Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

Published: May 05 Posted Under: Ministry News

မန္တလေးတိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု

          (၄-၅-၂၀၁၆) ရက်နေ့ (၁၀:၁၉) နာရီအချိန်ခန့်တွင် ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတွင် တပ်ဆင်အသုံးပြုလျက်ရှိသည့် Circuit Breaker ၏ Trip Coil မှာ မီးလောင်ကျွမ်းပြီး ဓာတ်အားပေးစက်များ ရပ်တန့်မှုဖြစ်ပွားခဲ့ပါသည်။ ထို့ပြင် ရွှေလီ (၁) ဓာတ်အားပေးစက်ရုံတွင် ဓာတ်အားထုတ်လုပ်မောင်းနှင်လျက်ရှိသော ဓာတ်အားပေးစက်များလည်း ရပ်တန့်မှုဖြစ်ပွားခဲ့ပါသည်။

Published: May 03 Posted Under: Ministry News

အထက်မြန်မာပြည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုသတင်း

မြန်မာနိုင်ငံ မဟာဓာတ်အားစနစ်မှ အများပြည်သူ လျှပ်စစ်မီးသုံးစွဲရန်အတွက် ယခုကာလတွင် မဂ္ဂါဝပ် (၂၇၀၀) ခန့် ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးလျက်ရှိပါသည်။ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားများကို ၁၃၂ ကေဗွီ ၊ ၂၃၀ ကေဗွီ မဟာ ဓာတ်အားလိုင်းများဖြင့် ပို့လွှတ်လျက်ရှိရာ ၂၀၁၆ခုနှစ်၊ ဧပြီလ(၃၀)ရက် ညနေ(၃:၃၇)အချိန် တွင် လေပြင်းတိုက်ခတ်သဖြင့် သပြေဝ-တောင်တွင်းကြီး ၂၃၀ကေဗွီ မဟာဓာတ်အားလိုင်း ယာယီအပြစ်ဖြစ်ပြီး ဓာတ်အားပြတ်တောက်ခဲ့ပါသည်။

Published: May 03 Posted Under: Ministry News

နွားကျောင်းသားများက ဓာတ်တိုင်ကြွေသီးများကို ပစ်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်သွားခြင်း

          ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့သို့ ပို့လွှတ်နေသည့် ကျောက်ဖြူ - ရမ်းဗြဲ ၆၆ ကေဗွီ ဓာတ်အားလိုင်းသည် (၁၆-၄-၂၀၁၆) ရက် (၁၃:၁၀) နာရီတွင် ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားခဲ့သဖြင့် ဓာတ်အားလိုင်းအပြစ်အား ရှာဖွေခဲ့ရာ တိုင်အမှတ် (၂၇၉) မှ တိုင်အမှတ် (၂၉၁) အထိ ဓာတ်တိုင်(၁၃) တိုင်ရှိ ကြွေသီး (၂၂) လုံးမှာ ကွဲအက်ပျက်စီးနေသဖြင့် ဓာတ်အားပြတ်တောက် သွားခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

Published: Apr 25 Posted Under: Ministry News

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသည့်ဓာတ်အားလိုင်းများ အမြန်ဆုံးပြန်လည်ပြုပြင်

             စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် (၂၁-၄-၂၀၁၆) ရက်မှ (၂၂-၄-၂၀၁၆) ရက်ထိ မိုးသီးများကြွေခြင်း၊ လေပြင်းတိုက်ခတ် ခြင်းများကြောင့် အုန်းတော - ညောင်ပင်ကြီး ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင် အမှတ် (၁၂၈)၊ ရဲရွာ - ဘဲလင်း ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် (၇၉)၊ 

Published: Mar 28 Posted Under: Ministry News

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံရေဘေးသင့်ဒေသများအတွက် ယွမ် (၃၆) သန်း တန်ဖိုးရှိ လျှပ်စစ်ပိုင်း ဆိုင်ရာ ပစ္စည်းများလှူဒါန်း

 တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ရေဘေးသင့်ဒေသများအတွက် ယွမ် (၃၆) သန်း တန်ဖိုးရှိ လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ၂၀၁၆ ခုနှစ် မတ်လ ၂၅ရက် ၊ မွန်းလွဲ (၃) နာရီခွဲတွင် နေပြည်တော်ရှိ Horizon Lake View Resort ဟိုတယ်၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဟုန်လျန်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးထံ လွှဲပြောင်းပေးအပ်သည်။

Published: Mar 24 Posted Under: Ministry News

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်တို့အကြား မိုင်းဝရေအားလျှပ်စစ်စီမံကိန်းအား B.O.T စနစ်အခြေခံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ပဋိညာဉ်စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်တို့ အကြား ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားမြို့နယ်၊ နမ့်လွေချောင်းပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မိုင်းဝရေအားလျှပ်စစ်စီမံကိန်း (၆၆) မဂ္ဂါဝပ်အား B.O.T စနစ်အခြေခံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ပဋိညာဉ်စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို (၂၂-၃-၂၀၁၆) ရက်နေ့ (၁၁:၀၀) နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Published: Mar 24 Posted Under: Ministry News

သီလဝါ အထူးစီးပွားရေးဇုန်တွင် ၅ဝ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သီလဝါအထူးစီးပွားရေးဇုန်တွင် တည်ဆောက်ထားသည့် သီလဝါ ၅၀ မဂ္ဂါဝပ်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်ပွဲကို၂၀၁၆ခုနှစ် ၊ မတ်လ(၂၀) ရက်နေ့ညနေ ၄ နာရီက ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ရှိ အဆိုပါ ဓာတ်အားပေးစက်ရုံဝင်းအတွင်း၌ ကျင်းပသည်။

Published: Mar 14 Posted Under: Ministry News

ရန်ကုန်မြို့ရှိ စက်မှုလက်မှုလုပ်ငန်းများနှင့် ပြည်သူများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဓာတ်အားခွဲရုံဖွင့်လှစ်

          လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့် ဖြန့်ဖြူးရေးအတွက် ၂၃၀/၆၆/၁၁ ကေဗွီ၊ (၂x၁၂၅) အမ်ဗွီအေ GIS အရှေ့ဒဂုံပင်မဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ အဆိုပါ ဓာတ်အားခွဲရုံဝင်းအတွင်း၌ ကျင်းပသည်။

Published: Mar 11 Posted Under: Ministry News

တစ်နှစ်လျှင် ပျမ်းမျှကီလိုဝပ် ၂၆၇ သန်း ထုတ်လုပ်ပေးနိုင်မည့် အထက်ကျိုင်းတောင်း ရေအား လျှပ်စစ်စီမံကိန်းဆောင်ရွက်လျက်ရှိ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေးသည် ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းဝေနှင့် တာဝန်ရှိသူ များ လိုက်ပါလျက် ၂၀၁၆ ခုနှစ်၊ မတ်လ ( ၅ ) ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၏ အရှေ့တောင်ဘက် (၁၈) မိုင်ခန့်အကွာ နမ့်တိန်ချောင်းပေါ်ရှိ ကျိုင်းတောင်းရေတံခွန်အနီး ကျိုင်းတောင်းရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံသို့ ရောက်ရှိသည်။

Published: Mar 11 Posted Under: Ministry News

မြန်မာနိုင်ငံ၏ ပထမဆုံးသော GIS ဓာတ်အားခွဲရုံတည်ဆောက်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် အသစ်တည်ဆောက်လျှက်ရှိသည့် 230/66/11 kV (2x125) MVA (GIS)  ဓာတ်အားခွဲရုံ အားကြည့်ရှုစစ်ဆေးသည့်သတင်း။

Pages

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services