Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

Published: Jun 21 Posted Under: Ministry News

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေး

          ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ လျှပ်စစ်မီးရရှိရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၃.၂ မိုင် ၊ ၁၁/၀.၄ ကေဗွီ၊ ၁၆၀ ကေဗွီအေ ထရန်စဖော်မာဓာတ်အားခွဲရုံ (၄)ရုံနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း (၄) မိုင်တို့ကို တည်ဆောက်ခဲ့ပြီး ကလေးမြို့(ဓာတ်အားစနစ်) မှ လျှပ်စစ်ဓာတ်အား ချိတ်ဆက်၍ ခိုင်ကမ်းမြို့ပေါ်ရပ်ကွက်(၄)ခုရှိ အိမ်ထောင်စု ၄၂၄ စုအား ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့မှစတင်၍ လျှပ်စစ်မီးဖြန့်ဖြူးပေးလျက်ရှိပါသည်။

Published: Jun 21 Posted Under: Ministry News

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်းလုပ်ငန်းထပ်ဆင့်ဆောင်ရွက်ခြင်းဆိုင်ရာ ပဋိညာဉ်စာချုပ် စံပုံစံ

အောက်ဖော်ပြပါ Download Link တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်းလုပ်ငန်းထပ်ဆင့်ဆောင်ရွက်ခြင်းဆိုင်ရာ ပဋိညာဉ်စာချုပ် စံပုံစံ ကို Download ရယူနိုင်ပါသည်။

Published: Jun 16 Posted Under: Ministry News

အမှောင်ခွင်း၍ အလင်းဆောင်မည့် ရွှေကျင်ရေအားလျှပ်စစ်

          လျှပ်စစ်ကဏ္ဍသည် အခြေခံကျသောလူမှုရေး၊ ပညာရေး၊ စီးပွားရေးကဏ္ဍများ တိုးတက်လာစေရန်အရေးပါသောအခန်းကဏ္ဍတစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာ၌ သဘာဝရေစီးကိုအသုံးပြု၍လည်းကောင်း၊ ရေလှောင်တမံများတည်ဆောက်၍သော် လည်းကောင်း၊ ရေအရင်းအမြစ်ကိုအသုံးချ၍ ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာသောရေအားဖြင့် ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းမှာအဓိကကျသောအခန်းကဏ္ဍမှပါဝင်လျက်ရှိပါသည်။

Published: Jun 15 Posted Under: Ministry News

လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးဟောပြောပွဲအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

           မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးဟောပြောခြင်းအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့၊ ၁၃:၃၀ နာရီအချိန်တွင် နေပြည်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Published: Jun 01 Posted Under: Ministry News

၁၃၂ ကေဗွီ ကလော-တောင်ကြီး အမှတ်(၂)ဓာတ်အားလိုင်း တာဝါတိုင်(၃)တိုင် လေပြင်းတိုက်ခတ်၍ ပြိုလဲပျက်စီးမှုအား ပြုပြင်ပြီးစီး

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိသည့် ဓာတ်အားလိုင်းများအနက်မှ ၁၃၂ ကေဗွီ ကလော-တောင်ကြီး အမှတ်(၂)ဓာတ်အားလိုင်း တာဝါတိုင် အမှတ်(၁၁၆၊ ၁၁၇၊ ၁၁၈) တိုင်(၃)တိုင်သည် (၂၅-၅-၂၀၁၇)ရက်နေ့တွင် လေပြင်း တိုက်ခတ်၍ ပျက်စီးပြိုလဲမှု ဖြစ်ပေါ်ခဲ့ပါသည်။

Published: May 29 Posted Under: Ministry News

၅၀၀ ကေဗွီ ဓာတ်အားလိုင်းနှင့် စစ်တောင်းမြစ်ဝှမ်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများသို့ ပြည်ထောင်စုဝန်ကြီး သွားရောက်ကြည့်ရှု စစ်ဆေးခြင်း

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းသည် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် စက်မှု၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း ၅၀၀  ကေဗွီ မိတ္ထီလာ-တောင်ငူ ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းခွင်နှင့် ပဲခူးတိုင်းဒေသကြီး စစ်တောင်း မြစ်ဝှမ်းအနောက်ဘက်ခြမ်းရှိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများဖြစ်သော ခပေါင်း (၃၀ မဂ္ဂါဝပ်)၊ ဖြူးချောင်း (၄၀ မဂ္ဂါဝပ်)၊ ကွန်းချောင်း (၆၀ မဂ္ဂါဝပ်)နှင့် ရဲနွယ် (၂၅ မဂ္ဂါဝပ်) များသို့ မေလ ၂၇ ရက်နေ့က သွားရောက်ကြည့်ရှု လေ့လာစစ်ဆေးခဲ့ပါသည်။

Published: Apr 03 Posted Under: Ministry News

လျှပ်စစ်စွမ်းအားပြည်ထွန်းကား

          ယနေ့ကမ္ဘာပေါ်ရှိ စက်မှုလုပ်ငန်းများဖွံ့ဖြိုးသော ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ကောင်းမွန်သောနိုင်ငံများတွင် အရေးကြီးသောစွမ်းအင်မှာ လျှပ်စစ်ဖြစ်ပါသည်။ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးသောနိုင်ငံများသာလျှင် ချမ်းသာကြွယ်ဝသော လူနေမှုအဆင့်အတန်းများ မြင့်မားသော စီးပွားရေး ကောင်းမွန်သော အင်အားကြီးနိုင်ငံများဖြစ်ခဲ့ကြသည်မှာငြင်း၍မရပေ။ ထို့ကြောင့် လျှပ်စစ်ဓာတ်အား ကိုနည်းမျိုးစုံဖြင့် ရှာဖွေထုတ်လုပ်ခဲ့ကြသည်။

Published: Apr 03 Posted Under: Ministry News

ပြောင်းလဲရန်လိုအပ်နေသေးသော ၀န်ဆောင်မှု

           ကျွန်ုပ်တို့၏ မြန်မာနိုင်ငံသည် ရှေးယခင် ဘိုးဘေးဘီဘင် လက်ထက်ကတည်းက စိုက်ပျိုးရေးကို အဓိကအားထား၍ နိုင်ငံဖွံ့ဖြိုးရေးကိုတည်ထောင်ခဲ့သည့် နိုင်ငံတစ်ခုဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ရေ၊ မြေ၊ တော၊ တောင် သဘာ၀များသည် သက်ဆိုင်ရာနေရာဒေသနှင့် လိုက်လျောညီ သည့် ကောက်ပဲသီးနှံ၊ သစ်သီး၀လံနှင့် ပန်းမန်များကို စိုက်ပျိုးဖြစ်ထွန်းခဲ့ကြသည်မှာ ရှေးဘုရင် ခေတ်သမိုင်းအဆက် ဆက်များကပင် အစချီခဲ့သည်ကို မြင်တွေ့ရပေမည်။ဥပမာ-ပုဂံခေတ် အနော်ရထာမင်းကြီး၏ စိုက်ပျိုးရေးကို လယ်တွင်း (၉)ခရိုင် ၊ (၁၂)ခရိုင် စသည်ဖြင့် စိုက်ပျိုးရေး နယ်မြေများ သတ်မှတ်၍ ဆည်ရေသောက် စနစ်များဖြင့် စနစ်တကျတည်ထောင်စိုက်ပျိုးခဲ့သည့် သာဓကကို ပြရမည်ဖြစ်သည်။

Published: Mar 29 Posted Under: Ministry News

၂၀၁၇ ခုနှစ်၊ ဧပြီလအတွင်း ဆီပြာ Blue Oil ရောင်းချရန် ကြေငြာခြင်း

          မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် တည်ရှိသော အမှတ်(၂) ရေနံချက်စက်ရုံ(ချောက်)မှ ထုတ်လုပ်သည့် ဆီပြာ Blue Oil များကို တစ်ဂါလန် လျှင် ၂,၁၅၀ ကျပ် (ကျပ်နှစ်ထောင့်တစ်ရာငါးဆယ်တိတိ) နှုန်းဖြင့် ၂၀၁၇ ခုနှစ်၊ ဧပြီလအတွင်း လွတ်လပ် စွာ ရောင်းချမည်ဖြစ်ပါ၍ မည်သူမဆို လျှောက်ထားဝယ်ယူနိုင်ပါသည်။

Published: Mar 29 Posted Under: Ministry News

၂၀၁၇ ခုနှစ်၊ ဧပြီလအတွင်း စီဂျီအို Coker Gas Oil ရောင်းချရန် ကြေငြာခြင်း

          မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကြီးကြပ်မှုအောက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် တွင် တည်ရှိသော အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)မှ စီဂျီအို Coker Gas Oil များကို တစ်ဂါလန် လျှင် ၂,၅၄၀ ကျပ် (ကျပ်နှစ်ထောင့်ငါးရာ လေးဆယ်တိတိ) နှုန်းဖြင့် ၂၀၁၇ ခုနှစ်၊ ဧပြီလအတွင်း လွတ်လပ် စွာ ရောင်းချမည်ဖြစ်ပါ၍ မည်သူမဆို လျှောက်ထားဝယ်ယူနိုင်ပါသည်။

Pages

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services