Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

Published: Jun 14 Posted Under: Ministry News

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းများ စစ်ဆေးသည့်သတင်း

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း သည် ၁၁-၆-၂၀၁၆ ရက်နေ့ နံနက်တွင် ရန်ကင်းမြို့နယ်၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောစွမ်းအင်ဝန်ကြီး ဦးဟန်ထွန်း၊ မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်၊ အများနှင့်သက်ဆိုင်သောကုမ္ပဏီ ဥက္ကဋ္ဌ၊ မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့် ရက်(၁၀၀)စီမံချက် အတွင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၏ BRT ယာဉ်(၆၅)စီးကို CNG ဖြန့်ဖြူးပြီးစီးရေး ညှိနှိုင်း ဆွေးနွေးခဲ့သည်။

Published: Jun 08 Posted Under: Ministry News

တိုင်းဒေသကြီး / ပြည်နယ်များ၌ လျှပ်စစ်ဓာတ်အား ထုတ်လုပ် / ဖြန့်ဖြူးမှုအခြေအနေများ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ်များ၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း တိုင်းဒေသကြီး/ ပြည်နယ်များ၌ လျှပ်စစ်ဓာတ်အားထုတ်လုပ် / ဖြန့်ဖြူးမှုအခြေအနေများ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီတွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Published: Jun 06 Posted Under: Ministry News

ဓာတ်အားပြတ်တောက်မှုနှင့် ပတ်သက်၍ (ဓာတ်အားစနစ် ပြတ်တောက်မှု - System Break အဆက်)

          ဓာတ်အားစနစ် ဓာတ်အားပြတ်တောက်မှု (System Break) ဖြစ်ရခြင်း အကြောင်း……… မြန်မာနိုင်ငံ ဓာတ်အားစနစ်၏ အားနည်းချက်များ ပြုပြင်ရန် အချက်များကို ၂၀၁၆ ခုနှစ် မေလ ၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့ရာ….. တိုက်တိုက်ဆိုင်ဆိုင်ပင် ၎င်းနေ့ညနေပိုင်းတွင်... ဓာတ်အားစနစ် ဓာတ်အားပြတ်တောက်မှု( System Break) ဖြစ်ရပြန်ပါသည်…..

Published: Jun 03 Posted Under: Ministry News

ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်မှုများ

           မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်မတိုင်မီကာလက ဓာတ်အားထုတ်လုပ်မှုသည် ၁၆၉၀ မဂ္ဂါဝပ်ရှိပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှု ရာခိုင်နှုန်းမှာ ၁၂% သာရှိပြီး ဓာတ်အား လုံလောက်မှုမရှိခြင်းကြောင့် မြို့၊ ကျေးရွာများ ဓာတ်အားတိုးချဲ့ပေးနိုင်မှု တိုးတက်မှု နည်းခဲ့ပါသည်။ ၂၀၁၆ ခုနှစ် နောက်ပိုင်းတွင် ရေအားလျှပ်စစ်စက်များဖြစ်သည့် ရွှေလီ၊ ရဲရွာ စက်ရုံများ လည်ပတ်ပြီးနောက် နိုင်ငံတော်အနေဖြင့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ လျှပ်စစ်ဓာတ်အားတိုးချဲ့ဖြန့်ဖြူးပေးနိုင်ရေးအတွက် အခြေခံကျသော ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများကို ဦးစွာတည်ဆောက်ရပါသည်။

Published: Jun 02 Posted Under: Ministry News

ပြည်ထောင်စုဝန်ကြီး ရန်ကုန်၊သထုံ၊မော်လမြိုင်မြို့တို့ရှိ သဘာဝဓာတ်ငွေ့သုံးနှင့် စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ အမှတ်၂ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)၊ ညောင်တုန်းရေနံနှင့်သဘာဝဓာတ်ငွေ့မြေ၊ အမှတ်၅ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)တို့အား ကြည့်ရှု

          နိုင်ငံတော်၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးရှိ စုစုပေါင်းစက်တပ်ဆင်အင်အား (၃၆၀) မဂ္ဂါဝပ်ရှိ ရွာမသဘာဝဓာတ်ငွေ့သုံးနှင့်စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းနှင့် တာဝန်ရှိသူများအဖွဲ့သည် ၂၀၁၆ ခုနှစ်၊ မေလ(၂၇)ရက်နေ့၊ ညနေပိုင်းတွင်  သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

Published: May 27 Posted Under: Ministry News

ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းတွင် မိုးကြိုးပစ်ခံရခြင်းကြောင့် သန်လျင်တစ်ဝိုက် ဓာတ်အားပြတ်တောက်မှုသတင်း

             ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းတွင် (၂၀-၅-၂၀၁၆)ရက် နေ့လည်(၁၃:၀၃)နာရီခန့်တွင် မိုးသက်လေပြင်း တိုက်ခတ်ပြီး သံလျင် ၂၃၀ ကေဗွီ မဟာဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးသည့် ကြယ်စင်အိမ်ရာ ၃၃ ကေဗွီ ဓာတ်အားလိုင်း မိုးကြိုးပစ်ခံခဲ့ရပါသည်။

Published: May 27 Posted Under: Ministry News

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းအတွက် ထရန်စဖော်မာများဝယ်ယူရန် တင်ဒါ ခေါ်ယူမည့်ကိစ္စနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ပြုလုပ်သည့်သတင်း

          ကမ္ဘာ့ဘဏ်ချေးငွေဖြင့်ဆောင်ရွက်မည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းအတွက် ထရန်စဖော်မာများဝယ်ယူရန် တင်ဒါခေါ်ယူမည့်ကိစ္စနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ မေလ (၁၉) ရက်နေ့ (၁၀:၀၀) နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Published: May 27 Posted Under: Ministry News

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးနှင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်သည့် သတင်း

            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် ကမ္ဘာ့ဘဏ်အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးနှင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို (၁၈-၅-၂၀၁၆) ရက်နေ့ နံနက် (၀၉ : ၀၀) နာရီတွင် နေပြည်တော်ရှိ သင်္ဂဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Published: May 16 Posted Under: Ministry News

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးဖေဇင်ထွန်း ကျောက်ဆည်မြို့နှင့် မြင်းခြံမြို့တို့ရှိ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ မန္တလေးလျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းနှင့်အမှတ်(၁)ဓာတ်မြေသြဇာစက်ရုံ(စလေ)တို့သို့သွားရောက်ကြည့်ရှု

          အချိန်ကာလတိုအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် အတွက် သဘာဝ ဓာတ်ငွေ့သုံး  လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် အင်ဂျင်စက်များ (Gas Engine Generators) အား အငှားစာချုပ်ဖြင့် ဆောင်ရွက်လျက်ရှိသည့်ကျောက်ဆည်မြို့စက်မှုဇုန်ရှိ ကျောက်ဆည် (၁၁၀) မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံနှင့် ရက်ပေါင်း (၁၀၀) စီမံချက်တွင်ပါဝင်သော မြင်းခြံမြို့ရှိ မြင်းခြံ (၁၃၃) မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံနေရာများသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဖေဇင်ထွန်း နှင့် တာဝန်ရှိသူများအဖွဲ့သည် ၂၀၁၆ ခုနှစ်၊ မေလ (၁၃) ရက်နှင့် (၁၄) ရက်နေ့ များတွင်  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Published: May 05 Posted Under: Ministry News

ဓာတ်အားပြတ်တောက်မှုနှင့် ပတ်သက်၍ (ဓာတ်အားစနစ် ပြတ်တောက်မှု − System Break)

          ဟာ… မီးပျက်သွားပြီ .. ဒီတစ်ခါ ပျက်သွားတာ တစ်မြို့လုံး မှောင်သွားတာဘဲ … ဘောလုံးပွဲကြည့်ကောင်းနေတုန်းမို့ ဆတ်တငံ့ငံ့.. ပူအိုက်လို့ လေအေးစက် … ပန်ကာလေ အကူနဲ့ နေရသူတွေကလည်း အိမ်အပြင် ထွက်ကြရ.. ထမင်းဟင်း မချက်ရသေးသူတွေကလည်း မီးသွေးဖိုဘဲ မီးမွှေးရမလိုလို.. ဘာကြောင့် မီးပျက်ရတာလဲ .. လျှပ်စစ်ရုံးကို ဖုန်းဆက်.. လျှပ်စစ်ဌာနတွေရဲ့ Website ​တွေကြည့်ရ .. တစ်ခြား မြို့တွေလည်း .. မီးလာသလား .. ဖုန်းဆက်မေးရ .. Facebook ကြည့်ကြနဲ့ .. မြို့တိုင်း မီးပျက်သွားတယ်တဲ့.. ဓာတ်အားစနစ် System Break ဖြစ်သွားတယ်တဲ့.. ဓာတ်အားစနစ် .. System Break ဆိုတာ ဘာလဲ 

Pages

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services