MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ ရရှိရေး ကြည့်ရှုစစ်ဆေး (၂၂.၁၀.၂၀၁၇)

 ပဲခူးခရိုင် သနပ်ပင်မြို့၊ ကဝမြို့၊ အင်းတကော်မြို့နှင့် ပဲခူးမြို့များအတွင်းရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံများသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် (၂၂.၁၀.၂၀၁၇) ရက်နေ့တွင် တာဝန်ရှိသူများ လိုက်ပါလျက် အဆိုပါ ဓာတ်အားခွဲရုံများ၏ လက်ရှိ ဝန်အားနိုင်နင်းမှုအခြေအနေ၊ ဗို့အားအဝင်အထွက် အခြေအနေများနှင့် ဓာတ်အားခွဲရုံများတွင် ဗို့အား ကျဆင်းမှုမရှိစေရေးအတွက် Voltage Tapping ​ပြောင်းလဲဆောင်ရွက်ပေးခြင်းများအား ထိန်းညှိ ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက်တွင် ဒုတိယဝန်ကြီးသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းလက်အောက်ရှိ ဖြူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်၍ ဓာတ်အားပေးစက်ရုံ မီးလောင်မှု ဖြစ်စဉ်ကြောင့် ပျက်စီးမှုများ၊ ရှင်းလင်းပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း၊ စက်ရုံဝန်ထမ်းမိသားစုများအား စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းနှင့် စက်ရုံအား အမြန်ဆုံး ပြုပြင်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

Post under by : Ministry Office
26-Dec-2017