Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

Published: Mar 29 Posted Under: Ministry News

၂၀၁၇ ခုနှစ်၊ ဧပြီလအတွင်း စီဂျီအို Coker Gas Oil ရောင်းချရန် ကြေငြာခြင်း

          မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကြီးကြပ်မှုအောက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် တွင် တည်ရှိသော အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)မှ စီဂျီအို Coker Gas Oil များကို တစ်ဂါလန် လျှင် ၂,၅၄၀ ကျပ် (ကျပ်နှစ်ထောင့်ငါးရာ လေးဆယ်တိတိ) နှုန်းဖြင့် ၂၀၁၇ ခုနှစ်၊ ဧပြီလအတွင်း လွတ်လပ် စွာ ရောင်းချမည်ဖြစ်ပါ၍ မည်သူမဆို လျှောက်ထားဝယ်ယူနိုင်ပါသည်။

Published: Mar 15 Posted Under: Ministry News

ဆီပြာ Blue Oil ရောင်းချရန် ကြေငြာခြင်း

၁။           မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် တည်ရှိသော အမှတ် (၂) ရေနံချက်စက်ရုံ (ချောက်) မှ ထုတ်လုပ်သည့် ဆီပြာ Blue Oil များကို တစ်ဂါလန်လျှင် ၁,၉၀၀ ကျပ် (ကျပ်တစ်ထောင့်ကိုးရာ တိတိ) နှုန်းဖြင့် ၂၀၁၇ ခုနှစ် ၊ မတ်လအတွင်း လွတ်လပ်စွာ ရောင်းချမည်ဖြစ်ပါ၍ မည်သူမဆို လျှောက်ထားဝယ်ယူနိုင်ပါသည်။

Published: Mar 15 Posted Under: Ministry News

စီဂျီအို Coker Gas Oil ရောင်းချရန် ကြေငြာခြင်း

၁။           မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကြီးကြပ်မှုအောက်ရှိ ရန်ကုန်တိုင်းဒေသကြီး ၊ သန်လျင်မြို့နယ်တွင် တည်ရှိသော အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်) မှ စီဂျီအို Coker Gas Oil များကို တစ်ဂါလံလျှင် ၂,၃၄၀ ကျပ် (ကျပ်နှစ်ထောင့်သုံးရာ လေးဆယ်တိတိ) နှုန်းဖြင့် ၂၀၁၇ ခုနှစ် ၊ မတ်လ အတွင်း လွတ်လပ်စွာ ရောင်းချမည်ဖြစ်ပါ၍ မည်သူမဆို လျှောက်ထားဝယ်ယူနိုင်ပါသည်။

Published: Mar 10 Posted Under: Ministry News

လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးဆွေးနွေးပြောကြားချက်

၁။            ယနေ့ ကျင်းပပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆွေးနွေးပွဲ Stakeholders' Forum ကို တက်ရောက်လာကြသော ရန်ကုန်တိုင်း ဒေသကြီးမှ ဝန်ကြီးများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် အသင်းချုပ် ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ပြင်ပပညာရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်သည်တော်များအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ 

Published: Feb 03 Posted Under: Ministry News

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းတွင် အသုံးပြုရန် Steel Pole များ ဝယ်ယူရန်အတွက် သတ်မှတ်စံချိန်စံညွှန်းများ

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းတွင် အသုံးပြုရန် Steel Pole များ ဝယ်ယူရန်အတွက် သတ်မှတ်စံချိန်စံညွှန်းများကို  အများသိရှိနိုင်ပါရန် Download ရယူနိုင်ပါသည်။ 

Published: Jan 27 Posted Under: Ministry News

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ မြစ်သာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးစက်များ စတင်လည်ပတ်မောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ လျှပ်စစ်ဓာတ်အားအောင်မြင်စွာ ပို့လွှတ်ဆောင်ရွက်နိုင် ခဲ့

နေပြည်တော်၊ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ( ၉) ရက်       

          နိုင်ငံတော်တွင် နှစ်စဉ်မြင့်တက်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ကွပ်ကဲမှုအောက်ရှိ မြစ်သာ ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးစက် ၂ လုံးအား ၉-၁-၂၀၁၇ ရက်နေ့တွင် ဝန်အား ၂၀ မဂ္ဂါဝပ်စီဖြင့် စတင်လ ည်ပတ်မောင်းနှင်ကာ စုစုပေါင်း ၄၀ မဂ္ဂါဝပ်ကို နိုင်ငံတော် ဓာတ်အားစနစ်အတွင်းသို့ လျှပ်စစ်ဓာတ်အား အောင်မြင်စွာ ပို့လွှတ်ဆောင်ရွက်နိုင်ခဲ့ပါသည်။

Published: Jan 11 Posted Under: Ministry News

(၄)ကြိမ်မြောက် ဘင်းမ်စတက်စွမ်းအင်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ

          (၄)ကြိမ်မြောက် ဘင်းမ်စတက်စွမ်းအင်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (4TH MEETING OF THE BAY OF BENGAL INITIATIVE FOR MULTI-SECTORAL TECHNICAL AND ECONOMIC COOPERATION (BIMSTEC) SENIOR OFFICIALS’ ON ENERGY) ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဟိုတယ်ဇုံ(၁)ရှိ ဟိုတယ်ရွှေပြည်တော်၌ ကျင်းပလျက်ရှိပြီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

Published: Jan 06 Posted Under: Ministry News

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းသည် မြန်မာနိုင်ငံ ဆိုင်ရာ ဘရာဇီးနိုင်ငံ သံအမတ်ကြီး H.E. Mr. Antonio J.M de Souzae Silva အား ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ( ၅ ) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် ( ၂၇ ) ၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

Published: Dec 21 Posted Under: Ministry News

နိုင်ငံတော်လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အကျိုးပြုမည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း

          နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ကဏ္ဍသည် မရှိမဖြစ် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင် လျှက်ရှိရာ ရေအားလျှပ်စစ်စီမံကိန်းများသည်လည်း တစ်စိတ်တစ်ပိုင်းမှ ပါဝင်လျှက်ရှိပါသည်။  နိုင်ငံတော်အနေဖြင့် လိုအပ်သောလျှပ်စစ်ဓာတ်အားများကို ဖြည်ဆည်းပေးနိုင်ရေးအတွက် ရေအားလျှပ်စစ် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့နယ် တောင်ဘက်မိုင်(၂၀)ခန့်အကွာ၊ မြစ်ငယ်မြစ်(ဒုဌဝတီမြစ်)ပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျှက် ရှိသော အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။

Published: Dec 21 Posted Under: Ministry News

ဖွံ့ဖြိုးတိုးတက်လာသော စက်သုံးဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်း

          နိုင်ငံတော်၏စီးပွားရေးတွင် ပုဂ္ဂလိကပါဝင်မှုကိုအားပေးမြှင့်တင်ရန်နှင့် ပုဂ္ဂလိကစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို   စျေးကွက်စီးပွားရေးစနစ်နှင့်အညီ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုရန် စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင် ၂၆၁ ဆိုင်ကို ပုဂ္ဂလိကသို့အပြီးအပိုင်လွှဲပြောင်းရောင်းချခဲ့ပြီး အဆိုပါပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များကို ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁၀ ရက်နေ့မှ စ၍ စတင်ဖွင့်လှစ် ရောင်းချခွင့်ပြုခဲ့ပါသည်။ 

Pages

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services