MINISTRY OF ELECTRIC POWER

Breaking News :

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် နှင့် ရမည်းသင်းခရိုင်အတွင်းပြည်သူများ လျှပ်စစ်ဓာတ်အားကောင်းမွန်စွာသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် စစ်ဆေးသည့်သတင်း

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်အတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေး၊ ဗို့အားကျဆင်းမှုမရှိစေရေးနှင့် ဓာတ်အား ပျောက်ဆုံးမှု လျော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ဥက္ကဋ္ဌ ဦးသောင်းဟန်၊ အမှုဆောင်အရာရှိချုပ် ဦးသိန်းလှိုင် နှင့် တာဝန်ရှိသူများလိုက်ပါလျက် (၁၈.၁၀.၂၀၁၇) ရက်နေ့တွင် ၃၃ကေဗွီ ခွဲရုံများသို့ ရောက်ရှိစစ်ဆေးခဲ့ပါသည်။

          အဆိုပါခွဲရုံများမှ ၃၃ကေဗွီ၊ ၁၁ကေဗွီ ဓာတ်အားလိုင်းများဖြင့် ဓာတ်အားဖြန့်ဖြူးထား ရှိသည့် မိတ္ထီလာခရိုင်အတွင်းရှိ ဝမ်းတွင်းမြို့နှင့် သာစည်မြို့ပေါ်ရပ်ကွက် (၁၃) ခု၊ ကျေးရွာ ၁၁၈ ရွာ၊ ရမည်းသင်းခရိုင်အတွင်းရှိ ပျော်ဘွယ်မြို့ပေါ်ရပ်ကွက် (၉)ခု၊  ကျေးရွာ ၃၁၇ ရွာ တို့တွင် လက်ရှိဗို့အားအခြေအနေများအား စစ်ဆေးပြီး ၃၃ကေဗွီ ဝမ်းတွင်းခွဲရုံ၊ သာစည်ခွဲရုံနှင့် ပျော်ဘွယ်ခွဲရုံတွင် ဗို့အားအတက်အကျဖြစ်ပွားနေမှုများကို ထိန်းညှိဆောင်ရွက်ခြင်းများအား စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

Post under by : Ministry Office
20-Dec-2017