Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

Published: Feb 19 Posted Under: Ministry News

ဘောကထ ရေအားလျှပ်စစ်စီမံကိန်းအား B.O.T စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ရေးထိုး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ဘောကထချောင်းပေါ်တွင် တည်ဆောက်မည့် ဘောကထရေအား လျှပ်စစ်စီမံကိန်းအားB.O.T စနစ် ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် သူးလေကုမ္ပဏီလီမိတက်တို့အကြား နားလည်မှုစာချွန်လွှာ(MOU)လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့(၁၀:၃၀)နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Published: Feb 04 Posted Under: Ministry News

ရန်ကုန်တိုင်းဒေသကြီး သီလဝါအထူးစီးပွားရေးဇုန်၌ သဘာ၀ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ​ပြည်​ထောင်​စု​ဝန်​ကြီး ​ဦး​ခင်​မောင်​စိုး ​သည် ​ယ​မန်​နေ့ ​နံ​နက် ၉ ​နာ​ရီ​က ​ရန်​ကုန်​တိုင်း​ဒေ​သ​ကြီး ​သီ​လ​ဝါ​အ​ထူး​စီး​ပွား​ရေး​ဇုန်​ရှိ ​မ​ဂ္ဂါ​ဝပ် ၅​ဝ ​သ​ဘာ​ဝ​ဓာတ်​ငွေ့​သုံး ​ဓာတ်​အား​ပေး ​စက်​ရုံ​တည်​ဆောက်​ရေး ​စီ​မံ​ကိန်း ​လုပ်​ငန်း​ဆောင်​ရွက်​ပြီး​စီး​မှု ​အ​ခြေ​အ​နေ​များ​ကို ​လာ​ရောက်​ကြည့်​ရှု ​စစ်​ဆေး​သည်။

Published: Feb 04 Posted Under: Ministry News

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းတောင် ဓာတ်အားခွဲရုံနှင့် ငပြေမဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ရှိ ၆၆ / ၃၃ / ၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ငရုတ်ကောင်းတောင် ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် အဆိုပါ ဓာတ်အားခွဲရုံနေရာ၌ ကျင်းပသည်။ အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦး၊ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစောမြသိန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ငရုတ်ကောင်းတောင်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးတို့က ဓာတ်အားခွဲရုံ မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

Published: Feb 04 Posted Under: Ministry News

ယခု ၂၃၀ ကေဗွီ ပုသိမ်(ကန်ကြီးထောင့်)ပင်မဓာတ်အားခွဲရုံ တည်ဆောက်နိုင်ခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၇၃၉ ရွာဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီ

       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးအုန်းမြင့်၊ ဦးရဲထွဋ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဗိုလ်ချုပ် အောင်ကျော်ဇော၊ ဒုတိယဝန်ကြီး ဦးခင်ဇော်နှင့် တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တပ်မတော်အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့သို့ရောက်ရှိကြရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တေဇကျော်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

Published: Feb 03 Posted Under: Ministry News

လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြရာဝယ်

              အငြိမ်းစားဘဝ အလုပ်ဌာနတွင် နှစ်ရှည်လများ လုပ်ကိုင်နေထိုင်မှု သံယောဇဉ်ကား မသေးလှပါ....လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် ၃၅ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ညွှန်ကြားရေးမှူး ရာထူးဖြင့် ၂၀၀၉ ခုနှစ်တွင် သက်ပြည့် အငြိမ်းစား ယူခဲ့ပါသည်....အငြိမ်းစားဘဝ အလုပ်သံယောဇဉ်၏ ချည်နှောင်မှုမှ ရုန်းမထွက်နိုင်.... တီဗွီ...ရေဒီယို....သတင်းစာ...ဂျာနယ်များတွင် လျှပ်စစ်ဌာနနှင့် ပတ်သက်ရာများ ပါရှိပါက ဂရုတစိုက် နားထောင် ဖတ်ရှုမိ၏...... ယခုတစ်လော......

Published: Feb 02 Posted Under: Ministry News

မီတာ ထိန်းသိမ်းစောင့်ရှောက်ခ(သို့မဟုတ်)ဝန်ဆောင်ခ

 လျှပ်စစ်မီတာများ လစဉ် ထိန်းသိမ်းစောင့်ရှောက်ခ ကောက်ခံမှုနှင့် ပတ်သက်၍ မလိုအပ်ဘဲ ပေးဆောင်နေရကြောင်း၊ အိမ်သုံးမီတာ တစ်လုံးတွင် တစ်လ ၁၀၀ဝိ/- ကျပ် ပေးနေရမှုနှင့် ပတ်သက်၍ ပြောဆိုနေမှုများရှိပါသည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုသည် ၁၉၅၁ ခုနှစ် ရန်ကုန်မြို့ မီးစတင် ပေးစကပင် စတင်ခဲ့ပါသည်။ လျှပ်စစ်မီတာသည် ရောင်းချခြင်း မဟုတ်ဘဲ ငှားရမ်းပေးသည့် သဘောဖြစ်သည့်အတွက် နိုင်ငံတကာတွင် Rent Fee အနေဖြင့် ကောက်ခံ ခဲ့ကြပါသည်။ အိမ်ရှင် အမည်ပေါက်ပေးပြီး နေရာပြောင်းခြင်း၊ ရောင်းချခြင်း ဆောင်ရွက်၍ မရပါ။ နိုင်ငံတကာတွင် ဓာတ်အားတစ်ယူနစ်အတွက် ကုန်ကျငွေ နှင့် ကိုက်ညီအောင် ရောင်းချလျက်ရှိသော နိုင်ငံများ၌ပင် မီတာ တစ်လုံးအတွက် လစဉ် ပုံသေ ပေးဆောင်ရသည့် Rent Fee ကို ကောက်ခံ ပေးလေ့ရှိပါသည်။

Published: Feb 02 Posted Under: Ministry News

ဓာတ်အားခ နှုန်းထား ပြင်ဆင်ကောက်ခံခြင်းနှင့် ပတ်သက်၍

         ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဓာတ်အားသုံးစွဲမှုမှစ၍ ပြုပြင်ကောက်ခံမည့်ဓာတ်အားခ စနစ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသုံးပြုသော အလွှာစနစ်ဖြင့် ကောက်ခံခြင်း ဖြစ်ပါသည်။အခြေခံ သုံးစွဲသူများနှင့် အသေးစား စက်မှုလုပ်ငန်းရှင်များ အတွက် သက်သာမှု ရှိအောင် ဆောင်ရွက် ပေးထားပါ သည်။ အစိုးရဌာနများအတွက် ရုံးသုံးမီတာ တစ်ယူနစ် ၅၀ ကျပ်၊ စက်မှုသုံး တစ်ယူနစ် ၁၀၀ ကျပ်၊ အများပြည်သူတို့အတွက် အိမ်သုံးမီတာ ၁၀၀ ယူနစ်အထိကို တစ်ယူနစ် ၃၅ ကျပ်၊ ၁၀၀ ယူနစ် ကျော်သွားပါက ကျော်လွန်သည့် ယူနစ်များအတွက် တစ်ယူနစ် ၅၀ ကျပ်၊ အများပြည်သူ (စက်မှုသုံး၊ တစ်လုံးတစ်ခဲ တည်းသုံး၊ ယာယီမီး)များအတွက် ၅၀၀၀ ယူနစ်အထိ တစ်ယူနစ်လျှင် ၁၀၀ ကျပ်၊ ၅၀၀၀ ယူနစ်ကျော်သွားပါက ကျော်လွန်သည့် ယူနစ်များ အတွက် တစ်ယူနစ် ၁၅၀ ကျပ် ကောက်ခံသွားမည် ဖြစ်ပါသည်။

Published: Feb 02 Posted Under: Ministry News

လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု

 နိုင်ငံတကာတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ လူနေမှု ဘဝ ဖွံ့ဖြိုးတိုးတက်မှုတွင် လျှပ်စစ်ကဏ္ဍသည် အဓိက အရေးပါသော အချက်တစ်ချက် အဖြစ်ပါဝင်နေပါသည်။ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုကို ပြည်သူများ၏ သုံးစွဲမှု လိုအပ်ချက် ဖြည့်ဆည်းပေးရေး၊ အခြေခံအားဖြင့် ဒုတိယအဆင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေး နှင့် တတိယအဆင့် အနေဖြင့် ပိုမို ထုတ်လုပ်သော လျှပ်စစ် ဓာတ်အားကို ပြည်ပနိုင်ငံများသို့ ဆက်သွယ်ရောင်းချသော လျှပ်စစ်ကုန်သွယ်မှုအဆင့် ဖြစ်ပါသည်။ စွမ်းအင် အရင်းအမြစ် ပေါများပြီး ရင်းနှီးမြှုပ်နှံမှု ကောင်းသော နိုင်ငံများသည် တတိယအဆင့် လျှပ်စစ်ကုန်သွယ်မှုကို ဆောင်ရွက်လျက်ရှိကြပါသည်။

Published: Feb 01 Posted Under: Ministry News

လျှပ်စစ်ဓာတ်အားသုံးစွဲသူ နှင့်စည်းကမ်းလိုက်နာမှု

 လူ့အဖွဲ့အစည်း ရပ်တည်နိုင်မှု၊ လူတစ်ဦး၏ ဘဝတစ်လျှောက် ရပ်တည်နိုင်မှုများသည် စည်းကမ်း သတ်မှတ်ချက်များအတွင်း လိုက်နာဆောင်ရွက်ကြမှသာ ဘေးရန်ကင်းကွာစွာဖြင့် ရပ်တည်နိုင်ကြမည် ဖြစ်ပါသည်။ စည်းကမ်း သတ်မှတ်ချက်များတွင် နိုင်ငံသားတစ်ယောက် လိုက်နာရန်၊ ရပ်ကွက်အတွင်း နေထိုင်သူများ လိုက်နာရန်၊ မိသားစုအတွင်း လိုက်နာရန်၊ ယာဉ်မောင်းသူများ လိုက်နာရန်၊ ကျောင်းသား/ ကျောင်းသူများ လိုက်နာရန်၊ ဝန်ထမ်းများ လိုက်နာရန် စသည်ဖြင့်သတ်မှတ်ထုတ်ပြန် ထားကြပါသည်။ စည်းကမ်းချက်များ သတ်မှတ်ခြင်းသည် လုပ်ငန်းပိုင်ဆိုင်ရာ ထိန်းသိမ်းမှု လိုအပ်ချက်နှင့်သက်ဆိုင်သူများ အန္တရာယ်ကင်းစေရန် အချက်များလည်း ပါဝင်ပါသည်။

Published: Feb 01 Posted Under: Ministry News

မိုးသက်လေပြင်းနှင့်အတူ

မိုးဦးအကြိုကာလ နှင့် မိုးနှောင်းကာလများတွင် လေပြင်းတိုက်ခတ်မှု၊ လေပွေ၊ လေဆင်နှာမောင်း များ ဖြစ်ပေါ်မှု နှင့်အတူ မြန်မာပြည် အနှံ့အပြား၌ အဆောက်အဦများ ပျက်စီးမှု၊ သစ်ပင်သစ်ကိုင်းများ ပြိုလဲမှုများ ဖြစ်ပေါ်လေ့ရှိပါသည်။ အဆိုပါ ပျက်စီးမှုများတွင် ဓာတ်အားလိုင်းတိုင်များ ပျက်စီးမှုများသည် ပါဝင်လျက်ရှိပါသည်။ သဘာဝဘေးဒဏ်ကြောင့် ဓာတ်အားလိုင်းတိုင်များ ပျက်စီးမှုသည် နိုင်ငံတိုင်း ကြုံတွေ့ရပေသည်။ အထူးသဖြင့် မြန်မာပြည် မြို့တွင်း ဓာတ်အားဖြန့်ဖြူးရေး ဓာတ်အားလိုင်းများသည် သစ်ပင်ပေါများသော လမ်းများပေါ်တွင် စိုက်ထူထားရခြင်းကြောင့် သစ်ပင်သစ်ကိုင်းများ လဲပြိုရာတွင် ဓာတ်အားလိုင်းကြိုးပေါ်ပိရာမှ ဓာတ်အားလိုင်းများ ပြိုလဲမှု၊ ပျက်စီးမှုများ ဖြစ်ပေါ်ပါသည်။ ဗို့အားမြင့် တာဝါတိုင်များသည်လည်း လေပွေ၊ လေဆင်နှာမောင်းများ တိုက်ခတ်သည့်အခါ ယိုင်လဲ၊ ကျိုးကျမှုများ လည်း ဖြစ်တတ်ပေသည်။

Pages

Video News

Ministry News, Video News

Date: Mar 04

 
e-Billing
e-Service
letter to the Ministry Office
e-Government
Download application form
Services