုးပေးရန်။

- ပြန်လည်ပြည့်ဖြိုးမြဲဖြစ်သော စွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်ရန်။

 

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services