The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိရေး၊ ဗို့အားတည်ငြိမ်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သွားရောက်စစ်ဆေး

 ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိရေး၊ ဗို့အားတည်ငြိမ်ရေးနှင့် ဓာတ်အား ပျောက်ဆုံးမှု လျှော့ချနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိမ်းသူရ၊ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် (၂၀.၁၀.၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ရေနီခွဲရုံ၊ ၂၃၀/၃၃/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ သဲဖြူခွဲရုံ၊ ၃၃/၁၁ ကေဗွီ ၂ အမ်ဗွီအေ  ဆွာခွဲရုံ၊ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ရေတာရှည်ခွဲရုံ၊ ၃၃/၁၁ ကေဗွီ ၁၀  အမ်ဗွီအေ တောင်ငူ (ရခိုင်စု) ခွဲရုံ ၊  ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ထန်းတပင်ခွဲရုံနှင့် ၂၃၀/၃၃/၁၁ ကေဗွီ ၆၀ အမ်ဗွီအေ ဟင်းငုတ်ပင်ခွဲရုံများသို့ ရောက်ရှိ ခဲ့ပါသည်။

          အဆိုပါ ခွဲရုံများတွင် လက်ရှိ ၃၃ ကေဗွီ ၊ ၁၁ ကေဗွီ ဓာတ်အားလိုင်းများဖြင့် ပြည်သူလူထုအား ဓာတ်အားပေးလျက်ရှိသည့် အခြေအနေများအား စစ်ဆေး၍ ပြည်သူများ ဗို့အားတည်ငြိမ်ပြည့်ဝစွာ အသုံးပြုနိုင်ရေးအတွက် ဗို့အားအတက်အကျ ဖြစ်ပွားနေမှုများအား ထိန်းညှိဆောင်ရွက်ခြင်းများကို စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

Post under by : Ministry Office
20-Dec-2017