Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

Published: Aug 01 Posted Under: Ministry News

မြစ်ရေကြီးခြင်း၊ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ဓာတ်အားပြတ်တောက်ခြင်း

          မြန်မာနိုင်ငံနှင့်အဝှမ်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်း၊ မြစ်ရေကြီးခြင်း များ ဖြစ်ပေါ်လျက်ရှိပါသည်။ ၎င်းမိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လျှပ်စစ်ဓာတ်အားလိုင်း ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။

Published: Jul 29 Posted Under: Ministry News

ဧရာဝတီမြစ်ရေ တက်လာခြင်းကြောင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် လျှပ်စစ်ဓာတ်အား ခေတ္တဖြတ်တောက်

           စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့တွင် ဧရာဝတီမြစ်ရေတက်လာခြင်းကြောင့် ရေဝင်ရောက်နေသော ထုံးဘိုရပ်ကွက်၊ ဧမြဝတီရပ်ကွက်များသို့ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးထားသော ၄၀၀ ဗို့ ဓာတ်အားလိုင်းများအားလည်းကောင်း၊ ၁၁ ကေဗွီ ဇေယျာဖီဒါ (၂) မှ ဓာတ်အားပို့လွှတ်ထားသော ၁၁ ကေဗွီ ဇီးချောင်းကျေးရွာလိုင်းနှင့် ၁၁ ကေဗွီ မင်းလမ်းဖီဒါ (၃) မှ ဓာတ်အားပေးထားသော ညောင်ကုန်း၊ သလွန်ဖြူ၊ တဲကြီး၊ ကြွယ်လူး၊ ဒေါင်းမ၊ ဆင်မြေ၊ မအူပင်အရှေ့၊ မအူပင်အနောက်ရွာ လိုင်းများအား ၂၇-၇-၂၀၁၆ ရက်နေ့ (၁၅:၂၀) နာရီအချိန်မှစ၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လျှပ်စစ်ဓာတ်အား ခေတ္တဖြတ်တောက်ထားပါသည်။

Published: Jul 25 Posted Under: Ministry News

၂၀၁၅-၂၀၁၆ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၁၆-၂၀၁၇ပညာသင်နှစ်တွင်ပညာသင်ကြားနေသောဝန်ထမ်းသား/သမီးများအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကျင်းပ

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်တွင် ပညာသင်ကြားနေသော ဝန်ထမ်းများ၏ သား/သမီးများအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ် (၂၇) ရတနာခန်းမတွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Published: Jul 04 Posted Under: Ministry News

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သစ်ပင်စိုက်ပွဲ ကျင်းပသည့်သတင်း

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သစ်ပင်စိုက်ပွဲကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် ရုံးအမှတ် (၂၇) တာပိတ်ဆည်ပတ်လည်နှင့် ရုံးအမှတ် (၆) ရှေ့မျက်နှာစာတို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ကွပ်ကဲမှု အောက် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်ရုံ၊ အလုပ်ရုံ၊ ခွဲရုံ၊ လိုင်းရုံး၊ စီမံကိန်းရုံး စသည့်နေရာ များတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ စသည့် ရတနာတန်းဝင်ပင်များ၊ သရက်၊ မာလကာ၊ သြဇာ စသည့် စားပင်၊ သီးပင်များ၊

Published: Jun 27 Posted Under: Ministry News

ပြည်သူ့တာထမ်း လျှပ်စစ်ဝန်ထမ်း

          လျှပ်စစ်မီးမရရှိသောဒေသနေ ပြည်သူတွေအနေနဲ့ လျှပ်စစ်ဓာတ်အားကို "နေလို လလို" တောင့်တလျက်ရှိကြသည်…… လျှပ်စစ်ဓာတ်အားရရှိပြီးသော ပြည်သူတွေကတော့ ရရှိသော လျှပ်စစ်ဓာတ်အားကို ဗို့အားပြည့်ပြည့် ရချင်တယ်…. ဓာတ်အားပြတ်တောက်မှု မဖြစ်ချင်ကြဘူး…. ၎င်းလိုအပ်ချက် ၂ခုကို နိုင်ငံတော်က ဘဏ္ဍာငွေ အခြေအနေအပေါ် မူတည်၍ ဆောင်ရွက်ပေးခဲ့… ဆောင်ရွက်လျက်ရှိပါသည်…

Published: Jun 15 Posted Under: Ministry News

ရက် (၁၀၀) စီမံချက်အရ လျှပ်စစ်ဓာတ်အား ၁၅၀ မဂ္ဂါဝပ် တိုးတက်ထုတ်လုပ်နိုင်ခဲ့ခြင်းနှင့် ဖလမ်းဒေသ၊ တောင်ကုတ် - မအီ ဒေသတို့တွင် လျှပ်စစ်မီးလင်းခြင်း

         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ပြည်သူ့အတွက် ရက်(၁၀၀)စီမံချက်အရ ရက် (၄၀)ကျော် ကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းအပိုင်းတွင် မော်လမြိုင်စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ လျာထား (၃၀) မဂ္ဂါဝပ်ထဲမှ (၂၀) မဂ္ဂါဝပ်အား ၁-၆-၂၀၁၆ ရက်တွင်လည်းကောင်း၊ မြင်းခြံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ (၁၃၀) မဂ္ဂါဝပ်ကို ၁၅-၆-၂၀၁၆ ရက်တွင် လည်းကောင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်၍ မဟာဓာတ်အားစနစ်သို့ ပို့လွှတ်နေပြီဖြစ်ပါသည်။

Published: Jun 14 Posted Under: Ministry News

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းများ စစ်ဆေးသည့်သတင်း

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း သည် ၁၁-၆-၂၀၁၆ ရက်နေ့ နံနက်တွင် ရန်ကင်းမြို့နယ်၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောစွမ်းအင်ဝန်ကြီး ဦးဟန်ထွန်း၊ မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်၊ အများနှင့်သက်ဆိုင်သောကုမ္ပဏီ ဥက္ကဋ္ဌ၊ မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့် ရက်(၁၀၀)စီမံချက် အတွင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၏ BRT ယာဉ်(၆၅)စီးကို CNG ဖြန့်ဖြူးပြီးစီးရေး ညှိနှိုင်း ဆွေးနွေးခဲ့သည်။

Published: Jun 08 Posted Under: Ministry News

တိုင်းဒေသကြီး / ပြည်နယ်များ၌ လျှပ်စစ်ဓာတ်အား ထုတ်လုပ် / ဖြန့်ဖြူးမှုအခြေအနေများ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ်များ၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း တိုင်းဒေသကြီး/ ပြည်နယ်များ၌ လျှပ်စစ်ဓာတ်အားထုတ်လုပ် / ဖြန့်ဖြူးမှုအခြေအနေများ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီတွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Published: Jun 06 Posted Under: Ministry News

ဓာတ်အားပြတ်တောက်မှုနှင့် ပတ်သက်၍ (ဓာတ်အားစနစ် ပြတ်တောက်မှု - System Break အဆက်)

          ဓာတ်အားစနစ် ဓာတ်အားပြတ်တောက်မှု (System Break) ဖြစ်ရခြင်း အကြောင်း……… မြန်မာနိုင်ငံ ဓာတ်အားစနစ်၏ အားနည်းချက်များ ပြုပြင်ရန် အချက်များကို ၂၀၁၆ ခုနှစ် မေလ ၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့ရာ….. တိုက်တိုက်ဆိုင်ဆိုင်ပင် ၎င်းနေ့ညနေပိုင်းတွင်... ဓာတ်အားစနစ် ဓာတ်အားပြတ်တောက်မှု( System Break) ဖြစ်ရပြန်ပါသည်…..

Published: Jun 03 Posted Under: Ministry News

ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်မှုများ

           မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်မတိုင်မီကာလက ဓာတ်အားထုတ်လုပ်မှုသည် ၁၆၉၀ မဂ္ဂါဝပ်ရှိပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှု ရာခိုင်နှုန်းမှာ ၁၂% သာရှိပြီး ဓာတ်အား လုံလောက်မှုမရှိခြင်းကြောင့် မြို့၊ ကျေးရွာများ ဓာတ်အားတိုးချဲ့ပေးနိုင်မှု တိုးတက်မှု နည်းခဲ့ပါသည်။ ၂၀၁၆ ခုနှစ် နောက်ပိုင်းတွင် ရေအားလျှပ်စစ်စက်များဖြစ်သည့် ရွှေလီ၊ ရဲရွာ စက်ရုံများ လည်ပတ်ပြီးနောက် နိုင်ငံတော်အနေဖြင့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ လျှပ်စစ်ဓာတ်အားတိုးချဲ့ဖြန့်ဖြူးပေးနိုင်ရေးအတွက် အခြေခံကျသော ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများကို ဦးစွာတည်ဆောက်ရပါသည်။

Pages

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services