Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

Published: Jan 27 Posted Under: Ministry News

သတိပြုဖွယ် လျှပ်စစ်အန္တရာယ်

လူသားတစ်ယောက်၏ ဘဝတာ ကာလတွင် ရေဘေး ၊ မီးဘေး ၊ ရောဂါဘေး ၊ စစ်ဘေး ၊ မြေငလျင်ဘေး စသည့် ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရမှုများ ရှိနိုင်သည် ။ အဆိုပါ ဘေးအန္တရာယ်များ ကြုံတွေ့ ခံစားရသူများ ထိခိုက်ဒဏ်ရာ ရရှိမှု ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းမှု ၊ အသက်ဆုံးရှုံးမှုများ ရှိကြမည် ဖြစ်ပေသည် ။ 

Published: Jan 25 Posted Under: Ministry News

လျှပ်စစ်မဂ္ဂါဝပ်၂၈၀ ထုတ်လုပ်နိုင်မည့် အထက်ရဲရွာစီမံကိန်း ဆောင်ရွက်လျက်ရှိ

ရှမ်းရိုးမကို မြစ်ဖျားခံပြီး စီးဆင်းလာသော ဒုဋ္ဌဝတီမြစ်သည် မန္တလေးတိုင်းဒေသကြီး ၊ မြစ်ငယ်မြို့အနီးတွင် ဧရာဝတီမြစ်နှင့် ပေါင်းစုံစီးဝင်သည်။ အဆိုပါ ဒုဋ္ဌဝတီမြစ်ပေါ်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲမြို့၏တောင်ဘက် မိုင် (၂၀) ခန့်အကွာတွင် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ တည်ဆောက်ရေး (၃) မှ ဆောင်ရွက်လျက်ရှိသည်။ 

Published: Jan 20 Posted Under: Ministry News

ဘီလူးကျွန်းဒေသတစ်ခုလုံးသို့ နိုင်ငံတော် ဓာတ်အားလိုင်းမှ လျှပ်စစ်မီးစတင်ပို့လွှတ်

​ဘီလူးကျွန်းသည် မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့၏ တစ်ဖက်ကမ်းသံလွင်မြစ်ဝတွင်  တည်ရှိသော်လည်းရေစီးသန်သောသံလွင်မြစ်ကိုဖြတ်သန်း၍ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်မှုမရှိသဖြင့် ချောင်းဆုံဒေသရှိကျေးရွာ (၁၁) ရွာမှမီးသုံးစွဲသူ (၁၇၄၀) ဦးအား ၅၀၀ ကေဗွီအေဒီဇယ်မီးစက် (၂) လုံးဖြင့်တစ်နေ့လျှင် (၄) နာရီသာဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့သဖြင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေးစသည့်အခြေခံအဆောက်အဦများဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့ရသောဒေသအဖြစ် တည်ရှိနေခဲ့ပါသည်။

Published: Jan 13 Posted Under: Ministry News

လျှပ်စစ်မဂ္ဂါဝပ် ၁၀၅၀ ထုတ်လုပ်နိုင်မည့် ရွှေလီ(၃) ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်

ရှမ်းရိုးမကြီး၏အလယ်၌ ရစ်ခွေစီးဆင်းနေပြီး ရွှေလီမြစ်ပေါ်တွင် တည်ရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့၏ မြောက်ဘက် ၁၂ မိုင်ခန့်အကွာတွင် တည်ဆောက်လျက်ရှိသော ရွှေလီ(၃)ရေအားလျှပ်စစ်စီမံကိန်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတည်ဆောက်ရေး(၂)မှ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည်။

Pages

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services