Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

Published: Oct 31 Posted Under: Ministry News

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစေရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင် ကြည့်ရှုစစ်ဆေးခြင်း

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းနေထိုင်သော ပြည်သူများ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်၀စွာရရှိရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းနိုင်သည် (၂၈.၁၀.၂၀၁၇) ရက်နေ့တွင် အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး နှင့် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများလိုက်ပါလျက် ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး လျက်ရှိ သည့် ပျဉ်းမနား ၃၃ ကေဗွီခွဲရုံ၊ တောင်သာ ၃၃ ကေဗွီခွဲရုံနှင့် ပေါင်းလောင်း ၃၃ ကေဗွီခွဲရုံများသို့ လည်းကောင်း၊ လယ်ဝေး မြို့နယ်နှင့် ဧလာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးလျက်ရှိသော လယ်ဝေး ၃၃ ကေဗွီခွဲရုံ၊ ဧလာ ၃၃ ခွဲရုံနှင့် သာ၀တ္ထိ ၃၃ ကေဗွီခွဲရုံ များသို့ လည်းကောင်း ရောက်ရှိစစ်ဆေးခဲ့ပါသည်။ အဆိုပါ ဓာတ်အားခွဲရုံများတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုအခြေအနေ၊ ဓာတ်အားတည်ငြိမ်ပြည့်၀စေရေးနှင့် ဓာတ်အားပျောက်ဆုံးမှုမရှိစေရေး အတွက် ထိန်းညှိဆောင်ရွက် ပေးခဲ့ပါသည်။

Published: Oct 23 Posted Under: Ministry News

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ ရရှိရေး ကြည့်ရှုစစ်ဆေး (၂၂.၁၀.၂၀၁၇)

          ပဲခူးခရိုင် သနပ်ပင်မြို့၊ ကဝမြို့၊ အင်းတကော်မြို့နှင့် ပဲခူးမြို့များအတွင်းရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံများသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် (၂၂.၁၀.၂၀၁၇) ရက်နေ့တွင် တာဝန်ရှိသူများ လိုက်ပါလျက် အဆိုပါ ဓာတ်အားခွဲရုံများ၏ လက်ရှိ ဝန်အားနိုင်နင်းမှုအခြေအနေ၊ ဗို့အားအဝင်အထွက် အခြေအနေများနှင့် ဓာတ်အားခွဲရုံများတွင် ဗို့အား ကျဆင်းမှုမရှိစေရေးအတွက် Voltage Tapping ​ပြောင်းလဲဆောင်ရွက်ပေးခြင်းများအား ထိန်းညှိ ဆောင်ရွက်ပေးခဲ့ပါသည်။

Published: Oct 21 Posted Under: Ministry News

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်နှင့် ပဲခူးခရိုင်အတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အားကောင်းမွန်စွာ သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သွားရောက်စစ်ဆေး

          ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်နှင့် ပဲခူးခရိုင်အတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေး၊ ဗို့အားကျဆင်းမှုမရှိစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့ချ နိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိမ်းသူရ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်နှင့် တာဝန်ရှိ သူများ လိုက်ပါလျက် (၂၁.၁၀.၂၀၁၇) ရက်နေ့တွင် ၂၃၀ ကေဗွီနှင့် ၃၃ ကေဗွီ ဓာတ်အားခွဲရုံ များသို့ ရောက်ရှိစစ်ဆေးခဲ့ပါသည်။

Published: Oct 20 Posted Under: Ministry News

ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိရေး၊ ဗို့အားတည်ငြိမ်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သွားရောက်စစ်ဆေး

          ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိရေး၊ ဗို့အားတည်ငြိမ်ရေးနှင့် ဓာတ်အား ပျောက်ဆုံးမှု လျှော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိမ်းသူရ၊ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် (၂၀.၁၀.၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ရေနီခွဲရုံ၊ ၂၃၀/၃၃/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ သဲဖြူခွဲရုံ၊ 

Published: Oct 18 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် နှင့် ရမည်းသင်းခရိုင်အတွင်းပြည်သူများ လျှပ်စစ်ဓာတ်အားကောင်းမွန်စွာသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် စစ်ဆေးသည့်သတင်း

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်အတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေး၊ ဗို့အားကျဆင်းမှုမရှိစေရေးနှင့် ဓာတ်အား ပျောက်ဆုံးမှု လျော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ဥက္ကဋ္ဌ ဦးသောင်းဟန်၊ အမှုဆောင်အရာရှိချုပ် ဦးသိန်းလှိုင် နှင့် တာဝန်ရှိသူများလိုက်ပါလျက် (၁၈.၁၀.၂၀၁၇) ရက်နေ့တွင် ၃၃ကေဗွီ ခွဲရုံများသို့ ရောက်ရှိစစ်ဆေးခဲ့ပါသည်။

Published: Oct 17 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း စက်မှုဇုန်နှင့် ပြည်သူများလျှပ်စစ်ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် သွားရောက်စစ်ဆေး

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း စက်မှုဇုန်နှင့် ပြည်သူများ လျှပ်စစ် ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေး၊ ဗို့အားကျဆင်းမှုမရှိစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အမှုဆောင်အရာရှိချုပ် ဦးသိန်းလှိုင် နှင့် တာဝန်ရှိသူများလိုက်ပါလျက် (၁၇.၁၀.၂၀၁၇) ရက်နေ့တွင် မိတ္ထီလာခရိုင်အတွင်းရှိ ၃၃ကေဗွီ ခွဲရုံများသို့ ရောက်ရှိစစ်ဆေးခဲ့ပါသည်။

Published: Oct 17 Posted Under: Ministry News

သထုံဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့်ပတ်သက်၍ လူမှုနှင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ချက်များ

          သထုံဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့်ပတ်သက်၍ လူမှုနှင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ချက်များအား အောက်ဖော်ပြပါ PDF File များတွင် လေ့လာနိုင်ပါသည်။

Environmental and Social Management for Thaton Combined Cycle Gas Turbine (CCGT) Power Plan

Published: Oct 15 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီးအတွင်း စက်မှုဇုန်နှင့် ပြည်သူများလျှပ်စစ်ဓာတ်အား ကောင်းမွန်စွာ သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် သွားရောက်စစ်ဆေးသည့်သတင်း

          မန္တလေးတိုင်းဒေသကြီးအတွင်းစက်မှုဇုန်နှင့် ပြည်သူများ လျှပ်စစ်ဓာတ်အားကောင်းမွန်စွာ သုံးစွဲနိုင်ရေး၊ ဗို့အားကျဆင်းမှုမရှိစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဥက္ကဋ္ဌ ဦးသောင်းဟန် ၊ အမှုဆောင်အရာရှိချုပ် ဦးသိန်းလှိုင် နှင့် တာဝန်ရှိသူများ လိုက်ပါလျက် (၁၅.၁၀.၂၀၁၇) ရက်နေ့တွင် မန္တလေးမြို့အတွင်းရှိ ၁၃၂ ကေဗွီနှင့် ၃၃ ကေဗွီ ခွဲရုံများသို့ ရောက်ရှိစစ်ဆေးခဲ့ပါသည်။

Published: Oct 14 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအခြေအနေများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်စစ်ဆေးသည့်သတင်း

           မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိရေး၊ ဗို့အားကျဆင်းမှုမရှိစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့ချ နိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် ၊ မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ဥက္ကဌ ဦးသောင်းဟန် ၊ အမှုဆောင်အရာရှိချုပ် ဦးသိန်းလှိုင် နှင့် တာဝန်ရှိသူများလိုက်ပါလျက် (၁၄.၁၀.၂၀၁၇) ရက်နေ့တွင် မန္တလေးမြို့အတွင်းရှိ ၃၃ ကေဗွီခွဲရုံများသို့ ရောက်ရှိစစ်ဆေးခဲ့ပါသည်။

Published: Oct 13 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဗို့အားပြည့်၀စွာရရှိရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး သွားရောက်စစ်ဆေး

           မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိရေး၊ ဗို့အားကျဆင်းမှု မရှိစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အမှုဆောင် အရာရှိချုပ် ဦးသိန်းလှိုင်၊ အထွေထွေမန်နေဂျာ ဦးကျော်သူ၊ ဦးစိုးမင်းထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၁၃-၁၀-၂၀၁၇ ရက်နေ့တွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၃၃၊ ၁၁ ကေဗွီ ၂ X ၁၀ အမ်ဗွီအေ (၆၅) လမ်း၊ ခွဲရုံကို ရောက်ခဲ့ပါသည်။

Pages

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services