သာကေတဓာတ်အားပေးစက်(၃)လုံးအဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း (နိုင်ငံပိုင်)
| စီမံကိန်းတည်နေရာ | - |
ရန်ကုန်တိုင်းဒေသကြီး၊သာကေတဓာတ်အားပေးစက်ရုံဝန်းအတွင်း
|
| ဆောင်ရွက်မည့်အဖွဲ့အစည်း | - |
Marubeni Power & Infrastructure Systems Corporation
|
| စီမံကိန်းဆောင်ရွက်မှုပုံစံ | - |
နိုင်ငံပိုင်
ဂျပန်နိုင်ငံ JICA ချေးငွေအမှတ် MY-P2 အောက်မှ ကျခံဆောင်ရွက် သည့် သာကေတဓာတ်အားပေးစက်ရုံရှိ သဘာဝဓာတ်ငွေ့သုံးဓာတ် အားပေးစက် (၃)လုံး အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းအတွက် Marubeni Power Systems Corporation နှင့် (၃၁.၁၀.၂၀၁၇) ရက်နေ့တွင် လုပ်ငန်းအပ်နှံမှုစာချုပ်အား လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ ပါသည်။
|
| စက်အမျိုးအစား | - |
သဘာဝဓာတ်ငွေ့သုံးတာဘိုင်စက် (Frame 5, Mark- II)
|
| တပ်ဆင်အင်အား | - |
ဓာတ်ငွေ့တာဘိုင်စက် ( ၃လုံး × ၁၉မဂ္ဂါဝပ် )
|
| ပြပြင်ပြီးထုတ်လုပ်ဓာတ်အား | - |
၂၁.၈မဂ္ဂါဝပ် × ၃ လုံး
|
| သဘာဝဓာတ်ငွေ့သုံးစွဲမှု | - |
၂၇ကုဗပေသန်း
|
| စီမံကိန်းအကြံပေးအဖွဲ့များ | - |
Joint Venture Between Tokyo Electric Power ServicesCo.,Ltd& Oriental Consultants Co.,Ltd
|
| လက်ရှိအခြေအနေ | - |
ဓာတ်အားပေးစက်များအား ပြုပြင်ခြင်းနှင့် ပြည်ပမှ ပစ္စည်းများမှာယူ တင်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။အမှတ်(၂)ဓာတ်ငွေ့တာဘိုင်စက်အား ပြုပြင်ပြီးစီး၍ ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်မောင်းနှင်လျက်ရှိပါသည်။ဆက်လက်၍ အမှတ်(၃)နှင့်အမှတ်(၁) ဓာတ်ငွေ့တာဘိုင်စက်အား အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက် လျက်ရှိပါသည်။
|
အလုံ၊ လှော်ကား၊ ရွာမနှင့်သာကေတဓာတ်အားခွဲရုံများအဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်း
| စီမံကိန်းတည်နေရာ | - |
ရန်ကုန်တိုင်းဒေသကြီး
|
| ဆောင်ရွက်မည့်အဖွဲ့အစည်း | - |
Mitsubishi Corporation
|
| စီမံကိန်းဆောင်ရွက်မှုပုံစံ | - |
ဂျပန်နိုင်ငံ JICA ချေးငွေအမှတ် MY-P2 အောက်မှကျခံဆောင်ရွက်သည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဓာတ်အားခွဲရုံများ (အလုံ၊ လှော်ကား၊ ရွာမ၊ သာကေတ) အဆင့်မြင့်တင်ပြုပြင်ခြင်းလုပ်ငန်း အတွက် Mitsubishi Corporation နှင့် (၂၉.၅.၂၀၁၈) ရက်နေ့တွင် လုပ်ငန်းအပ်နှံမှုစာချုပ်အား လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ပါသည်။
|
| စီမံကိန်းအကြံပေးအဖွဲ့များ | - |
Joint Venture Between Tokyo Electric Power Services Co.,Ltd& Oriental Consultants Co.,Ltd
|
| လက်ရှိအခြေအနေ | - |
ယခုအခါ Design Review လုပ်ငန်းများ၊ ပြည်ပမှ ပစ္စည်းမှာယူတင်သွင်းခြင်းလုပ်ငန်းများနှင့် ဓာတ်အားခွဲရုံ အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ လှော်ကား ဓာတ်အားခွဲရုံအား အဆင့်မြှင့်တင်ပြီးစီး၍ ကျန်ဓာတ်အားခွဲရုံ(၃)ရုံအား အဆင့်မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိပါသည်။
|
လှော်ကားဓာတ်အားပေးစက်ရုံရှိဓာတ်အားပေးစက်များအားပြုပြင်ခြင်းလုပ်ငန်း
| စီမံကိန်းတည်နေရာ | - |
ရန်ကုန်တိုင်းဒေသကြီး၊ လှော်ဓာတ်အားပေးစက်ရုံဝန်းအတွင်း
|
| ဆောင်ရွက်မည့်အဖွဲ့အစည်း | - |
Golden Green Energy Co.,Ltd (GGE)
|
| စီမံကိန်းဆောင်ရွက်မှုပုံစံ | - |
ပုဂ္ဂလိကပိုင် လှော်ကားဓာတ်အားပေးစက်များအားစက်စွမ်းအားပြည့်မောင်းနှင် ဓာတ်အားထုတ်လုပ်နိုင်ရေး Rehabilitation, Operation, Maintenance and Management (ROMM) စနစ်ဖြင့် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် Golden Green Energy Co.,Ltd (GGE)ဖြင့် (၃၀.၁၁.၁၈) ရက်နေ့တွင် လက်မှတ်ရေးထိုးချုပ်ဆို ခဲ့ပါသည်။
|
| စက်အမျိုးအစား | - |
သဘာဝဓာတ်ငွေ့သုံးတာဘိုင်စက် (Frame 6, Mark- V) ရေနွေးငွေ့သုံးတာဘိုင်စက် (V63, CS-3000)
|
| လက်ရှိထုတ်လုပ်ဓာတ်အား | - |
၇၀ မဂ္ဂါဝပ်ခန့်
|
| ပြပြင်ပြီးထုတ်လုပ်ဓာတ်အား | - |
၈၄ မဂ္ဂါဝပ်ခန့်
|
| သဘာဝဓာတ်ငွေ့သုံးစွဲမှု | - |
၂၆ကုဗပေသန်း
|
| လက်ရှိအခြေအနေ | - |
ယခုအခါ စီမံကိန်းမှာ ရပ်တန့်လျက်ရှိသည့်အတွက် စီမံကိန်း လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး သက်ဆိုင်ရာ ကုမ္ပဏီဖြင့် ဆွေးနွေးလျက်ရှိပါသည်။ |
ရွာမ ၃၀၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်း
တည်နေရာ - ရန်ကုန်တိုင်းဒေသကြီး၊ ရွာမ ဓာတ်အားပေးစက်ရုံဝန်းအတွင်း
ဆောင်ရွက်မည့်အဖွဲ့အစည်း -
စီမံကိန်းဆောင်ရွက်မှုပုံစံ - နိုင်ငံပိုင်
(ကမ္ဘာ့ဘဏ်ချေးငွေအောက်မှ ကျခံ၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။)
တပ်ဆင်အင်အား - ၃၀၀ မဂ္ဂါဝပ်
လက်ရှိအခြေအနေ - ကမ္ဘာ့ဘဏ်မှ ချေးငွေ SDR 254.9 သန်းပေးအပ်သည့် Loan Agreement စာချုပ်ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန နှင့် ကမ္ဘာ့ ဘဏ် တို့အကြား (၃.၇.၂၀၂၀) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါသည်။
- စီမံကိန်းအတွက် Contractor ငှားရမ်းနိုင်ရေး အကြိုတင်ဒါ (Prequalification Tender (PQ)) အား (၁၁.၆.၂၀၂၀) ရက်နေ့ တွင် ခေါ်ယူခဲ့ပြီး (၂၀.၈.၂၀၂၀) ရက်နေ့တွင် တင်ဒါ လက်ခံ ပိတ်သိမ်းခဲ့ပါသည်။ ယခုအခါ တင်ဒါ စိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။
- Owner's Engineer ငှားရမ်းနိုင်ရေး အတွက် Request for Expression of Interest (REOI) ကို (၁၇.၇.၂၀၂၀) ရက်နေ့တွင် ခေါ်ယူခဲ့ပြီး (၁၇.၈.၂၀၂၀) ရက်နေ့တွင် လက်ခံပိတ်သိမ်းခဲ့ပါသည်။ ယခုအခါ EOI တင်ဒါ အောင်မြင် သော Short listed Consultant များသို့ Request for Proposal (RFP) ပေးပို့ထားပြီး ဖြစ်ပါသည်။
- ကမ္ဘာ့ဘဏ်မှ ငွေပေးချေမှုလုပ်ငန်းများ ရပ်ဆိုင်းခဲ့သည့် အတွက် စီမံကိန်းလုပ်ငန်းများ ရပ်ဆိုင်းလျက်ရှိပါသည်။